မျိုးဆက်သစ် Samsung ခေါက်စမတ်ဖုန်းမှာ အလွန်ပါးလွှာတဲ့မျက်နှာပြင် ပါဝင်လာနိုင်

ကောလာဟလတွေ ထွက်ပေါ်နေတဲ့ Samsung ခေါက်စမတ်ဖုန်းအမည်က Galaxy Z Flip ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Samsung ခေါက်စမတ်ဖုန်းအသစ်ဟာ Motorola Razr နဲ့ဆင်ပြီး မှန်ထည်မျက်နှာပြင်ကို အသုံးပြုထားဖွယ်ရှိပါတယ်။ Samsung ခေါက်စမတ်ဖုန်းသစ်ရဲ့ မှန်ထည်မျက်နှာပြင်နဲ့ ပတ်သက်ပြီး XDA Developers က မက်စ်ဝဲဘတ်ချ်ဆိုသူက ဖော်ပြခဲ့ပါတယ်။

ဖုန်းရဲ့ OLED မျက်နှာပြင်မှာ Samsung Ultra Thin Glass ကိုအသုံးပြုမယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းတွေ အဦးဆုံးဖော်ပြတတ်တဲ့ Ice Universe ကလည်း ဖုန်းမှာ အလွန်ပါးလွှာတဲ့ မှန်ထည်အသုံးပြုမယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့လက ဥရောပအတွင်း Samsung Ultra Thin Glass အမည်နဲ့ ကုန်အမှတ်တံဆိပ်ကို Samsung လျှောက်ထားခဲ့ပါတယ်။ ဒါ့အပြင် Samsung ခေါက်စမတ်ဖုန်းသစ် ဓာတ်ပုံတွေလည်း တရုတ်လူမှုရေးမီဒီယာတစ်လျှောက် ပျံ့နှံ့နေပါတယ်။

ပုံထဲက မျက်နှာပြင်အသေးလေးက ဖုန်းဘက်ထရီကို ဖော်ပြပေးပြီး အားသွင်းမြန်ဆန်မှု အခြေအနေနဲ့ ကင်မရာ viefinder အဖြစ်လည်း အသုံးချနိုင်ပါတယ်။ အဲဒီမျက်နှာပြင်အရွယ်အစားက ၁ လက်မပဲ ရှိပါတယ်။

စိုးထက်
Ref: TheVerge