မိုးပ်ံတကၠစီတစ္စင္း တည္ေဆာက္ေနတဲ့ Rolls-Royce

[ Zawgyi ]

ကမၻာ့အႀကီးဆံုး ခရီးသည္ေလယာဥ္ေတြအတြက္ အင္ဂ်င္ေတြကို ထုတ္လုပ္ေပးေနတဲ့ Rolls-Royce Holdings ဟာ အခုအခါ မိုးပ်ံတကၠစီတစ္စင္းကို တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနပါတယ္။

ကမၻာ့ဒုတိယအႀကီးဆံုး အင္ဂ်င္ထုတ္လုပ္တဲ့ကုမၸဏီဟာ ခရီးသည္ ေလးေယာက္ကေန ငါးေယာက္အထိ သယ္ေဆာင္ႏိုင္ၿပီး မိုင္ ၅၀၀ အကြာအေဝးကို တစ္နာရီ မုိင္၂၅၀ ႏႈန္းနဲ႔ ပ်ံသန္းႏိုင္မယ့္ concept hybrid-electric မိုးပ်ံယာဥ္တစ္စင္းကို ဖန္တီးေနတယ္လို႔ ဇူလုိင္ ၁၅ ရက္ (တနဂၤေႏြေန႔) က ထုတ္ျပန္ခဲ့ပါတယ္။ အဲ့ဒီ မိုးပ်ံယာဥ္မွာ ေဒါင္လိုက္အတက္အဆင္း လုပ္ႏုိင္ေစဖို႔အတြက္ ၉၀ ဒီဂရီလွည့္ႏိုင္တဲ့ ေတာင္ပံေတြပါဝင္ပါတယ္။

Rolls-Royce ဟာ ပူးတြဲေဆာင္ရြက္မယ့္ လုပ္ေဖာ္ကိုင္ဖက္ေတြကို ဆြဲေဆာင္ဖို႔အတြက္ ဒီတစ္ပတ္မွာက်င္းပမယ့္ Franborough ေလယာဥ္ျပပြဲမွာ ေလယာဥ္ကိုယ္ထည္တည္ေဆာက္သူေတြနဲ႔ electrical-systems supplier ေတြထံ အဆိုပါ concept မိုးပ်ံယာဥ္ကို ျပသသြားမွာျဖစ္ပါတယ္။

ဒီမိုးပ်ံယာဥ္ဟာ ၂၀၂၀ ခုႏွစ္ဝန္းက်င္မွာ ပ်ံသန္းဖို႔အတြက္ အသင့္ျဖစ္ေနမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Rolls-Royce ကို ၁၉၀၆ ခုႏွစ္က ကားကုမၸဏီတစ္ခုအေနနဲ႔ တည္ေထာင္ခဲ့ပါတယ္။ ကုမၸဏီရဲ႕ ပထမဆံုး ေလယာဥ္အင္ဂ်င္ကိုေတာ့ ပထမကမၻာစစ္အစမွာ တည္ေဆာက္ခဲ့ပါတယ္။ ဒီလုပ္ငန္းဟာ ၁၉၇၀ ဝန္းက်င္မွာ ခြဲထြက္ခဲ့ၿပီး ေလယာဥ္အင္ဂ်င္ဌာနကို အစိုးရက ဘ႑ာေရး အက်ပ္အတည္းကေန ကယ္ဆယ္ခဲ့ပါတယ္။ လက္ရိွမွာ Rolls-Royce Motor Cars ကို BMW AG က ပိုင္ဆိုင္ပါတယ္။

Ref: Bloomberg

[ Unicode ]

ကမ္ဘာ့အကြီးဆုံး ခရီးသည်လေယာဉ်တွေအတွက် အင်ဂျင်တွေကို ထုတ်လုပ်ပေးနေတဲ့ Rolls-Royce Holdings ဟာ အခုအခါ မိုးပျံတက္ကစီတစ်စင်းကို တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး အင်ဂျင်ထုတ်လုပ်တဲ့ကုမ္ပဏီဟာ ခရီးသည် လေးယောက်ကနေ ငါးယောက်အထိ သယ်ဆောင်နိုင်ပြီး မိုင် ၅၀၀ အကွာအဝေးကို တစ်နာရီ မိုင်၂၅၀ နှုန်းနဲ့ ပျံသန်းနိုင်မယ့် concept hybrid-electric မိုးပျံယာဉ်တစ်စင်းကို ဖန်တီးနေတယ်လို့ ဇူလိုင် ၁၅ ရက် (တနင်္ဂနွေနေ့) က ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ မိုးပျံယာဉ်မှာ ဒေါင်လိုက်အတက်အဆင်း လုပ်နိုင်စေဖို့အတွက် ၉၀ ဒီဂရီလှည့်နိုင်တဲ့ တောင်ပံတွေပါဝင်ပါတယ်။

Rolls-Royce ဟာ ပူးတွဲဆောင်ရွက်မယ့် လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဆောင်ဖို့အတွက် ဒီတစ်ပတ်မှာကျင်းပမယ့် Franborough လေယာဉ်ပြပွဲမှာ လေယာဉ်ကိုယ်ထည်တည်ဆောက်သူတွေနဲ့ electrical-systems supplier တွေထံ အဆိုပါ concept မိုးပျံယာဉ်ကို ပြသသွားမှာဖြစ်ပါတယ်။

ဒီမိုးပျံယာဉ်ဟာ ၂၀၂၀ ခုနှစ်ဝန်းကျင်မှာ ပျံသန်းဖို့အတွက် အသင့်ဖြစ်နေမယ်လို့ မျှော်လင့်ရပါတယ်။ Rolls-Royce ကို ၁၉၀၆ ခုနှစ်က ကားကုမ္ပဏီတစ်ခုအနေနဲ့ တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး လေယာဉ်အင်ဂျင်ကိုတော့ ပထမကမ္ဘာစစ်အစမှာ တည်ဆောက်ခဲ့ပါတယ်။ ဒီလုပ်ငန်းဟာ ၁၉၇၀ ဝန်းကျင်မှာ ခွဲထွက်ခဲ့ပြီး လေယာဉ်အင်ဂျင်ဌာနကို အစိုးရက ဘဏ္ဍာရေး အကျပ်အတည်းကနေ ကယ်ဆယ်ခဲ့ပါတယ်။ လက်ရှိမှာ Rolls-Royce Motor Cars ကို BMW AG က ပိုင်ဆိုင်ပါတယ်။

Ref: Bloomberg