မျက်နှာပြင်အက်ကွဲမှုကို ပြင်ဆင်ပေးနိုင်မယ့် နည်းပညာ Apple မူပိုင်ခွင့်တင်

Apple ဟာ ခေါက်စမတ်ဖုန်း မျက်နှာပြင်မှာ အသုံးပြုမယ့် အလိုအလျောက်ပြင်ဆင်မယ့် နည်းပညာအတွက် မူပိုင်ခွင့်တင်ထားပါတယ်။

အဲဒီနည်းပညာမှာ elastomer ဆိုတဲ့အရာဝတ္ထုကို အသုံးပြုပါမယ်။ Elastomer ဟာအလွယ်တကူ ကွေးနိုင်တဲ့ အရာဝတ္ထုတစ်ခုဖြစ်ပြီး အပူပေးလိုက်ရင် မူလပုံသဏ္ဍာန်ပြန်ရောက်သွားနိုင်ပါတယ်။

Apple ရဲ့မူပိုင်ခွင့်စာရွက်စာတမ်းအရ အဲဒီအရာကို ဖုန်း၊ laptop၊ tablet နဲ့ နာရီအပြင် အခြားထုတ်ကုန်တွေမှာလည်း အသုံးပြုမယ်လို့ ဖော်ပြထားပါတယ်။

“ကွေးနိုင်ဆန့်နိုင်တဲ့ Display Cover အလွှာနဲ့ ထုတ်ကုန်များ” ဆိုတဲ့ Apple မူပိုင်ခွင့်မှာတော့ “အပြင်ဘက်အလွှာက ဖန်ထည်၊ ပလတ်စတစ်အကြည်သား၊ sapphire ဒါမှမဟုတ် ထွင်းဖောက်မြင်နိုင်တဲ့ အရာတွေက ထရန်စစ္စတာဆားကစ်နဲ့ အခြား display တည်ဆောက်မှုအတွက် အကာကွယ်တစ်ခုအဖြစ်ပါလာမယ်” လို့ရေးသားထားပါတယ်။

စိုးထက်

Ref: DailyMail