မျက်နှာပြင်အောက်ထဲ webcam ပါဝင်လာမယ့် နည်းပညာကို Samsung Display မိတ်ဆက်

Samsung Display ဟာ laptop အတွက် မျက်နှာပြင်အောက်မှာ ကင်မရာထည့်သွင်းထားတဲ့ နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနည်းပညာကိုတော့ “samsung blade bezel” လို့ ခေါ်တယ်လို့ Weibo မှာရေးသားထားပါတယ်။

အဲဒီနည်းပညာကြောင့် laptop ရဲ့ဘေးဘောင်က ပိုမိုသေးငယ်မယ်လို့ Samsung ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် OLED display တွေကို ပိုမိုပါးလွှာ၊ ပေါ့ပါးအောင် ပြုလုပ်လို့ရပါတယ်။ နည်းပညာအသစ်ကြောင့် webcam ရုပ်ပုံအရည်အသွေးက ပိုမိုကောင်းမွန်ပြီး လူစုလူဝေး ရှောင်ရှားနေရတဲ့ကာလမှာ အလွန်အရေးပါလာပါမယ်။ပြီးခဲ့တဲ့နှစ်က under-display ရှေ့ကင်မရာပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်း ထွက်လာပါတယ်။ အဲဒါကတော့ ZTE Axon 20 5G ဖြစ်ပြီး ကင်မရာအရည်အသွေးကတော့ ညံ့ဖျင်းပါတယ်။

Samsung Display အနေနဲ့ panel အောက်မှာ ကင်မရာထည့်သွင်းမယ့် အစီအစဉ်ကို အရင်ကလည်း ပြုလုပ်ဖူးပါတယ်။ အရင်တုန်းက စမတ်ဖုန်းထုတ်လုပ်သူတွေက ဘေးဘောင်သေးငယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက Samsung Display က အနာဂတ် ဖုန်းဒီဇိုင်းနဲ့ပတ်သက်တဲ့ အခမ်းအနားမှာ under-display ကင်မရာ နည်းပညာကို ပြောခဲ့ဖူးပါတယ်။ နောက်တစ်နှစ်မှာတော့ Samsung အမှုဆောင်တစ်ယောက်က လာမယ့် တစ်နှစ် နှစ်နှစ်အတွင်း စမတ်ဖုန်းမှာ under-display နည်းပညာကို အသုံးပြုနိုင်မယ်လို့ ပြောခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««