မူလတန်းအဆင့်ကလေးများ၏ သင်ယူမှုသုတေသန လုပ်ငန်းဆောင်ရွက်ခြင်း မိတ်ဆက်ဆွေးနွေးပွဲ ကျင်းပ

[ Zawgyi ]



SEA-PLM သည် ဒေသအလိုက် ပညာရေးစနစ်များအကြား သင်ယူမှုအကဲဖြတ်ခြင်းနဲ့ စံနှုန်းတွေအပေါ်မှာ အခြေခံကာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြည့်ရန်နဲ့ သင်ယူတတ်မြောက်မှု စွမ်းဆောင်ရည် မြှင့်တင်ခြင်းများကို အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ SEA-PLM အကဲဖြတ်မှုသည်ပညာရေး ဝန်ကြီးဌာနအတွက် ပညာရည်စစ်ဆေးအကဲဖြတ်မှု၊ ဆရာအတတ်ပညာနှင့် ကျောင်းစီမံခန့်ခွဲမှု အပါအဝင် ပညာရေးစနစ်တစ်ခုလုံး အရည်အသွေး ပိုမိုမြင့်မားလာအောင် ဆောင်ရွက်ရာမှာ အထောက်အပံ့ဖြစ်စေပြီး Sustainable Development Goal-4 ရဲ့အရှိန်အဟုန်ကို မြှင့်တင်ရန် အညွှန်းကိန်းများ ပြည့်မီရန်လည်း ပံ့ပိုးပေးပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေနဲ့ နှစ်ပေါင်းများစွာ ကျင့်သုံးနေတဲ့ အလွတ်ကျက်မှတ်မှု လျှော့ချရေးဆောင်ရွက်ရာမှာ တစ်နှစ်တစ်တန်း အောင်ရင်ပြီးရောစနစ်မျိုး မဟုတ်ဘဲ တတိယတန်း ကျောင်းသား၊ ကျောင်းသူအားလုံးကို အခြေခံ အရေး၊ အဖတ်၊ အတွက် တတ်ကျွမ်းအောင် စနစ်တကျသင်ကြားကာ အကဲဖြတ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ဝေဝေ

[ Unicode ]

အရှေ့တောင်အာရှ မူလတန်းအဆင့်ကလေးများရဲ့ သင်ယူမှုကိုလေ့လာ အကဲဖြတ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ မိတ်ဆက် ဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင်လ ၂ ရက်က နေပြည်တော် ပညာရေး ၀န်ကြီးဌာနရုံး အမှတ် ၁၃ ရှိ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရှေ့တောင်အာရှ မူလတန်းအဆင့် ကလေးများရဲ့ သင်ယူမှုကို လေ့လာအကဲဖြတ်ခြင်း (South-East Asia Primary Learning Metrics -SEA-PLM) ကို အကောင်အထည် ဖော်ခြင်းသည် အရှေ့တောင်အာရှ ဝန်ကြီးများအဖွဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ လုပ်ငန်းရလဒ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

SEA-PLM သည် ဒေသအလိုက် ပညာရေးစနစ်များအကြား သင်ယူမှုအကဲဖြတ်ခြင်းနဲ့ စံနှုန်းတွေအပေါ်မှာ အခြေခံကာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြည့်ရန်နဲ့ သင်ယူတတ်မြောက်မှု စွမ်းဆောင်ရည် မြှင့်တင်ခြင်းများကို အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ SEA-PLM အကဲဖြတ်မှုသည်ပညာရေး ဝန်ကြီးဌာနအတွက် ပညာရည်စစ်ဆေးအကဲဖြတ်မှု၊ ဆရာအတတ်ပညာနှင့် ကျောင်းစီမံခန့်ခွဲမှု အပါအဝင် ပညာရေးစနစ်တစ်ခုလုံး အရည်အသွေး ပိုမိုမြင့်မားလာအောင် ဆောင်ရွက်ရာမှာ အထောက်အပံ့ဖြစ််စေပြီး Sustainable Development Goal-4 ရဲ့အရှိန်အဟုန်ကို မြှင့်တင်ရန် အညွှန်းကိန်းများ ပြည့်မီရန်လည်း ပံ့ပိုးပေးပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေနဲ့ နှစ်ပေါင်းများစွာ ကျင့်သုံးနေတဲ့ အလွတ်ကျက်မှတ်မှု လျှော့ချရေးဆောင်ရွက်ရာမှာ တစ်နှစ်တစ်တန်း အောင်ရင်ပြီးရောစနစ်မျိုး မဟုတ်ဘဲ တတိယတန်း ကျောင်းသား၊ ကျောင်းသူအားလုံးကို အခြေခံ အရေး၊ အဖတ်၊ အတွက် တတ်ကျွမ်းအောင် စနစ်တကျသင်ကြားကာ အကဲဖြတ်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

-ဝေဝေ