မျက်နှာခြေရာခံစနစ်ကြောင့် လူမည်းအမျိုးသား မှားယွင်းဖမ်းဆီးခံရ

ချို့ယွင်းချက်ရှိတဲ့ မျက်နှာခြေရာခံစနစ်နည်းပညာကြောင့် မှားယွင်းစွာ ဖမ်းဆီးခံရသူနဲ့ ပတ်သက်ပြီး ဒတ်ထရှိုက်ရဲကို အမေရိကန်ပြည်သူ့လွတ်လပ်ရေးသမဂ္ဂ (ACLU) ကတိုင်ကြားစာပို့ထားပါတယ်။

အာဖရိ အမေရိကန်လူမျိုး ရောဘတ်ဂျူလီယန်ဘောချတ်ဝီလီယံ မျက်နှာက စတိုးဆိုင်အလစ်သုတ်သမား တစ်ဦးနဲ့ တူတယ်လို့ မျက်နှာခြေရာခံစနစ်ပြသပြီးနောက် ဖမ်းဆီးခံခဲ့ရပါတယ်။ ACLU က ဝီလံယံအမှုကို ပယ်ဖျက်နဲ့ ဒတ်ထရှိုတ်ရဲ့ မသမာသူ database က ဝီလီယံအချက်အလက်ကို ဖယ်ရှားဖို့ တောင်းဆိုခဲ့တယ်။ အချက်အလက်တွေကို ပယ်ဖျက်ပေးဖို့ ဆွဲချရှေ့နေတွေက သဘောတူခဲ့တယ်လို့ သိရပါတယ်။

မျက်နှာခြေရာခံတဲ့နည်းပညာတွေဟာ ဝေဖန်ခံနေရတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ သုတေသီတွေက မျက်နှာခြေရာခံစနစ်တွေက မတူညီတဲ့လူမျိုးနဲ့ ဇာတိမျိုးနွယ်ခွဲခြားလေ့ရှိတယ်လို့ သက်သေပြထားပါတယ်။ ရဲတွေရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ရက်စက်မှုကို ဆန့်ကျင်ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေအပြီး မျက်နှာခြေရာခံစနစ်ကို ဥပဒေအဖွဲ့အစည်းတွေက ပိုမိုသုံးစွဲလာကြပါတယ်။

အခုဖြစ်ပွားတဲ့ ဝီလီယံရဲ့အမှုကတော့ ညံ့ဖျင်းတဲ့ရဲအလုပ်နဲ့ အားနည်းချက်ရှိတဲ့ နည်းပညာ ထိပ်တိုက်တွေ့ရင်း ဖြစ်လာတဲ့ပြဿနာဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge