မူပိုင်ခွင့်ရှိ ဓာတ်ပုံအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်အောင် Google ထောက်ပံ့

Google ဟာ Google Images မှာ မူပိုင်ခွင့်နဲ့ ကာကွယ်ထားတဲ့ ဓာတ်ပုံ ဒါမှမဟုတ် ရုပ်ပုံကို လိုင်စင်ရအောင် အလွယ်တကူ လုပ်နိုင်မယ့် update ကိုဖြန့်ချိလိုက်ပါတယ်။

အခု အပြောင်းအလဲက ထုတ်ဝေသူတွေ၊ ဓာတ်ပုံဆရာတွေနဲ့ အနုပညာရှင်ကို အကူအညီပေးနိုင်သလို သုံးစွဲသူတွေက အသုံးပြုနိုင်တဲ့ ပုံတွေကို အလွယ်တကူ ရှာဖွေလာနိုင်ပါမယ်။

လိုင်စင်အချက်အလက်ပါတဲ့ ဓာတ်ပုံတွေဆိုရင် Google ရှာဖွေမှုရလဒ်မှာ “Licensable” တံဆိပ်နဲ့ မြင်ရပါမယ်။

ဓာတ်ပုံကို နှိပ်လိုက်ရင် လိုင်စင်လိုအပ်ချက်နဲ့ မူပိုင်ခွင့် ဝယ်နိုင်မယ့် လင့်ခ်ကို ပြသပေးပါမယ်။ လိုင်စင်ယူလိုသူတွေက ဓာတ်ပုံပေါ်တဲ့ စာမျက်နှာက ဝယ်ယူမှု လင့်ခ်ကို အသေးစိတ်မြင်ရပါမယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««