မိုုးရာသီမွာ ကိုုယ့္ရဲ႕ Smart Phone ကိုု ေဘးကင္းေအာင္ ဘယ္လိုအသံုးျပဳမလဲ

[ Zawgyi ]

ယခုုအခါမွာ မိုုးရာသီအခ်ိန္ကာလကို ေရာက္လာၿပီျဖစ္ၿပီး ဖုုန္းေတြ ေရဝင္တတ္တဲ့ အေလ့အထကလည္း ဒီကာလေတြမွာ ေတာ္ေတာ္ေလး အျဖစ္မ်ားတာ ေတြရပါတယ္။ အခ်ိဳ႕စမတ္ဖုုန္း ပိုုင္ရွင္ေတြကေတာ့ ေရစိုုခံတဲ့ Smart phone ေတြ ကိုုင္ေဆာင္ထားတာေၾကာင့္ သိပ္ဂ႐ုစိုုက္စရာမရွိေပမယ့္ အခ်ိဳ႕ ဖုုန္းပိုုင္ရွင္ေတြကေတာ့ ေရစိုုရင္ပ်က္တတ္တဲ့ smart phone ေတြကိုု ကိုုင္ေဆာင္ထားၾကပါတယ္။

ေနာက္ၿပီး Smart Phone ေတြရဲ႕ ေစ်းႏႈန္းကလည္း မနညး္တာေၾကာင့္ တကယ္လို႔မ်ား ေရစိုပ်က္စီးတာပဲျဖစ္ျဖစ္၊ ေပ်ာက္သြားတာပဲျဖစ္ျဖစ္၊ ျပဳတ္က်ပ်က္စီး သြားတာပဲျဖစ္ျဖစ္၊ ျဖစ္သြားခဲ့ရင္ ေငြကုန္ေၾကးက် ထပ္မ်ားႏိုင္ပါတယ္။

ဒါေၾကာင့္ ကိုယ့္ရဲ႕ Smart Phone တစ္လံုး မပ်က္စီးရေလေအာင္ ဘယ္လိုအခ်က္ေလးေတြ သိထားသင့္ၿပီး မိုုးရာသီမွာ ဘယ္လိုမ်ိဳး အကာအကြယ္ေလးေတြ ျပဳလုပ္သြားသင့္တယ္ဆိုတာကို သိရွိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

Ziplock ပါတဲ့ ပလတ္စတစ္အိတ္နဲ႔ ထည့္သြားျခင္း ဒီနည္းလမ္းကေတာ့ အလြယ္ကူဆံုးနည္းလမ္းပဲ ျဖစ္ပါတယ္။ အိမ္မွာရွိတဲ့ အစားအေသာက္ေတြ ထည့္တာပဲျဖစ္ျဖစ္၊ စာရြက္စာတမ္းေတြ ထည့္တာျဖစ္ျဖစ္ အသံုးျပဳတဲ့ Ziplock အိတ္ေတြကို ေဆာင္ထားၿပီး အျပင္ထြက္တိုုင္း ယူသြားသင့္ပါတယ္။ အနည္းဆံုးေတာ့ ဒီအိတ္ေတြက ေရစိုမယ့္ဒဏ္ကို ေကာင္းေကာင္းကာကြယ္ ေပးႏိုင္တာေၾကာင့္ ဟိုနားဒီနား အျပင္ထြက္တဲ့ အခ်ိန္ေတြမွာ တကယ္လိုု႔ လိုုအပ္လာရင္ အလြယ္တကူသံုုးႏိုုင္ပါတယ္။ ဒါေပမဲ့ တကယ့္မိုုးအႀကီးအက်ယ္ ရြာၿပီဆိုရင္ေတာ့ ဒီ Ziplock အိတ္ေလာက္နဲ႔ သံုးစြဲလို႔ အဆင္မေျပေတာ့ပါဘူး။ ေရပမာဏမ်ားလာရင္ ေရေငြ႕႐ိုက္တာ ေတြျဖစ္ႏိုင္လို႔ ပိုလံုၿပီး ပိုေကာင္းတဲ့ အိတ္ကိုသံုးစြဲတာ သင့္ေတာ္ပါလိမ့္မယ္။

