မျက်နှာပြင် လိပ်ထားလို့ရတဲ့ concept စမတ်ဖုန်း OPPO မိတ်ဆက်

OPPO ဟာ စမတ်ဖုန်း ဒီဇိုင်းအသစ်တွေ မိတ်ဆက်နေတာ ကြာပါပြီ။ ၂၀၁၃ ခုနှစ်က OPPO N1 မှာ လှည့်နိုင်တဲ့ ကင်မရာ ပါဝင်ပြီး ၂၀၁၈ မှာတော့ Find X ဖုန်းမှာ notch ဖယ်ပြီး slide-out ကင်မရာကို ထည့်သွင်းလိုက်ပါတယ်။

အခုအခါမှာလည်း OPPO X 2021 မျက်နှာပြင် လိပ်ထားနိုင်တဲ့ concept ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။

ဖုန်းရဲ့ အဓိက လုပ်ဆောင်ချက်က display အရွယ်အစားကို ၆.၇ လက်မ နဲ့ ၇.၄ လက်အကြား ပြောင်းလဲနိုင်တာ ဖြစ်ပါတယ်။ OPPO က ဖုန်းရဲ့ aspect ratio ချိန်ညှိပုံကို ဗီဒီယိုမှာ ပြထားပါတယ်။

ဖုန်းရဲ့ အခြေခံပုံစံ ၆.၇ လက်မ ဖြစ်ပြီး Warp Track ပါဝင်တဲ့ OLED panel ကတော့ မာကျောတဲ့ မျက်နှာပြင်ဖြစ်ကာ အထူကလည်း ၀.၁ မီလီမီတာပဲ ရှိပါတယ်။

OPPO X 2021 မှာပါဝင်တဲ့ မျက်နှာခေါက်မော်တာ ၂ လုံးကြောင့် မျက်နှာပြင်ခေါက်ရာ မပေါ်ဘဲ လိပ်ထားလို့ ရပါတယ်။ မော်တာတွေက ၂ ဖက်စလုံးကနေ အညီအမျှ ထုတ်နိုင် ဖြန့်နိုင်ပါတယ်။

OPPO X 2021 မှာတော့ dynamic feature ပါဝင်ပြီး ထိပ်ဘက်မှာ တစ်ခုက လှုပ်ရှားနေကာ နောက်တစ်ခုကတော့ frame အသေဖြစ်ပါတယ်။ 2-in-1 plate ဒီဇိုင်းကြောင့် အပိုင်းအစ တစ်ခုနဲ့တစ်ခုအကြား ဟနေတာ မရှိသလို panel အောက်ဘက်မှ သတ္တုအလွှာက ပြိုလဲတာကိုလည်း တားဆီးပေးပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««