
Android ပေါ်က တစ်ချို့ ရာသီဥတု app တွေက permission တွေကို လိုတာထက် ပိုတောင်းကြပါတယ်။ သုံးစွဲသူအချက်အလက်တွေကို ကြော်ငြာရှင်တွေနဲ့ အခြား third party တွေနဲ့ ဝေမျှသုံးစွဲပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး Google ကထောက်ပံ့ထားတဲ့ ရာသီဥတု app ကိုပဲ သုံးသင့်ပါတယ်။
ဒါပေမဲ့ Google app က မလုံလောက်လာတဲ့အခါ အစားထိုး သုံးနိုင်တဲ့ app (၈) ခုရှိပါတယ်။ အခုဖော်ပြမယ့် app (၈) ခုက အခမဲ့ဗားရှင်းဖြစ်ပြီး ကြော်ငြာတွေပါဝင်ပါတယ်။ အခကြေးငွေပေးသွင်းလိုက်ရင် ကြော်ငြာတွေ မပါတော့သလို အခြား feature တွေလည်း ပါလာပါမယ်။
Carrot က ကိုယ်ရည်ကိုယ်သွေးအတွက် ရာသီဥတုခန့်မှန်းချက်တွေ လုပ်ပေးနိုင်ပါတယ်။ အသံနဲ့ မှတ်ချက်ပြုတာ ဒါမှမဟုတ် တစ်ရက်တာ ဖြစ်ပျက်နေတဲ့ ရာသီဥတုကို စာပို့တာတွေ လုပ်ပေးပါတယ်။ သုံးစွဲသူက ကိုယ်ရည်ကိုယ်သွေးအမျိုးမျိုး (friendly, snarky, homicidal ဒါမှမဟုတ် overkill) နဲ့ နိုင်ငံရေးဆိုင်ရာ (liberal, conservative, centrist, libertarian, communist ဒါမှမဟုတ် apolitical) ဆိုပြီး နှစ်သက်ရာတစ်ခုခုကို သတ်မှတ်ထားနိုင်ပါတယ်။
1Weather ကလက်ရှိ ရာသီဥတု၊ ခန့်မှန်းချက်၊ မမျှော်လင့်ဘဲဖြစ်ပေါ်မှုနဲ့ နေနဲ့ လထွက်ချိန်၊ ဝင်ချိန်ကို မျက်နှာပြင်မျိုးစုံမှာ ပြသပေးနိုင်တဲ့ နာမည်ကျော် app ဖြစ်တယ်။
AccuWeather ကို စတေရှင်တော်တော်များများက ရာသီဥတုခန့်မှန်းတွေအဖြစ် အသုံးချကြပါတယ်။ AccuWeather ဝက်ဘ်ဆိုက်မှာ ဥက္ကာပျံပညာရှင်၊ ကမ္ဘာလုံးဆိုင်ရာရာသီဥတု ခန့်မှန်းချက်အင်ဂျင်နဲ့ အခြားရင်းမြစ်ကို ပေါင်းစပ်ပြီး သုံးစွဲသူ အချက်အလက်တွေရယူတယ်လို့ ဖော်ပြထားပါတယ်။
Today Weather ဟာ အလွန်ကြည့်ကောင်းတဲ့ app ဖြစ်ပါတယ်။ ရိုးရှင်းလွယ်တကူတဲ့ interface ရှိပြီး ယနေ့ဖြစ်ပေါ်တဲ့ ရာသီဥတုကို ပြသထားပါတယ်။ လာမယ့် ၂၄နာရီနဲ့ တစ်ပတ်အတွင်း ဖြစ်ပေါ်မယ့် ရာသီဥတုအသေးစိတ်အချက်အလက်ကို ကြည့်နိုင်ပါတယ်။
Appy Weather ဟာ တစ်ကိုယ်ရေလုံခြုံရေးအလေးပေးတဲ့ ရာသီဥတု app ဖြစ်ပါတယ်။ လက်ရှိတည်နေရာ ဒါမှမဟုတ် အခြားတည်နေရာက ရာသီဥတုကို စစ်ဆေးမလားဆိုပြီး မေးလေ့ရှိပါတယ်။ ရိုးရှင်းတဲ့ ရာသီဥတု app တစ်ခုဖြစ်ပါတယ်။
Overdrop ကလည်း ရိုးရှင်းပြီး လွယ်ကူစွာ နားလည်နိုင်ပါတယ်။ ရာသီဥတုကို နာရီလိုက်၊ ရက်သတ္တပတ်လိုက် ခန့်မှန်းထားတာကို ကြည့်နိုင်ပါတယ်။
နိုင်ငံတော်ဆိုင်ရာ သမုဒ္ဒရာနဲ့ လေထုပိုင်းဆိုင်ရာအဖွဲ့ (NOAA) ကဦးစီးတဲ့ National Weather Service ကနေ အချက်အလက်တွေ ရယူထားပါတယ်။ NOAA ကအချက်အလက်တွေက ရိုးရှင်းပြီး ဖတ်ရလွယ်ကူအောင် ပြုလုပ်ထားပါတယ်။
FlowX (WeatherBomb လို့သိခဲ့ကြ) ဟာ ရာသီဥတုနဲ့ ပတ်သက်ပြီး အလွန်အမင်းသိလိုစိတ်ပြင်းပြသူတွေအတွက် ထုတ်လုပ်ထားပါတယ်။ App ကိုဖွင့်လိုက်ရင် ရာသီဥတုမြေပုံနဲ့ အပူချိန်/ စိုထိုင်းမှု ကားချပ်တွေထက် စာသားအခြေခံတဲ့ ရာသီဥတု အနှစ်ချုပ်ကိုမြင်ရပါမယ်။
-စိုးထက်
Ref: TheVerge