မူပိုင်ခွင့် ချိုးဖောက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပိုမိုဖြုတ်ချမယ့် Facebook နဲ့ Instagram

Facebook နဲ့ Instagr‌am ကတော့ မူပိုင်ခွင့်ငြိစွန်းတဲ့ အရာတွေကို ပိုမိုဖြုတ်ချသွားပါမယ်။

Facebook အနေနဲ့ page admin တွေအားလုံးအတွက် မူပိုင်ခွင့်ကာကွယ်ဖို့ ဗီဒီယိုနဲ့ ရုပ်ပုံတင်သွင်းခွင့် ပြုလိုက်ပါတယ်။ အဲဒီ feature ကိုတော့ ကန့်သတ်ပူးပေါင်းထားသူတွေပဲ အသုံးပြုခွင့်ရှိရာကနေ အခြားသူတွေ အတွက်ပါ ထောက်ပံ့ပေးလိုက်ပါတယ်။

ဒါကြောင့် content ဖန်တီးသူနဲ့ အမှတ်တံဆိပ်တွေက Facebook နဲ့ Instagram မှာပြန်လည် upload လုပ်တဲ့ ဗီဒိယိုနဲ ရုပ်ပုံတွေကို ဖြုတ်ချပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါ့အပြင် content ဖန်တီးသူတွေက ကြော်ငြာနဲ့ ငွေရှာတဲ့ upload ပြန်လုပ်တဲ့ content နဲ့ပတ်သက်ပြီး ငွေကြေးမရှာဖွေတဲ့ option ကိုလည်း ရွေးချယ်နိုင်ပါပြီ။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««