မူးယစ်ဆေးဝါး တားဆီးရေးဆိုင်ရာအတွက် တိုင်ကြားရန်ဖုန်းနှင့် အီးမေးလ်များထုတ်ပြန်

[ Zawgyi ]




-ထွန်းထွန်း

[ Unicode ]

မူးယစ်ဆေးဝါး တားဆီးရေးဆိုင်ရာနဲ့ ပတ်သက်လို့ ဖုန်းနဲ့သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်း ကောင်းတိုင်ကြားနိုင်ပြီ ဖြစ်တယ်လို့သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဆေးဝါးအန္တရယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်ဖို့ သီးသန့်တယ်လီဖုန်း၊ သီးသန့်ဖက်စ်ဖုန်း၊ သီးသန့် အီးမေးလ်လိပ် စာတွေဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ ရုံးချိန်အတွင်းအဲဒီ တယ်လီဖုန်း၊ ဖက်စ်ဖုန်း၊ အီးမေးလ်လိပ်စာတို့ကို လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြား ရေးဌာနကနေ ထုတ်ပြန်ပါတယ်။ အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇-၅၉၀၂၃၃၊ အီးမေးလ်လိပ်စာ [email protected] ကို တိုင်ကြားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သည့် ဆေးဝါးအန္တရယ် တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာတဲ့ သတင်းအချက်အလက်တွေကို စနစ်တကျလက်ခံရယူနိုင်ဖို့ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးရဲ့ ၂၂.၆.၂၀၁၈. ရက်စွဲပါ ရုံးအမိန့် (၁၈၇/၂၀၁၈) နဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း