မီးဘေးအန္တရာယ်ရှိတဲ့ Belkin ကြိုးမဲ့ charger ပြန်လည် သိမ်းဆည်း

Belkin ဟာ Apple လက်လီစတိုးနဲ့ အွန်လိုင်းစတိုးမှာရောင်းချတဲ့ Portable Wireless Charger + Stand Special Edition ကို‌ပြန်လည်သိမ်းဆည်းမယ်လို့ ကြေညာခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီထုတ်ကုန်က မီးဘေးနဲ့ လျှပ်စစ်ပိုင်း အန္တရာယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခု charger ကြောင့် မီးလောင်တာ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ်။ ၂၀၂၀ ဇူလိုင်လ နဲ့ အောက်တိုဘာလအတွင်း ရောင်းခဲ့တဲ့ Belkin ကြိုးမဲ့အားသွင်းစနစ် charger တွေကိုပဲ ပြန်လည်သိမ်းဆည်းမှာ ဖြစ်ပါတယ်။

အခုကြိုးမဲ့အားသွင်းစနစ် ထုတ်ကုန်မှာ 10,000mAh ပါဝင်ပြီး ဖုန်းတွေအတွက် 10W မြန်နှုန်းနဲ့ အားသွင်းပေးနိုင်ပါတယ်။ Charger မှာတော့ စွမ်းအင်ထောက်ပံ့တဲ့စနစ်မှာ ပြဿနာဖြစ်ပေါ်နေပြီး အားသွင်းတဲ့အခါ အပူချိန်လွန်ကဲပါတယ်။ ဒါကြောင့် မီးလောင်တာနဲ့ လျှပ်စစ်ရှော့ခ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ Belkin ကတော့ ထုတ်ကုန်ဝယ်ထားသူတွေ ဆက်အသုံးမပြုဖို့ အကြံပေးထားပြီး ငွေပြန်အမ်းသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««