
Apple ဟာ AirPods မော်ဒယ်သစ်တွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ AirPods တွေကို AirPods Pro Lite နဲ့ AirPods X Generation မော်ဒယ်နဲ့အတူ over-ear နားကြပ်တွေနဲ့လည်း ထုတ်လုပ်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Apple အနေနဲ့ မတ်လမှာ AirPods အသစ်ကို မိတ်ဆက်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် AirPods မိတ်ဆက်မှုကို နောက်ဆုတ်လိုက်ဖွယ်ရှိပါတယ်။
ဒါပေမဲ့ AirPods ကို အဆင့်မြှင့်တင်ထားတဲ့ MacBook နဲ့အတူ မိတ်ဆက်မယ်လို့ Jon Prosser က သူရဲ့ tweet မှာဖော်ပြထားပါတယ်။ Jon Prosser ဟာ iPhone SE မိတ်ဆက်မယ့်ရက်နဲ့ အသေးစိတ်အချက်အလက်ကို မှန်ကန်အောင် ဖော်ပြခဲ့သူဖြစ်ပါတယ်။
New AirPods (which were supposed to be at the March Event) are now ready to go.
Probably alongside the MacBook Pro next month.
— Jon Prosser (@jon_prosser) April 19, 2020
AirPods Pro Lite ကိုထုတ်လုပ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ AirPods Pro Lite ဟာ AirPods Pro က feature တချို့ပါဝင်ပြီး ဈေးသက်သာမယ်လို့ သိရပါတယ်။ မတ်လမှာ AirPods အသစ်ကို စတင်ထုတ်လုပ်နေပြီး ဒုတိယသုံးလပတ်အစောပိုင်း ဒါမှမဟုတ် ၂၀၂၀ ပထမသုံးလပတ် အစောပိုင်းမှာ စတင်ရောင်းချနိုင်ပါတယ်။
စိုးထက်
Ref: AppleInsider