မ်ိဳးဆက္သစ္ Wi-Fi လုံၿခဳံေရးစံသတ္မွတ္ခ်က္ WPA3 ကို စတင္မိတ္ဆက္

Wi-Fi Alliance ဟာ ၁၄ ႏွစ္အၾကာမွာ မ်ိဳးဆက္သစ္ WPA3 ကို တရားဝင္ မိတ္ဆက္လိုက္ပါတယ္။ အဲဒီမ်ိဳးဆက္သစ္ လုံၿခဳံေရး စံသတ္မွတ္ခ်က္ဟာ ႀကိဳးမဲ့ကြန္ရက္အတြင္းက အားနည္းခ်က္မ်ားစြာကို ေျဖရွင္းေပးႏိုင္တယ္လို႔ သိရပါတယ္။

WPA3 စံသတ္မွတ္ခ်က္သစ္မွာ Wi-Fi ကြန္ရက္အတြင္းက အခ်က္အလက္ ၾကားျဖတ္ခိုးယူမႈကို ကာကြယ္ေပးဖို႔ တစ္ဦးခ်င္းစီအလိုက္ data encryption ျပဳလုပ္ထားႏိုင္ပါတယ္။ ဒါ့အျပင္ Simultaneous Authentication of Equals ကတစ္ဆင့္ ခန္႔မွန္းရခက္တဲ့ password အေျခခံ sign in လည္း ျပဳလုပ္ႏိုင္ပါတယ္။ Simultaneous Authentication of Equals ဟာ
တစ္စုံတစ္ေယာက္က password ခန္႔မွန္းတဲ့ အခြင့္အေရးကို ေလွ်ာ႔ခ်ေပးႏိုင္တဲ့ အဓိကက်တဲ့ protocol တစ္ခု ျဖစ္ပါတယ္။

တကယ္လို႔ သုံးစြဲသူက ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ WPA3-Enterprise လုံၿခဳံေရးကို အသုံးျပဳမယ္ဆိုရင္ အခ်က္အလက္လုံၿခဳံေအာင္ လုပ္ေပးႏိုင္မယ့္ 192-bit encryption စြမ္းအင္နဲ႔ ညီမွ်တဲ့ လုံၿခဳံေရးကို ရရွိမွာျဖစ္ပါတယ္။ Easy Connect ကတစ္ဆင့္ စမတ္အိမ္သုံး ထုတ္ကုန္ေတြကုိ အလြယ္တကူ setup လုပ္ႏိုင္ၿပီး display အေသးစားပါဝင္တဲ့ ထုတ္ကုန္ ဒါမွမဟုတ္ display လုံးဝမပါဝင္တဲ့ ထုတ္ကုန္ေတြမွာ Wi-Fi ကုိ setup လုပ္ဖုိ႔ သုံးစြဲသူရဲ႕ဖုန္းကုိ အသုံးျပဳခြင့္ေပးထားပါတယ္။

ကုမၸဏီတစ္ခုခ်င္းစီအေနနဲ႔ patch ေတြနဲ႔ hardware သစ္ကတစ္ဆင့္ ေထာက္ပံ့မႈျပဳလုပ္တဲ့အခါက်ရင္ ထုတ္ကုန္ေတြမွာ WPA3 စံသတ္မွတ္ခ်က္ကုိ ျမင္ေတြ႕လာရမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: Engadget

[ Unicode ]

Wi-Fi Alliance ဟာ ၁၄ နှစ်အကြာမှာ မျိုးဆက်သစ် WPA3 ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အဲဒီမျိုးဆက်သစ် လုံခြုံရေး စံသတ်မှတ်ချက်ဟာ ကြိုးမဲ့ကွန်ရက်အတွင်းက အားနည်းချက်များစွာကို ဖြေရှင်းပေးနိုင်တယ်လို့ သိရပါတယ်။

WPA3 စံသတ်မှတ်ချက်သစ်မှာ Wi-Fi ကွန်ရက်အတွင်းက အချက်အလက် ကြားဖြတ်ခိုးယူမှုကို ကာကွယ်ပေးဖို့ တစ်ဦးချင်းစီအလိုက် data encryption ပြုလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် Simultaneous Authentication of Equals ကတစ်ဆင့် ခန့်မှန်းရခက်တဲ့ password အခြေခံ sign in လည်း ပြုလုပ်နိုင်ပါတယ်။ Simultaneous Authentication of Equals ဟာ
တစ်စုံတစ်ယောက်က password ခန့်မှန်းတဲ့ အခွင့်အရေးကို လျှော့ချပေးနိုင်တဲ့ အဓိကကျတဲ့ protocol တစ်ခု ဖြစ်ပါတယ်။

တကယ်လို့ သုံးစွဲသူက ပရော်ဖက်ရှင်နယ်ဆန်ဆန် WPA3-Enterprise လုံခြုံရေးကို အသုံးပြုမယ်ဆိုရင် အချက်အလက်လုံခြုံအောင် လုပ်ပေးနိုင်မယ့် 192-bit encryption စွမ်းအင်နဲ့ ညီမျှတဲ့ လုံခြုံရေးကို ရရှိမှာဖြစ်ပါတယ်။ Easy Connect ကတစ်ဆင့် စမတ်အိမ်သုံး ထုတ်ကုန်တွေကို အလွယ်တကူ setup လုပ်နိုင်ပြီး display အသေးစားပါဝင်တဲ့ ထုတ်ကုန် ဒါမှမဟုတ် display လုံးဝမပါဝင်တဲ့ ထုတ်ကုန်တွေမှာ Wi-Fi ကို setup လုပ်ဖို့ သုံးစွဲသူရဲ့ဖုန်းကို အသုံးပြုခွင့်ပေးထားပါတယ်။

ကုမ္ပဏီတစ်ခုချင်းစီအနေနဲ့ patch တွေနဲ့ hardware သစ်ကတစ်ဆင့် ထောက်ပံ့မှုပြုလုပ်တဲ့အခါကျရင် ထုတ်ကုန်တွေမှာ WPA3 စံသတ်မှတ်ချက်ကို မြင်တွေ့လာရမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: Engadget