မေ ၇ ရက်မှာ မိတ်ဆက်မယ့် LG Velvet

LG ဟာ Velvet ဖုန်းကို မေ ၇ ရက်မှာ ထုတ်ဖော်မိတ်ဆက်ပါမယ်။

LG ဟာ ကိုယ်ပိုင်ကိုရီးယား YouTube channel မှာ ရေစက်နဲ့ ဖက်ရှင်လျှောက်လမ်းကို ဖော်ပြထားတဲ့ ဗီဒီယိုအတိုကို တင်ထားပါတယ်။ ဗီဒီယိုမှာ ဖုန်းရဲ့ ဒီဇိုင်းပိုင်း ထူးခြားတဲ့ ကင်မရာဖွဲ့စည်းပုံကို ရည်ညွှန်းထားပါတယ်။

LG အနေနဲ့ Velvet နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖြန့်ချိထားပါတယ်။ LG Velvet မှာ ရေစက်ပုံစံ ကင်မရာ ၃ လုံး ပါဝင်လာသလို ခေါက်ချိုးညီ မှန်ကွေးဒီဇိုင်း၊ 5G နဲ့အတူ Snapdragon 765 ပရိုဆက်ဆာနဲ့ နားကြပ်ပေါက် ပါဝင်လာပါတယ်။

LG Velvet ကို တောင်ကိုရီးယားပြင်ပမှာ ဘယ်အချိန်ရောင်းချမလဲဆိုတာ မသိသေးပါဘူး။

စိုးထက်
Ref: TheVerge

သတင်းတွေကို စာဖတ်စရာမလိုဘဲ အသံပဲ နားထောင်နိုင်တဲ့ https://anchor.fm/internetjournal ရှိတယ်နော် . . .