မေကြးတိုင္းေဒသႀကီးအစိုးရ ၀က္ဘ္ဆိုက္လႊင့္တင္

[Zawgyi]

မေကြးတိုင္းေဒသႀကီးအစိုးရရဲ႕ေဆာင္ရြက္ခ်က္ေတြကိုၾကည့္ရႈႏိုင္မယ့္ ၀က္ဘ္ဆိုက္လႊင့္တင္လိုက္ ေၾကာင္းသိရပါတယ္။

http://magwaygov.org/ ျဖစ္ၿပီး Beta Version အျဖစ္လႊင့္တင္ထားေၾကာင္းေတြ႔ရပါတယ္။ ၀က္ဘ္ ဆိုက္မွာ သတင္းမ်ား၊ ေဆာင္းပါးမ်ား၊ ၀န္ေဆာင္မႈမ်ား၊ အစိုးရအဖြဲ႔၊ ေၾကျငာခ်က္မ်ား၊ ဆက္သြယ္ရန္ စတဲ့က႑ေတြကိုေတြ႔ရၿပီး e-Government ဆိုင္ရာေဆာင္ရြက္ခ်က္အခ်ိဳ႕ကိုလည္းေတြ႔ရပါတယ္။ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ရဲ႕တင္ဒါေခၚယူမႈေတြကိုလည္းလႊင့္တင္ထားၿပီး ျပည္သူ႔အသံမွာ လည္း အၾကံျပဳခ်က္၊ အေတြးအျမင္၊ အခက္အခဲနဲ႔ ဆႏၵေတြကို ေပးပို႔ႏိုင္မွာျဖစ္ပါတယ္။

ဘိုးဘြားေထာက္ပံ့ေၾကးေလွ်ာက္ထားျခင္း၊ မူလတန္းႀကိဳေက်ာင္းတည္ေထာင္ခြင့္ျပဳမိန္႔ေလွ်ာက္ ထားျခင္း၊ ေသာက္သံုးေရရရွိသံုးစြဲမႈအေျခအေနတင္ျပခ်က္ စတဲ့ျပည္သူ႔၀န္ေဆာင္မႈေတြကိုလည္းေတြ႔ ရပါတယ္။ ကမာၻ႔ကုလသမဂၢ United Nations မွ ႏွစ္ႏွစ္တစ္ႀကိမ္ထုတ္ျပန္တဲ့ ႏိုင္ငံေတြရဲ႕ e-Government Survey Report 2018 ကိုလည္း ၀က္ဘ္ဆိုက္မွာလႊင့္တင္ထားတာေတြ႔ရပါတယ္။

[Unicode]

မကွေးတိုင်းဒေသကြီးအစိုးရရဲ့ဆောင်ရွက်ချက်တွေကိုကြည့်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်လွှင့်တင်လိုက် ကြောင်းသိရပါတယ်။

http://magwaygov.org/ ဖြစ်ပြီး Beta Version အဖြစ်လွှင့်တင်ထားကြောင်းတွေ့ရပါတယ်။ ၀က်ဘ် ဆိုက်မှာ သတင်းများ၊ ဆောင်းပါးများ၊ ၀န်ဆောင်မှုများ၊ အစိုးရအဖွဲ့၊ ကြေငြာချက်များ၊ ဆက်သွယ်ရန် စတဲ့ကဏ္ဍတွေကိုတွေ့ရပြီး e-Government ဆိုင်ရာဆောင်ရွက်ချက်အချို့ကိုလည်းတွေ့ရပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့တင်ဒါခေါ်ယူမှုတွေကိုလည်းလွှင့်တင်ထားပြီး ပြည်သူ့အသံမှာ လည်း အကြံပြုချက်၊ အတွေးအမြင်၊ အခက်အခဲနဲ့ ဆန္ဒတွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။

ဘိုးဘွားထောက်ပံ့ကြေးလျှောက်ထားခြင်း၊ မူလတန်းကြိုကျောင်းတည်ထောင်ခွင့်ပြုမိန့်လျှောက် ထားခြင်း၊ သောက်သုံးရေရရှိသုံးစွဲမှုအခြေအနေတင်ပြချက် စတဲ့ပြည်သူ့ဝန်ဆောင်မှုတွေကိုလည်းတွေ့ ရပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ United Nations မှ နှစ်နှစ်တစ်ကြိမ်ထုတ်ပြန်တဲ့ နိုင်ငံတွေရဲ့ e-Government Survey Report 2018 ကိုလည်း ၀က်ဘ်ဆိုက်မှာလွှင့်တင်ထားတာတွေ့ရပါတယ်။