မျက်ကပ်မှန် ဖြုတ်ပေးမယ့် စက်ရုပ် တီထွင်

ဖလော်ရီဒါမှာ နေထိုင်တဲ့ ခရိတ်ဟာရှော့ဆိုသူဟာ အမြင်အာရုံအားနည်းသူဖြစ်ပြီး မျက်ကပ်မှန် တပ်ဆင်၊ ဖြုတ်ရတဲ့အခါမှာ အခက်အခဲ တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူဟာ မျက်ကပ်မှန် ထည့်သွင်း၊ ဖယ်ရှားတဲ့ ပြဿနာ ကြုံနေရတဲ့ လူတွေအတွက် အကူအညီပေးနိုင်မယ့် စက်ရုပ်ကို တီထွင်ခဲ့ပါတယ်။

ဟာရှော့ဟာ၂၀၀၀ ခုနှစ်မှာ Fuch’s dystrophy မျက်ကြည်လွှာရောဂါ ခံစားခဲ့ရပြီး အမြင်ကွယ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ သူဟာ ၁၀ နှစ်အတွင်း မျက်ကြည်လွှာ အစားထိုးမှု ၃ ကြိမ်လုပ်ခဲ့ရပါတယ်။

ဟာရှော့က အမြင်အာရုံနဲ့ပတ်သက်ပြီး ရုန်းကန်ခဲ့ရပြီး သူ့အတွက် အထောက်အကူ ကြီးကြီးမားမား ဖြစ်စေမယ့် scleral lens လို့ခေါ်တဲ့ အထူးမျက်ကပ်မှန်ကို တွေ့ခဲ့ပါတယ်။

ဟာရှော့အမျိုးသမီး ကွယ်လွန်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ကြုံရပြီး မျက်ကပ်မှန် ထည့်သွင်း၊ ဖြုတ်ရတဲ့အချိန်မှာ လက်တွေ တုန်ခဲ့ပါတယ်။

အဲဒီ ကာလမှာပဲ Cliara Lens Robot ကိုတီထွင်ဖို့ ဟာရှော့ စိတ်ကူးရခဲ့ပါတယ်။ Cliara ကတော့ မျက်ကပ်မှန် ထည့်သွင်းပြီး ဖယ်ရှားတဲ့ ကိရိယာကို အတိုကောက်ခေါ်တာ ဖြစ်ပါတယ်။ စက်ရုပ်က မျက်ကပ်မှန် ထည့်သွင်းဖို့နဲ့ ဖယ်ရှားဖို့ လိုအပ်တဲ့ အားအတိအကျ ဖြစ်စေဖို့ suction cup တွေအသုံးပြုထားပါတယ်။

စက်ရုပ်ကို အသုံးပြုမယ့်သူတွေ အနေနဲ့ မျက်လုံးအထူးကုဆရာဝန်နဲ့ တိုင်ပင်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

-စိုးထက်
Ref: CNN

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««