မေလ အစောပိုင်း မိတ်ဆက်နိုင်တဲ့ Microsoft Surface Earbuds

Microsoft ဟာ Apple ရဲ့ AirPods ကိုပြိုင်ဆိုင်သွားမယ့် Surface Earbuds ကို မကြာမီ မိတ်ဆက်နိုင်ပါတယ်။ လာမယ့် နှစ်ပတ်အတွင်း မေ ၆ ရက်ကစတင်ပြီး Surface Earbuds ကို ၂၁၅ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ Winfuture က ဖော်ပြလိုက်ပါတယ်။

Microsoft အနေနဲ့ Surface Earbuds ရောင်းချမယ့်အချိန်နဲ့ ပတ်သက်ပြီး အတည်မပြုခဲ့ပါဘူး။ မူလက Surface Earbuds ကို မနှစ်က အားလပ်ရက်မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့်လည်း Surface Earbuds ထွက်ရှိဖို့ မရေမရာဖြစ်ခဲ့ရပါတယ်။ အလားတူပဲ Microsoft ရဲ့ Surface Neo tablet ထွက်ရှိဖို့ မရေမရာဖြစ်နေပါတယ်။

စိုးထက်
Ref: CNET

နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်းတွင်းက အိုင်တီ၊ မိုဘိုင်း စတဲ့ နည်းပညာနဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ ပညာရေးသတင်းတွေကို ဖတ်ချင်ရင်တော့ ဒီနေရာ လေးကို နှိပ်ပြီး like လုပ်ထားလိုက်နော်…