မ်ိဳးဆက္သစ္ iPhone ေတြကို အျပာ၊ လိေမၼာ္၊ ေရႊေရာင္ေတြနဲ႔ Apple ထုတ္လုပ္ဖြယ္ရွိ

[ Zawgyi ]

Apple ဟာ ဒီႏွစ္ေႏွာင္းပုိငး္မွာ အရြယ္ႀကီးမားတဲ့ iPhone ေမာ္ဒယ္ေတြကုိ အေရာင္မ်ိဳးစုံနဲ႔ ထုတ္လုပ္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ Apple ရဲ႕ေကာလာဟလေတြ ထြက္ေပၚေနတဲ့ မ်က္ႏွာျပင္ ၆.၅ လက္မ ရွိ OLED iPhone ကို အနက္၊ အျဖဴ၊ ေရႊေရာင္နဲ႔ ထုတ္လုပ္သြားမယ္လို႔ မင္ခ်ီကူက ခန္႔မွန္ထားတယ္လို႔ 9to5Mac သတင္းမွာေဖာ္ျပထားပါတယ္။

ေနာက္ထပ္ ေကာလာဟလထြက္ေပၚေနတဲ့ ၆.၁ လက္မ LED iPhone ကို မီးခိုး၊ အျဖဴ၊ အျပာ၊ အနီနဲ႔ လိေမၼာ္ စတဲ့ အေရာင္ေတြနဲ႔ ထုတ္လုပ္သြားမယ္လုိ႔ သိရပါတယ္။ တကယ္လုိ႔ အခုသတင္းသာမွန္ကန္ခဲ့မယ္ဆိုရင္ Apple ဟာ ၂၀၁၈ ခုႏွစ္မွာထြက္ရွိမယ့္ iPhone ေတြအတြက္ အနည္းဆုံး အေရာင္သစ္ ၄ မ်ိဳးကို မိတ္ဆက္လာဖြယ္ ရွိပါတယ္။

Apple ဟာ ၿပီးခဲ့တဲ့လအနည္းငယ္က iPhone သစ္မိတ္ဆက္အၿပီးမွာ Product (RED) ထုတ္ကုန္သစ္ကို မိတ္ဆက္ခဲ့ဖူးပါတယ္။ Product (RED) ထုတ္ကုန္ဟာ အာဖရိကမွာ HIV နဲ႔ AIDS တိုက္ဖ်က္ဖုိ႔ စည္း႐ုံးလႈံ႕ေဆာ္မႈေတြျပဳလုပ္ေနတဲ့ အဖြဲ႕အစည္း တစ္ခုျဖစ္ပါတယ္။ Apple အေနနဲ႔ iPhone ရဲ႕သမား႐ိုးက် အေရာင္ေတြျဖစ္တဲ့ မီးခိုး၊ အနက္နဲ႔ အျဖဴေတြကုိပဲ အားျပဳ ထုတ္လုပ္ေနတာျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္က ထြက္ရွိခဲ့တဲ့ iPhone 5C ရဲ႕ေက်ာဘက္မွာ polycarbonate နဲ႔ျပဳလုပ္ထားၿပီး အစိမ္း၊ အျပာ၊ အဝါ၊ ပန္းေရာင္နဲ႔ အျဖဴစတဲ့ အေရာင္ေတြနဲ႔ ထုတ္လုပ္ခဲ့ပါတယ္။

Apple ဟာ iPhone X ေရႊေရာင္ကို ထုတ္လုပ္ဖို႔ စီစဥ္ခဲ့ပါေသးတယ္။ မထြက္ရွိလိုက္တဲ့ iPhone X ေရႊေရာင္ကုိ ဒီႏွစ္အေစာပုိင္းမွာ FCC က ဓာတ္ပုံေတြ ထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိ ေကာလာဟလ သတင္းေတြအရ Apple အေနနဲ႔ ဒီႏွစ္ေႏွာင္းပုိင္းမွာ iPhone သစ္ ၃ မ်ိဳးကို ထုတ္လုပ္ဖြယ္ရွိပါတယ္။ iPhone X Plus လို႔အမည္ရတဲ့ ထုတ္ကုန္မွာ ၆.၅လက္မ OLED display နဲ႔ dual-SIM ေထာက္ပံ့မႈပါဝင္တယ္လို႔ သိရပါတယ္။ ၆.၁ လက္မ LCD iPhone ကေတာ့ ေဘးေဘာင္ေသးငယ္ၿပီး Face ID ပါဝင္လာဖြယ္ရွိပါတယ္။ ဒါ့အျပင္ Apple ဟာ အဆင့္ျမႇင့္တင္မႈ တခ်ိဳ႕ ျပဳလုပ္ထားတဲ့ ၅.၈ လက္မ iPhone X ကုိလည္း ထုတ္လုပ္ဖြယ္ရွိပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

