မူပိုင္ခြင့္ ခ်ိဳးေဖာက္မႈျဖင့္ Fortnite Studio ကို PUBG ဂိမ္းဖန္တီးသူ တရားစြဲ

[ Zawgyi ]

PUBG ဂိမ္းဖန္တီးသူဟာ Fortnite ဂိမ္းဖန္တီးသူကုိ မူပုိင္ခြင္ခ်ိဳးေဖာက္မႈနဲ႔ တရားစြဲဆိုလိုက္ပါတယ္။

Fortnite ဟာ PUBG ရဲ႕မူပိုင္ခြင့္ေတြ ကူးယူထားျခင္း ရွိ၊ မရွိ တရား႐ုံးေတြမွာ အဆုံးအျဖတ္ခံယူဖို႔ ေတာင္ကိုရီးယားအေျခစုိက္ PUBG Corp က အေမရိကန္အေျခစိုက္ Epic Games ကို တရားစြဲဆိုခဲ့ပါတယ္။

Epic ကို ဇန္နဝါရီလက ဆိုးလ္ဗဟိုခရိုင္တရား႐ုံးမွာ တရားစြဲဆိုခဲ့တာ ျဖစ္တယ္လို႔ PUBG Corp က ေျပာၾကားခဲ့ပါတယ္။ အဲဒီတရားစြဲဆုိမႈကို Epic Games ရဲ႕ ဌာနခြဲတစ္ခုျဖစ္တဲ့ Epic Games Korea က တရားၿပိဳင္အျဖစ္ ရင္ဆုိင္မယ္လို႔ သိရပါတယ္။

PUBG သိရွိထားတဲ့ အေတြ႕အႀကဳံေတြကို Fortnite က ျပန္လည္ထုတ္လုပ္ေနတဲ့အေပၚ စိုးရိမ္ေနတယ္လုိ႔ PUBG Corp က စက္တင္ဘာလက ေျပာခဲ့ပါတယ္။ PUBG ဟာ ပထမဆုံး သီးသန္႔ကြဲထြက္ေနတဲ့ Battle Royale survival shooter game ျဖစ္တယ္လို႔ ကုမၸဏီကေျပာပါတယ္။

PUBG အေနနဲ႔ Epic Games ကို တရားစြဲဆိုရာမွာ ေတာင္းဆိုထားတဲ့ နစ္နာေၾကးကိုေတာ့ သတင္းမွာ မေဖာ္ျပထားပါဘူး။ Fortnite ရဲ႕ UI နဲ႔ gameplay အျပင္ ဖြဲ႕စည္းတည္ေဆာက္မႈနဲ႔သက္ဆုိင္တဲ့ ကူးယူမႈေတြအေပၚ စိုးရိမ္ပူပန္တယ္လုိ႔ PUBG Corp ကေျပာခဲ့ဖူးပါတယ္။ အဲဒီအရာေတြက PUBG နဲ႔ Fortnite ဂိမ္းႏွစ္ခုအၾကားက gameplay နဲ႔ စနစ္ေတြအၾကားက ဆင္တူမႈေတြနဲ႔ သက္ဆိုင္ေနပါတယ္။

PUBG Corp ဟာ Epic နဲ႔လုပ္ငန္းပိုင္း အဆက္အသြယ္ရွိခဲ့ၿပီး ကုိရီးယားကုမၸဏီက PUBG ဂိမ္းအတြက္ Epic ရဲ႕ Unreal Engine လိုင္စင္ေပးခဲ့ပါတယ္။

မႏွစ္က ဒီအခ်ိန္ေလာက္မွာ PUBG ဟာ နံပါတ္တစ္ battle royale game အျဖစ္ ေနရာယူထားေပမယ့္ လက္ရွိမွာေတာ့ Fortnite ကုိပဲ လူေတြက စိတ္ဝင္စားေနပါတယ္။ Epic ရဲ႕ Fortnite ဂိမ္းကုိ ကစားသူ အလြန္မ်ားျပားလာတဲ့အတြက္ ဝင္ေငြရရွိမႈလည္း ျမင့္တက္လာတယ္လို႔ သတင္းေတြက ေဖာ္ျပၾကပါတယ္။

