မျိုးဆက်သစ် MicroLED ရုပ်ထွက်အရည်အသွေးနဲ့ ၁၁၀ လက်မ 4K တီဗီကို Samsung မိတ်ဆက်

Samsung ဟာ MicroLED နည်းပညာ အသုံးပြုထားတဲ့ The Wall အမည်ရ ခေတ်ရှေ့ပြေးတီဗီကို မိတ်ဆက်ဖူးပါတယ်။

MicroLED နည်းပညာက OLED ထက် များစွာ အားသာချက်ရှိပါတယ်။ အခုဆိုရင်လည်း Samsung ဟာ လက်မ ၁၁၀ ရှိ MicroLED TV ကိုမိတ်ဆက်ခဲ့ပြီး တောင်ကိုရီးယားမှာ ကြိုတင်ရောင်းချနေကာ ၂၀၂၁ ပထမဆုံး သုံးလပတ်အတွင်း တစ်ကမ္ဘာလုံး ဖြန့်ချိပါမယ်။

ဈေးနှုန်းကိုတော့ Samsung ကမကြေညာခဲ့ပါဘူး။ ကုမ္ပဏီရဲ့ အခြား 4K နဲ့ 8K တီဗီတွေထက် အတော်အတန်ဈေးကြီးဖွယ် ရှိပါတယ်။ တီဗီမှာ screen-to-body အချိုးက ၉၉.၉၉ ရာခိုင်နှုန်း ပါဝင်လာပါတယ်။ စပီကာ မလိုဘဲ ရင်သပ်ရှုမောဖွယ် 5.1 ချန်နယ်အသံကို ထုတ်နိုင်ပါတယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««