မုံရွာတက္ကသိုလ်မှ စီးပွားရေးဥပဒေပညာဒီပလိုမာ အချိန်ပိုင်းသင်တန်းအတွက် လျှောက်လွှာခေါ်ယူ

မုံရွာတက္ကသိုလ်ဥပဒေဌာနတွင် စီးပွားရေးဥပဒေပညာဒီပလိုမာ အချိန်ပိုင်းသင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှာ စတင် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါသင်တန်းကို နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ NGOs အမှုထမ်းတွေ ပုဂ္ဂလိကကဏ္ဍ ဆောင်ရွက်နေကြသူတွေ အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။

အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလ ၉ လ ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ တနင်္လာနေ့မှ သောကြာနေ့အထိ၊ နံနက် ၇ နာရီမှ ၉ နာရီ ဖြစ်ပါတယ်။ သင်တန်းကြေးမှာ နှစ်သိန်းကျပ်ဖြစ်ပြီး လျှောက်လွှာတွေကို နိုဝင်ဘာ ၁၄ ရက်မှ စတင် ရယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

-သန္တာ