မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒီပလိုမာသင်တန်းများ အတွက် လျှောက်လွှာခေါ်ယူ
[ Zawgyi ]
-သန္တာ
[ Unicode ]
မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒီပလိုမာသင်တန်းတွေကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ စတင် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဖွင့်လှစ်မယ့်သင်တန်းတွေကတော့ Post Graduate Diploma in Development Studies (Dip.D.S), Post Graduate Diploma in Business Studies (DBS), Post Graduate Diploma in Research Studies (PGDRS) တွေဖြစ်ပြီး ကိုးလကြာ တက်ရောက်ရမှာဖြစ်ပါတယ်။ Dip.D.S နဲ့ PGDRS သင်တန်းအတွက် အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ ဘွဲဲ့ရရှိသူတွေ၊ DBS သင်တန်းအတွက် အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ သို့မဟုတ် CABS လက်မှတ်ရ အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။
လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက် နောက်ဆုံးထားကာ လျှောက်ထားရမှာဖြစ်ပါတယ်။ Dip.D.S နဲ့ DBS သင်တန်းတွေကိုတော့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှာလည်းကောင်း၊ PGDRS သင်တန်းကို ဇွန်လ ၂၂ ရက် မှာလည်းကောင်း စတင် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။
တက်ရောက်လိုသူတွေ အနေနဲ့ အသေးစိတ်ကို သင်တန်းရေးရာဌာန ဖုန်း-၀၉၇၉၅၂၁၉၁၅၁ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။