မောင်းသူမဲ့ KFC စားသောက်ကုန်ကားများ

ရှန်ဟိုင်းမြို့မှာ Kentucky Fried Chicken ဟာ မောင်းသူမဲ့ စားသောက်ကုန်ကားတွေနဲ့ အစားအသောက်တွေ ရောင်းချနေတယ်လို့ SoyaCincau ကဖော်ပြခဲ့ပါတယ်။

အလိုအလျောက် သွားလာနိုင်တဲ့ ကားတွေ ဖြစ်ပြီး လူတွေက တစ်ဦးနဲ့ တစ်ဦး ထိတွေ့စရာမလိုဘဲ KFC အစားအသောက်တွေကို ဝယ်ယူနိုင်ပါတယ်။ ဒီနည်းလမ်းက COVID-19 ဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါမယ်။ ယာဉ်မောင်းမပါတဲ့ KFC ကားတွေက ရှန်ဟိုင်းမြို့ ပြင်ပ ရထားဘူတာရှေ့မှာ ရှိပါတယ်။ အစားအသောက်ဝယ်မယ့်သူ မျက်နှာပြင်တစ်ခုကတစ်ဆင့် မှာယူပြီး QR-code ကတစ်ဆင့် ငွေပေးတာကို လက်ခံယူပါတယ်။ ငွေပေးပြီးသွားရင်တော့ အစားအသောက်ကို ယူဖို့ တံခါးပွင့်လာပါမယ်။

အဲဒီထရပ်ကားတွကို Neolix တရုတ်ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်း အခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း အသုံးပြုပါတယ်။

-စိုးထက်
Ref: Neatorama

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««