မ်က္ႏွာျပင္ ၂ ခုပါဝင္လာတဲ့ ကမ႓ာ႔ပထမဆုံး laptop

[ Zawgyi ]

Lenovo ဟာ ဒီႏွစ္ရဲ႕ IFA ျပပြဲမွာ Chromebook သစ္၊ Snapdragon အသုံးျပဳထားတဲ့ Windows laptop နဲ႔ စမတ္အိမ္သုံး ထုတ္ကုန္တခ်ိဳ႕ကို မိတ္ဆက္ခဲ့ပါတယ္။ အဲဒီထုတ္ကုန္ေတြထဲက စိတ္ဝင္စားစရာ အေကာင္းဆုံး ထုတ္ကုန္ကေတာ့ Yoga Book C930 ျဖစ္ပါတယ္။

Yoga Book C930 ဟာ ၂၀၁၆ခုႏွစ္ IFA ပြဲမွာ မိတ္ဆက္ခဲ့တဲ့ Yoga Book A12 convertible ထုတ္ကုန္နဲ႔ ဆင္ပါတယ္။ Yoga Book C930 ရဲ႕ keyboard ေနရာမွာ ဒီဂ်စ္တယ္ keyboad ကိုအသုံးျပဳထားၿပီး touchscreen ကိုပုံဆြဲတဲ့ pad အျဖစ္လညး္ အသုံးျပဳႏိုင္ပါတယ္။

C930 မွာပါဝင္တဲ့ keyboard ကုိ E Ink မ်က္ႏွာျပင္အျဖစ္ ေျပာင္းလဲအသုံးျပဳႏိုင္သလုိ e-reader ေတြ အျဖစ္လည္း အသုံးခ်ႏိုင္ပါတယ္။ ဒါေၾကာင့္ Lenovo ရဲ႕ C930 ရဲ႕ဒုတိယေျမာက္ display က A12 ထုတ္ကုန္လိုပဲ လုပ္ေဆာင္ခ်က္သုံးမ်ိဳး ပါဝင္ၿပီး keyboard, notepad နဲ႔ e-reader အျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။

C930 မွာပါဝင္တဲ့ နည္းပညာဟာ မွတ္စုေတြကို type လုပ္ၿပီး မွတ္သားတာထက္ လက္နဲ႔ ေရးမွတ္ရတာ အားသန္တဲ့ ေက်ာင္းသားေတြအတြက္ ရည္ရြယ္ထည့္သြင္းထားတာ ျဖစ္ပါတယ္။ C930 ကုိ ေအာက္တုိဘာလမွာ ေဒၚလာ ၁,၀၀၀ နဲ႔ေရာင္းခ် သြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TechCrunch

[ Unicode ]

Lenovo ဟာ ဒီနှစ်ရဲ့ IFA ပြပွဲမှာ Chromebook သစ်၊ Snapdragon အသုံးပြုထားတဲ့ Windows laptop နဲ့ စမတ်အိမ်သုံး ထုတ်ကုန်တချို့ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထုတ်ကုန်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံး ထုတ်ကုန်ကတော့ Yoga Book C930 ဖြစ်ပါတယ်။

Yoga Book C930 ဟာ ၂၀၁၆ခုနှစ် IFA ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Yoga Book A12 convertible ထုတ်ကုန်နဲ့ ဆင်ပါတယ်။ Yoga Book C930 ရဲ့ keyboard နေရာမှာ ဒီဂျစ်တယ် keyboad ကိုအသုံးပြုထားပြီး touchscreen ကိုပုံဆွဲတဲ့ pad အဖြစ်လညး် အသုံးပြုနိုင်ပါတယ်။

C930 မှာပါဝင်တဲ့ keyboard ကို E Ink မျက်နှာပြင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်သလို e-reader တွေ အဖြစ်လည်း အသုံးချနိုင်ပါတယ်။ ဒါကြောင့် Lenovo ရဲ့ C930 ရဲ့ဒုတိယမြောက် display က A12 ထုတ်ကုန်လိုပဲ လုပ်ဆောင်ချက်သုံးမျိုး ပါဝင်ပြီး keyboard, notepad နဲ့ e-reader အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

C930 မှာပါဝင်တဲ့ နည်းပညာဟာ မှတ်စုတွေကို type လုပ်ပြီး မှတ်သားတာထက် လက်နဲ့ ရေးမှတ်ရတာ အားသန်တဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ C930 ကို အောက်တိုဘာလမှာ ဒေါ်လာ ၁,၀၀၀ နဲ့ရောင်းချ သွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TechCrunch