မေကြးၿမိဳ႕နယ္ ဗိုလ္ခ်ဳပ္ပန္းၿခံႏွင့္ လြတ္လပ္ေရး ပန္းၿခံအတြင္း အင္တာနက္ အခမဲ့အသုံးျပဳႏိုင္

[ Zawgyi ]

အင္တာနက္ ဝန္ေဆာင္မႈကုမၸဏီတို႔ ပူးပါင္းေဆာင္႐ြက္မႈ အစီအစဥ္အရ မေကြးၿမိဳ႕၊ ဗိုလ္ခ်ဳပ္ပန္းၿခံနဲ႔ လြတ္လပ္ေရးပန္းၿခံအတြင္း ဝိုင္ဖိုင္စနစ္နဲ႔ အခမဲ့ အင္တာနက္အသုံးျပဳႏိုင္ၿပီျဖစ္ေၾကာင္း Global Technology Group က အမႈေဆာင္အရာရွိခ်ဳပ္ ဦးသိန္းသန္းတိုးက ေျပာပါတယ္။

“အသံုးျပဳသူအေနနဲ႔ လူမွုကြန္ရက္ေတြ ဗီဒီယိုကလစ္ဖိုင္အတိုေတြကိုေတာင္ အသံုးျပဳႏိုင္တဲ့အထိ အခမဲ့ အင္တာနက္၀န္ေဆာင္မႈေပးတာပါ။ အသံုးျပဳသူတစ္ဦးအေနနဲ႔ တစ္ခါ Log in ၀င္ၿပီး သံုးေနရင္ေတာ့ ၄၅ မိနစ္ ဆက္တိုက္အသံုးျပဳႏိုင္မယ္။ ၄၅ မိနစ္ ျပည့္သြားရင္ေတာ့ အလိုအေလ်ာက္ Log out ျပန္ျဖစ္သြားမွာ ျဖစ္တဲ့အတြက္ ထပ္သံုးခ်င္ရင္ ေနာက္တစ္ခါ Log in ျပန္၀င္ရတာျဖစ္ၿပီး သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း အခမဲ့ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္” လို႔ အမႈေဆာင္အရာရွိခ်ဳပ္ ဦးသိန္းသန္းတိုးက ေျပာပါတယ္။

အမ်ားျပည္သူသုံး အခမဲ့အင္တာနက္ ဝိုင္ဖိုင္အစီအစဥ္ကို နံနက္ ၈ နာရီမွ ည ၉ နာရီအထိ လွ်ပ္စစ္မီးရရွိတဲ့ အခ်ိန္ေတြမွာ အသုံးျပဳႏိုင္မွာျဖစ္ေၾကာင္း၊ 5BB အေနနဲ႔ လုပ္ပိုင္ခြင့္ရရွိထားတဲ့ Region အတြင္းရွိ ၿမိဳ႕အေတာ္မ်ားမ်ားရဲ႕ လူအမ်ားစည္ကားမယ့္ Public Aera ေတြမွာ အခမဲ့အင္တာနက္ ၀ိုင္ဖိုင္၀န္ေဆာင္မႈကို လူမွုအက်ိဳးျပဳ CSR အေနနဲ႔ ေပးသြားမွာျဖစ္တယ္လို႔လဲ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပါင်းဆောင်ရွက်မှု အစီအစဉ်အရ မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံနဲ့ လွတ်လပ်ရေးပန်းခြံအတွင်း ဝိုင်ဖိုင်စနစ်နဲ့ အခမဲ့ အင်တာနက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Global Technology Group က အမှုဆောင်အရာရှိချုပ် ဦးသိန်းသန်းတိုးက ပြောပါတယ်။

“အသုံးပြုသူအနေနဲ့ လူမှုကွန်ရက်တွေ ဗီဒီယိုကလစ်ဖိုင်အတိုတွေကိုတောင် အသုံးပြုနိုင်တဲ့အထိ အခမဲ့ အင်တာနက်ဝန်ဆောင်မှုပေးတာပါ။ အသုံးပြုသူတစ်ဦးအနေနဲ့ တစ်ခါ Log in ၀င်ပြီး သုံးနေရင်တော့ ၄၅ မိနစ် ဆက်တိုက်အသုံးပြုနိုင်မယ်။ ၄၅ မိနစ် ပြည့်သွားရင်တော့ အလိုအလျောက် Log out ပြန်ဖြစ်သွားမှာ ဖြစ်တဲ့အတွက် ထပ်သုံးချင်ရင် နောက်တစ်ခါ Log in ပြန်ဝင်ရတာဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” လို့ အမှုဆောင်အရာရှိချုပ် ဦးသိန်းသန်းတိုးက ပြောပါတယ်။

အများပြည်သူသုံး အခမဲ့အင်တာနက် ဝိုင်ဖိုင်အစီအစဉ်ကို နံနက် ၈ နာရီမှ ည ၉ နာရီအထိ လျှပ်စစ်မီးရရှိတဲ့ အချိန်တွေမှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ 5BB အနေနဲ့ လုပ်ပိုင်ခွင့်ရရှိထားတဲ့ Region အတွင်းရှိ မြို့အတော်များများရဲ့ လူအများစည်ကားမယ့် Public Aera တွေမှာ အခမဲ့အင်တာနက် ၀ိုင်ဖိုင်ဝန်ဆောင်မှုကို လူမှုအကျိုးပြု CSR အနေနဲ့ ပေးသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။