မော်လမြိုင်မြို့တွင် အွန်လိုင်းလုံခြုံရေး အသိပညာပေးစကားဝိုင်းနှင့် အနုပညာပြပွဲကျင်းပမည်

ဆိုက်ဘာဘေးကင်းအနေနဲ့ စကားအလှကုထုံး – Sa Gar Ahla Ku Htone နဲ့အတူ ပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ မော်လမြိုင်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အခမ်းအနားမှာ အွန်လိုင်းလုံခြုံရေး အသိပညာပေး စကားဝိုင်းများ ထည့်သွင်း ပြုလုပ်မှာ ဖြ စ်သလို အနုပညာပြပွဲတွေကိုပါ ထည့်သွင်းပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နေရာကတော့မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမမှာ ဖြစ်ပါတယ်။ အွန်လိုင်းလုံခြုံရေး အသိပညာပေးစကားဝိုင်းတွေကိုတော့ နံနက် ၉ နာရီမှ နေ့လယ် ၃ နာရီအထိ ပြုလုပ်ဆွေးနွေးသွားမှာ ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်နိုင်မယ်လို့ သိရပါတယ်။

အလားတူ ဆိုက်ဘာဘေးကင်းရဲ့ Cyber Safety ဟောပြောပွဲတွေကို မြန်မာပြည်အနှံ့မှာရှိတဲ့ တက္ကသိုလ်တွေဆီမှာ ပြုလုပ်သွားဖို့ စီစဉ်လျှက်ရှိပြီး ဆိုက်ဘာဘေးကင်းအဖွဲ့အနေနဲ့ မော်လမြိုင်တက္ကသိုလ်ကို ပထမဦးဆုံး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