မ်ိဳးဆက္သစ္ semiconductor နည္းပညာအတြက္ ေတာင္ကိုရီးယားက ေဒၚလာ ၁.၃၄ ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံမည္

ေတာင္ကိုရီးယားအစိုးရဟာ မ်ိဳးဆက္သစ္ semiconductor နည္းပညာ ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အပံ့ျဖစ္ေစရန္အတြက္ လာမယ့္ ၁၀ ႏွစ္အတြင္း ဝမ္ ၁.၅ ထရီလီယံ ရင္းႏွီးျမႇဳပ္ႏွံသြားမွာ ျဖစ္ပါတယ္။

Semiconductor material ေတြနဲ႔ ထုတ္ကုန္သစ္ေတြ ဖြံ႕ၿဖိဳးမႈအတြက္ ေဒၚလာ ၁.၃၄ ဘီလ်ံသံုးစြဲသြားမွာျဖစ္ၿပီး ႏိုင္ငံကို ကမၻာလံုးဆိုင္ရာ semiconductor အခ်က္အခ်ာတစ္ခုအျဖစ္ ျပဳလုပ္သြားမယ္လို႔ ကုန္သြယ္ေရး၊ စက္မႈနဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ေျပာပါတယ္။

ဝန္ႀကီး Paik Un-gyu ဟာ တနလၤာေန႔က Samsung Electronics ရဲ႕ Pyeongtaek စက္႐ံုနဲ႔ SK Hynix ရဲ႕ Icheon စက္႐ံုတို႔ကို သြားေရာက္လည္ပတ္ခဲ့ၿပီး အေထာက္အပံ့ေပးဖို႔အတြက္ ကတိျပဳခဲ့ပါတယ္။

ဒီ ဦးစားေပးကိစၥေတြဟာ memory chip ေတြအတြက္ မ်ိဳးဆက္သစ္ material ေတြနဲ႔ ထုတ္ကုန္ေတြကို ဖြံ႕ၿဖိဳးေစၿပီး ကမၻာတစ္ဝန္းက semiconductor material ေတြနဲ႔ equipment ထုတ္လုပ္သူေတြကို ကိုရီးယားမွာ စက္႐ံုလာတည္ဖို႔အတြက္ ဆြဲေဆာင္ႏိုင္ေစမွာ ျဖစ္တယ္လို႔ ဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

Samsung Electronics ဟာ ကမၻာ့အႀကီးဆံုး memory chip ကုမၸဏီျဖစ္ၿပီး DRAM ေရာ NAND မွာပါ ထိပ္ဆံုးေနရာက ဦးေဆာင္ေနပါတယ္။ SK Hynix ကေတာ့ DRAM မွာ ဒုတိယေနရာက ရပ္တည္ေနၿပီး NAND မွာေတာ့ ပၪၥမေနရာမွာ ရပ္တည္ေနပါတယ္။

အဆိုပါကုမၸဏီႏွစ္ခုစလံုးဟာ တစ္ခါမွမႀကံဳဖူးတဲ့ ဝယ္လိုအားေၾကာင့္ စံခ်ိန္တင္အျမတ္ေငြေတြ ရရိွခဲ့ပါတယ္။ ဒါေပမဲ့လည္း အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံရဲ႕ Made in China 2025 မဟာဗ်ဴဟာမွာ ကိုယ္ပိုင္ memory semiconductor နည္းပညာကို တိုးတက္ဖြံ႕ၿဖိဳးေအာင္ ျပဳလုပ္ဖို႔က ထိပ္တန္းဦးစားေပးကိစၥတစ္ခုအျဖစ္ ပါဝင္ေနသလို အဲ့ဒီက႑အတြက္ ေငြအမ်ားအျပား သံုးစြဲေနတာေတြက ေတာင္ကိုရီးယားရဲ႕ စိုးရိမ္မႈကို ျမင့္တက္ေစခဲ့တယ္လို႔ သိရပါတယ္။

Ref: ZDNet

[ Unicode ]

တောင်ကိုရီးယားအစိုးရဟာ မျိုးဆက်သစ် semiconductor နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန်အတွက် လာမယ့် ၁၀ နှစ်အတွင်း ဝမ် ၁.၅ ထရီလီယံ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

Semiconductor material တွေနဲ့ ထုတ်ကုန်သစ်တွေ ဖွံ့ဖြိုးမှုအတွက် ဒေါ်လာ ၁.၃၄ ဘီလျံသုံးစွဲသွားမှာဖြစ်ပြီး နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ semiconductor အချက်အချာတစ်ခုအဖြစ် ပြုလုပ်သွားမယ်လို့ ကုန်သွယ်ရေး၊ စက်မှုနဲ့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီး Paik Un-gyu ဟာ တနင်္လာနေ့က Samsung Electronics ရဲ့ Pyeongtaek စက်ရုံနဲ့ SK Hynix ရဲ့ Icheon စက်ရုံတို့ကို သွားရောက်လည်ပတ်ခဲ့ပြီး အထောက်အပံ့ပေးဖို့အတွက် ကတိပြုခဲ့ပါတယ်။

ဒီ ဦးစားပေးကိစ္စတွေဟာ memory chip တွေအတွက် မျိုးဆက်သစ် material တွေနဲ့ ထုတ်ကုန်တွေကို ဖွံ့ဖြိုးစေပြီး ကမ္ဘာတစ်ဝန်းက semiconductor material တွေနဲ့ equipment ထုတ်လုပ်သူတွေကို ကိုရီးယားမှာ စက်ရုံလာတည်ဖို့အတွက် ဆွဲဆောင်နိုင်စေမှာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Samsung Electronics ဟာ ကမ္ဘာ့အကြီးဆုံး memory chip ကုမ္ပဏီဖြစ်ပြီး DRAM ရော NAND မှာပါ ထိပ်ဆုံးနေရာက ဦးဆောင်နေပါတယ်။ SK Hynix ကတော့ DRAM မှာ ဒုတိယနေရာက ရပ်တည်နေပြီး NAND မှာတော့ ပ ဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

အဆိုပါကုမ္ပဏီနှစ်ခုစလုံးဟာ တစ်ခါမှမကြုံဖူးတဲ့ ဝယ်လိုအားကြောင့် စံချိန်တင်အမြတ်ငွေတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ Made in China 2025 မဟာဗျူဟာမှာ ကိုယ်ပိုင် memory semiconductor နည်းပညာကို တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်ဖို့က ထိပ်တန်းဦးစားပေးကိစ္စတစ်ခုအဖြစ် ပါဝင်နေသလို အဲ့ဒီကဏ္ဍအတွက် ငွေအများအပြား သုံးစွဲနေတာတွေက တောင်ကိုရီးယားရဲ့ စိုးရိမ်မှုကို မြင့်တက်စေခဲ့တယ်လို့ သိရပါတယ်။

Ref: ZDNet