မျက်နှာပြင် ၄.၇လက်မ iPhone SE ထုတ်ကုန် Apple Store မှာထွက်ပေါ်

Apple ရဲ့အသစ်ထွက်ရှိမယ့် ၄.၇ လက်မ iPhone ဟာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး iPhone SE လို့ခေါ်ဆိုမယ်လို့ သိရပါတယ်။

Apple Store ပေါ်မှာ ရောင်းချနေတဲ့ Belkin screen protector ဟာ iPhone SE အပြင် iPhone 8 နဲ့ iPhone 7 အတွက်လို့ စာရင်းသွင်းထားပါတယ်။

ဒီနှစ်မှာ မိတ်ဆက်မယ့် iPhone SE ကို အဖြူ၊ အနက်နဲ့ အနီတို့နဲ့ storage 64GB, 128GB နဲ့ 256GB မော်ဒယ်တွေ ထုတ်လုပ်မယ်လို့ 9to5Mac ကဖော်ပြခဲ့ပါတယ်။ iPhone SE မှာ A13 ပရိုဆက်ဆာ ပါဝင်ပေမယ့် ဈေးနှုန်းကတော့ မသိသေးပါဘူး။

Belkin ရဲ့ screen protector ကို ဒေါ်လာ ၃၉.၉၅ နဲ့ရောင်းချနေပါတယ်။

အဲဒီထုတ်ကုန်ကို မျက်နှာပြင် ၅.၅ လက်မ ရှိတဲ့ iPhone အတွက်လည်း ထုတ်လုပ်ထားပေမယ့် iPhone 7 Plus နဲ့ 8 Plus တို့အတွက်ပဲ ရည်ညွှန်းထားပါတယ်။

စိုးထက်
Ref: TheVerge