Fortnite ဟာ ဧၿပီလ တစ္လတညး္မွာပဲ ဝင္ေငြ ေဒၚလာ သန္း ၃၀၀ ရရွိထားတယ္လို႔ သိရပါတယ္။

PUBG Corp ရဲ႕ Epic အေပၚတရားစြဲဆိုမႈဟာ ေတာင္ကိုရီးယားႏိုင္ငံမွာပဲ အက်ဳံးဝင္ပါတယ္။ PUBG က Epic ကို အေမရိကန္ႏို္င္ငံမွာ တရားစြဲဆိုထားျခင္း မရွိေသးဘူးလို႔ အေမရိကန္တရား႐ုံး database အရ သိရပါတယ္။

စိုးထက္
Ref: Gamespot

=======

[ Unicode ]

မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် Fortnite Studio ကို PUBG ဂိမ်းဖန်တီးသူ တရားစွဲ

=======

PUBG ဂိမ်းဖန်တီးသူဟာ Fortnite ဂိမ်းဖန်တီးသူကို မူပိုင်ခွင်ချိုးဖောက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

Fortnite ဟာ PUBG ရဲ့မူပိုင်ခွင့်တွေ ကူးယူထားခြင်း ရှိ၊ မရှိ တရားရုံးတွေမှာ အဆုံးအဖြတ်ခံယူဖို့ တောင်ကိုရီးယားအခြေစိုက် PUBG Corp က အမေရိကန်အခြေစိုက် Epic Games ကို တရားစွဲဆိုခဲ့ပါတယ်။

Epic ကို ဇန်နဝါရီလက ဆိုးလ်ဗဟိုခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ PUBG Corp က ပြောကြားခဲ့ပါတယ်။ အဲဒီတရားစွဲဆိုမှုကို Epic Games ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ Epic Games Korea က တရားပြိုင်အဖြစ် ရင်ဆိုင်မယ်လို့ သိရပါတယ်။

PUBG သိရှိထားတဲ့ အတွေ့အကြုံတွေကို Fortnite က ပြန်လည်ထုတ်လုပ်နေတဲ့အပေါ် စိုးရိမ်နေတယ်လို့ PUBG Corp က စက်တင်ဘာလက ပြောခဲ့ပါတယ်။ PUBG ဟာ ပထမဆုံး သီးသန့်ကွဲထွက်နေတဲ့ Battle Royale survival shooter game ဖြစ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။

PUBG အနေနဲ့ Epic Games ကို တရားစွဲဆိုရာမှာ တောင်းဆိုထားတဲ့ နစ်နာကြေးကိုတော့ သတင်းမှာ မဖော်ပြထားပါဘူး။ Fortnite ရဲ့ UI နဲ့ gameplay အပြင် ဖွဲ့စည်းတည်ဆောက်မှုနဲ့သက်ဆိုင်တဲ့ ကူးယူမှုတွေအပေါ် စိုးရိမ်ပူပန်တယ်လို့ PUBG Corp ကပြောခဲ့ဖူးပါတယ်။ အဲဒီအရာတွေက PUBG နဲ့ Fortnite ဂိမ်းနှစ်ခုအကြားက gameplay နဲ့ စနစ်တွေအကြားက ဆင်တူမှုတွေနဲ့ သက်ဆိုင်နေပါတယ်။

PUBG Corp ဟာ Epic နဲ့လုပ်ငန်းပိုင်း အဆက်အသွယ်ရှိခဲ့ပြီး ကိုရီးယားကုမ္ပဏီက PUBG ဂိမ်းအတွက် Epic ရဲ့ Unreal Engine လိုင်စင်ပေးခဲ့ပါတယ်။

မနှစ်က ဒီအချိန်လောက်မှာ PUBG ဟာ နံပါတ်တစ် battle royale game အဖြစ် နေရာယူထားပေမယ့် လက်ရှိမှာတော့ Fortnite ကိုပဲ လူတွေက စိတ်ဝင်စားနေပါတယ်။ Epic ရဲ့ Fortnite ဂိမ်းကို ကစားသူ အလွန်များပြားလာတဲ့အတွက် ဝင်ငွေရရှိမှုလည်း မြင့်တက်လာတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

Fortnite ဟာ ဧပြီလ တစ်လတညး်မှာပဲ ဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ရရှိထားတယ်လို့ သိရပါတယ်။

PUBG Corp ရဲ့ Epic အပေါ်တရားစွဲဆိုမှုဟာ တောင်ကိုရီးယားနိုင်ငံမှာပဲ အကျုံးဝင်ပါတယ်။ PUBG က Epic ကို အမေရိကန်နို်င်ငံမှာ တရားစွဲဆိုထားခြင်း မရှိသေးဘူးလို့ အမေရိကန်တရားရုံး database အရ သိရပါတယ်။

စိုးထက်
Ref: Gamespot