မျက်နှာပြင် နှစ်ဖက်ပါဝင်တဲ့ စမတ်ဖုန်းတွေကို Xiaomi မူပိုင်ခွင့်တင်ထား

WIPO (ကမ္ဘာလုံးဆိုင်ရာဉာဏပစ္စည်းရုံး) က Xiaomi စမတ်ဖုန်း ၂ လုံးရဲ့ မူပိုင်ခွင့်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီမူပိုင်ခွင့်မှာ ထုတ်ကုန် ၂ ခု ပါဝင်ပြီး မျက်နှာပြင် နှစ်ဖက်ပါဝင်တဲ့ စမတ်ဖုန်းတွေမှာ မျက်နှာပြင်တွေကို ပတ်ပြီး ထည့်သွင်းထားပါတယ်။ ပထမဆုံးထုတ်ကုန်က Xiaomi Mi Mix Alpha Concept ဖုန်းနဲ့ ဆင်ပါတယ်။ ကွာခြားချက်ကတော့ Mi Mix Alpha မှာ ဒေါင်လိုက်အနားစွန်းတွေကို မျက်နှာပြင်နဲ့ ဖုံးထားပါတယ်။ ဖုန်းကို ခေါက်လိုက်ရင်တော့ Huawei Mate X နဲ့ဆင်ပါတယ်။

ဒုတိယထုတ်ကုန်ရဲ့ display ကတော့ မျက်နှာပြင်ကို နေရာအမျိုးမျိုးကနေ ဖုံးအုပ်ထားပါတယ်။ ဖုန်းရဲ့ ထိပ်ဘက်အနားစွန်းကို မျက်နှာပြင်နဲ့ ဖုံးအုပ်ထားပါတယ်။ ကျောဘက်မှာ punch hole ထဲထည့်သွင်းထားတဲ့ ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာကိုလည်း selfie ကင်မရာအဖြစ် အသုံးပြုနိုင်အောင် ပြုလုပ်ထားဖွယ်ရှိပါတယ်။

 

မူပိုင်ခွင့်ထဲမှာ ပါဝင်တဲ့ ဖုန်းတွေမှာ ခလုတ်တွေမပါဝင်ပါဘူး။ အခုမူပိုင်ခွင့်က ထုတ်ကုန်ရဲ့ အထွေထွေ သရုပ်ပြသမှုဖြစ်ပြီး ခလုတ်နဲ့ port တွေလိုမျိုး အသေးစိတ်အချက်အလက်တွေကို နောက်ပိုင်းမှ ဖော်ပြဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena