မျိုးဆက်သစ် Samsung ဖုန်းများတွင် in-display selfie camera များ ပါဝင်လာဖွယ်ရှိ

Fingerprint reader တွေကို ဖုန်းရဲ့ကျောဘက်ကိုရွှေ့ပြီး bezel တွေကို ကျဉ်းမြောင်းအောင် လုပ်ခဲ့ကြပေမယ့် selfie camera ကို ကျောဘက်ကို ရွှေ့လို့မရတဲ့အတွက်ကြောင့် iPhone X နဲ့ Essential Phone လို ဖုန်းအချို့မှာ notch တွေ ပေါ်ပေါက်လာပါတယ်။

အခုဆိုရင် Samsung က စမတ်ဖုန်းတစ်ခုရဲ့ display ထဲမှာ fingerprint sensor ကိုသာမက ကင်မရာကိုပါထည့်သွင်းဖို့ လုပ်ဆောင်နေပါတယ်။

LetsGoDigital က တွေ့ရှိခဲ့တဲ့ မူပိုင်ခွင့်မှာ selfie camera အပြင် ဖုန်းနားခွက်နဲ့ အခြား sensor တွေအတွက် အပေါက်ငယ်လေးတွေပါဝင်တဲ့ flexible OLED screen တစ်ခုကို ပြသထားပါတယ်။ ဒါဟာ display ကို ဖုန်းရဲ့ ထိပ်ဘက်နေရာအားလုံးနီးပါးအထိ နေရာယူစေနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် display ရဲ့ အောက်ခြေဘက် home ခလုတ်နေရာမှာလည်း အပေါက်တစ်ပေါက်ကို ပြသထားပါတယ်။ ဒါပေမဲ့ Samsung က Galaxy S8 နဲ့အထက် ထုတ်ကုန်တွေမှာ software button တွေကို ပြောင်းလဲခဲ့တာကြောင့် အဲ့ဒီအပေါက်က တစ်ချိန်ချိန်မှာ fingerprint sensor ကို အရှေ့ဘက် panel ထဲမှာ ထည့်သွင်းမယ့် Samsung ရဲ့ ရည်ရွယ်ချက်ကို ညွှန်ပြနေပါတယ်။

ဒီနည်းပညာဟာ မူပိုင်ခွင့်အနေနဲ့ပဲ ရှိသေးတာကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ တွေ့မြင်ရဖို့ မရှိသေးပါဘူး။

-နောင်နောင်
Ref: AndroidAuthority