မျက်နှာပြင်အရည်အသွေးမြင့်မားတဲ့ nubia Play 5G

nubia ကုမ္ပဏီဟာ Red Magic စီးရီးဖုန်းတွေနဲ့ gaming နယ်နိမိတ်ချဲ့ထွင်နေပါတယ်။ အခုအခါမှာတော့ nubia က အလယ်အလတ်တန်းစားရှိတဲ့ nubia Play ကိုမိတ်ဆက်လိုက်ပါတယ်။ nubia Play 5G ဟာ တရုတ်နိုင်ငံမှာ ပထမဆုံးမိတ်ဆက်တဲ့ Play စီးရီးဖုန်း ဖြစ်လာပါတယ်။ nubia Play 5G မှာ မျက်နှာပြင် ၆.၆၅ လက်မ FHD+ AMOLED display နဲ့အတူ 144Hz refresh rate ပါဝင်လာပါတယ်။ ဒါ့အပြင် Snapdragon 765G SoC နဲ့ဖြစ်ပြီး ဘက်ထရီက 5,100mAh ဖြစ်ပါတယ်။

ဖုန်း display မှာ 240Hz touch sampling rate ပါဝင်လာသလို built-in fingerprint scanner နဲ့ သပ်ရပ်တဲ့ cut-out ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ကျောဘက်မှာ 48MP အဓိက ကင်မရာ Sony IMX582 နဲ့အတူ 8MP ultrawide , 2MP macro နဲ့ depth အစိတ်အပိုင်း၂ ခု ပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 12MP ဖြစ်ပါတယ် ။ဖုန်းရဲ့ ညာဘက်မှာတော့ gaming အတွက်ရည်ရွယ်ပြီး capacitive ခလုတ်၂ ခုပါဝင်လာပါတယ်။

ဖုန်းမှာ Snapdragon 765G ကို RAM 6GB နဲ့ 8GB အပြင် UFS 2.1 storage 128/256GB တို့နဲ့တွဲဖက်ထားပါတယ်။ ဘက်ထရီ 5,100mAh မှာ အားသွင်းမြန်ဆန်စနစ် 30W အထိ ထောက်ပံ့ထားကာ Android 10 အခြေခံ nubiaUI 8.0 ကိုအသုံးပြုထားပါတယ်။

nubia Play 5G ကို အနက်၊ အပြာနဲ့ အဖြူဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 6/128GB ကတော့ ယွမ် ၂,၄၀၀ (ဒေါ်လာ ၃၄၀) အထိ ကျသင့်မှာ ဖြစ်ပါတယ်။ အခြားမော်ဒယ်တွေဖြစ်တဲ့ 8/128GB ကတော့ ဒေါ်လာ ၃၈၀ နဲ့ 8/256GB ကတော့ ၄၂၅ အထိ ကျသင့်မှာ ဖြစ်ကာ ကြိုတင်မှာယူနိုင်ပါပြီ။ ဖုန်းကိုတော့ ဧပြီ ၂၄ မှာ စတင်ရောင်းချပါမယ်။

စိုးထက်
Ref: GSMArena