[ Zawgyi ]

Apple ဟာ ဒီနှစ်နှောင်းပိုငး်မှာ အရွယ်ကြီးမားတဲ့ iPhone မော်ဒယ်တွေကို အရောင်မျိုးစုံနဲ့ ထုတ်လုပ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ Apple ရဲ့ကောလာဟလတွေ ထွက်ပေါ်နေတဲ့ မျက်နှာပြင် ၆.၅ လက်မ ရှိ OLED iPhone ကို အနက်၊ အဖြူ၊ ရွှေရောင်နဲ့ ထုတ်လုပ်သွားမယ်လို့ မင်ချီကူက ခန့်မှန်ထားတယ်လို့ 9to5Mac သတင်းမှာဖော်ပြထားပါတယ်။

နောက်ထပ် ကောလာဟလထွက်ပေါ်နေတဲ့ ၆.၁ လက်မ LED iPhone ကို မီးခိုး၊ အဖြူ၊ အပြာ၊ အနီနဲ့ လိမ္မော် စတဲ့ အရောင်တွေနဲ့ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ တကယ်လို့ အခုသတင်းသာမှန်ကန်ခဲ့မယ်ဆိုရင် Apple ဟာ ၂၀၁၈ ခုနှစ်မှာထွက်ရှိမယ့် iPhone တွေအတွက် အနည်းဆုံး အရောင်သစ် ၄ မျိုးကို မိတ်ဆက်လာဖွယ် ရှိပါတယ်။

Apple ဟာ ပြီးခဲ့တဲ့လအနည်းငယ်က iPhone သစ်မိတ်ဆက်အပြီးမှာ Product (RED) ထုတ်ကုန်သစ်ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ Product (RED) ထုတ်ကုန်ဟာ အာဖရိကမှာ HIV နဲ့ AIDS တိုက်ဖျက်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေပြုလုပ်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ Apple အနေနဲ့ iPhone ရဲ့သမားရိုးကျ အရောင်တွေဖြစ်တဲ့ မီးခိုး၊ အနက်နဲ့ အဖြူတွေကိုပဲ အားပြု ထုတ်လုပ်နေတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ iPhone 5C ရဲ့ကျောဘက်မှာ polycarbonate နဲ့ပြုလုပ်ထားပြီး အစိမ်း၊ အပြာ၊ အဝါ၊ ပန်းရောင်နဲ့ အဖြူစတဲ့ အရောင်တွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

Apple ဟာ iPhone X ရွှေရောင်ကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ မထွက်ရှိလိုက်တဲ့ iPhone X ရွှေရောင်ကို ဒီနှစ်အစောပိုင်းမှာ FCC က ဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ကောလာဟလ သတင်းတွေအရ Apple အနေနဲ့ ဒီနှစ်နှောင်းပိုင်းမှာ iPhone သစ် ၃ မျိုးကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ iPhone X Plus လို့အမည်ရတဲ့ ထုတ်ကုန်မှာ ၆.၅လက်မ OLED display နဲ့ dual-SIM ထောက်ပံ့မှုပါဝင်တယ်လို့ သိရပါတယ်။ ၆.၁ လက်မ LCD iPhone ကတော့ ဘေးဘောင်သေးငယ်ပြီး Face ID ပါဝင်လာဖွယ်ရှိပါတယ်။ ဒါ့အပြင် Apple ဟာ အဆင့်မြှင့်တင်မှု တချို့ ပြုလုပ်ထားတဲ့ ၅.၈ လက်မ iPhone X ကိုလည်း ထုတ်လုပ်ဖွယ်ရှိပါတယ်။

စိုးထက်
Ref: TheVerge