မျိုးဆက်သစ် iPhone မှာ အားသွင်းကြိုး မပါဝင်နိုင်

Apple ဟာ အနာဂတ် iPhone တွေမှာ အားသွင်းကြိုး ထည့်ပေးဖွယ်မရှိပါဘူး။ iPhone 12 ထွက်ရှိတဲ့အချိန်မှာ ဖုန်းပိုင်သူတွေကို ပါဝင်တဲ့ USB-C ပါဝါကြိုး အသုံးပြုလား ဆိုတဲ့ စစ်တမ်း ပြုလုပ်ခဲ့တယ်။

၂၀၂၀ အစောပိုင်းမှာလည်း Apple က အလားတူ သုံးစွဲသူစစ်တမ်း ပြုလုပ်ခဲ့ပါသေးတယ်။ Apple ဟာ အောက်တိုဘာလက စတင်ပြီး ဘောက်ထဲက charger နဲ့ EarPod တွေဖယ်ရှားခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်အပေါ် Apple ထုတ်ကုန်သက်ရောက်မှုကို လျှော့ချဖို့ လုပ်ဆောင်ခဲ့တယ်လို့ အကြောင်းပြခဲ့ပါတယ်။

iPhone 12 ဝယ်ယူသူတွေက ပါဝါကြိုး၊ ဆင်းမ်ကတ်ထုတ်တဲ့ tool နဲ့ Apple စတစ်ကာတွေကို သုံးသလား ဆိုတဲ့ စစ်တမ်းကို လက်ခံရခဲ့တယ်လို့ 9to5Mac ကဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: AppleInsider

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««