မျက်နှာပြင်ခေါက်နိုင်သော Mate Xs ဖုန်းနဲ့ MatePad Pro ကို ကြိုတင်မှာယူစနစ်ဖြင့် ပြည်တွင်းမှာစတင်ရောင်းချ

Huawei ရဲ့ မျက်နှာပြင်ခေါက်နိုင်တဲ့ Mate Xs ဖုန်းနဲ့ MatePad Pro ကို ပြည်တွင်းမှာ ကြိုတင်မှာယူစနစ်ဖြင့် စတင်ဝယ်ယူနိုင်ပြီလို့သိရပါတယ်။

Smart Magnetic ကီးဘုတ်နဲ့ M-pencil ပါဝင်တဲ့ MatePad Pro ကို ၉၉၉,၀၀၀ ကျပ်၊ Mate Xs ကို ၃,၉၉၉,၀၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့သိရပြီး ဧပြီ ၂၀ ရက်မှ မေ ၉ ရက်အထိ Huawei ဖုန်းအရောင်းဆိုင်တွေမှာ ကြိုတင် မှာယူနိုင်မှာဖြစ်ပါတယ်။ ကြိုတင်မှာယူထားတဲ့သူတွေအနေနဲ့ မိမိမှာယူထားတဲ့ ထုတ်ကုန်ကို မေလ၊ ဒုတိယအပတ်မှာ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Huawei Mate Xs ခေါက်ဖုန်းမှာ 5G ကိုထောက်ပံ့ပေးနိုင်ပြီး SIM ကတ်နှစ်ခု ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၆ လက်မ ရှိကာ ၈ လက်မအထိ ချဲ့ထွင်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ Kirin 990 chipset ကို အသုံးပြုထားပြီး Lecia Quad ကင်မရာကို ထည့်သွင်းတပ်ဆင် အသုံးပြုထားကာ ကင်မရာစနစ်မှ ဓာတ်ပုံရိုက်ပေးသူတင်မကဘဲ မိမိကိုယ်ကိုပါ Screen မှမြင်နိုင်တဲ့ Mirror Shooting mode ထောက်ပံ့ပါဝင်လာပါတယ်။ 4500 mAh ဘက်ထရီကို ထည့်သွင်းထားပြီး 55W supercharge နည်းပညာ ထောက်ပံ့ပါဝင်တယ်လို့သိရပါတယ်။

Huawei MatePad Pro က မျက်နှာပြင်အကျယ် ၁၀.၈ လက်မရှိပြီး Screen-to-body ratio ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ Kirin 990 chipset ကိုအသုံးပြုထားပြီး 13MP ကျောဘက်ကင်မရာနဲ့ 8MP ရှေ့ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ Bluetooth စနစ်နဲ့ချိတ်ဆက်အသုံးပြုနုင်တဲ့ M-pencil နဲ့ Smart Magnetic ကီးဘုတ်တွဲဖက်ပါဝင်ပြီး ဘက်ထရီကတော့ 7250 mAh ထောက်ပံ့ပါဝင်တယ်လို့သိရပါတယ်။ ဘက်ထရီစနစ်မှာ ကမ္ဘာ့ပထမဆုံး wirless charging နဲ့ reverse wireless charging နည်းပညာတွေ ထောက်ပံ့ပါဝင်ပါတယ်။ ဒါ့အပြင် 20W power adapter နဲ့ 40W Huawei Super Charge စနစ်တွေလည်း ထောက်ပံ့ပါဝင်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

အင်တာနက်ဂျာနယ်က နောက်ဆုံးရ နိုင်ငံတကာ သတင်းနဲ့ ပြည်တွင်းက အိုင်တီ၊မိုဘိုင်း နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေကို နေ့စဉ်ဖတ်ရှုနိုင်ဖို့ https://internetjournal.media/subscribe မှာ subscribe လုပ်ထားလိုက်ဦးနော်