Waterproof အိတ္ေတြသံုးစြဲျခင္း

ဒါကေတာ့ လူတိုင္းသံုးစြဲေနတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။ ဖုန္းကိုအိတ္ထဲထည့္ၿပီး လြယ္သြားတာပဲျဖစ္ျဖစ္၊ လည္ပင္းမွာ ဆြဲသြားတာပဲျဖစ္ျဖစ္ လုပ္ႏိုင္တာေၾကာင့္ သယ္ေဆာင္ရလြယ္ကူၿပီး ဖုန္းေပ်ာက္တာေတြ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ waterproof အိတ္သံုးစြဲတဲ့ အခါမွာလည္း အရည္အေသြးေကာင္းတဲ့ အိတ္ကိုသံုးစြဲမယ္ ဆိုရင္ေတာ့ ပိုေကာင္းပါလိမ့္မယ္။ အခ်ိဳ႕ Waterproof အိတ္ေတြဟာ အျဖစ္သေဘာမ်ိဳးသာ ျပဳလုပ္ထားတာေၾကာင့္ တကယ့္ တကယ္သံုုးရင္ ေရေငြ႕မလံုတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ အိတ္အတြင္း ေငြ႕ရည္ဖြဲ႔ၿပီး ဖုန္းထဲ ေရဝင္သြားတတ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးအစားေကာင္းတဲ့ ေရလံုအိတ္ေတြကို ရွာဝယ္ဖို႔အႀကံျပဳ ခ်င္ပါတယ္။

ေလမႈတ္ရာဘာေဘာလံုးျဖင့္ ေရစိုဒဏ္ကာကြယ္ျခင္း

ကေလးေတြကစားေနတဲ့ ေလမႈတ္ရာဘာ ေဘာလံုးေတြဟာ Smart Phone ေတြကို ေရစိုဒဏ္မွ ကာကြယ္ေပးႏိုင္တယ္ဆိုတာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ဘယ္လိုအသံုးျပဳရလဲ ဆိုတာကေတာ့ နည္းနည္းစိတ္ဝင္စားဖို႔ေတာ့ ေကာင္းပါတယ္။ ေလမႈတ္ရာဘာ ေဘာလံုးထဲကို အတင္းထိုးထည့္တာ မဟုတ္ဘဲနဲ႔ ရာဘာေဘာလံုးကို ေလအရင္မႈတ္ထည့္ၿပီး ေလကို အရမ္းတင္းေအာင္ မႈတ္စရာေတာ့ မလိုပါဘူး။ စမတ္ဖုန္းကို ေဘာလံုးေပၚကေန ဖိခ်ရပါတယ္။ အဲလိုဖိခ်တဲ့အခ်ိန္မွာ လက္တစ္ဖက္ကေန ေလကိုေလ်ာ့့ေလ်ာ့ေပးလိုက္တဲ့ အခ်ိန္မွာ ေနာက္ဆံုး ရာဘာေဘာလံုး အခြံထဲကို စမတ္ဖုန္းကကြက္တိ ဝင္သြားပါလိမ့္မယ္။ အဲလိုအခ်ိန္ကေနစၿပီး ရာဘာေဘာလံုး အခြံကဖုန္းရဲ႕ ေရဝင္ႏိုင္တဲ့ အေပါက္ေတြ အကုန္လံုးကို ကာကြယ္ေပးထားၿပီး ျဖစ္တာေၾကာင့္ ေရစိုဒဏ္ကိုေကာင္း ေကာင္းခံႏိုင္သြားမွာ ျဖစ္ပါတယ္။

ဖုန္းအေဟာင္းတစ္လံုးနဲ႔ ေျပာင္းသံုးျခင္း

ကိုယ့္ဟာအရင္က ရွိၿပီးသားျဖစ္တဲ့ Keypad ဖုန္းအေဟာင္း တစ္လံုးပဲျဖစ္ျဖစ္၊ သံုးစြဲလို႔ရေသးတဲ့ ဖုန္းအေဟာင္း တစ္လံုးပဲျဖစ္ျဖစ္ ကိုုယ္ကမိုုးေရထဲ သြားလာေတာ့မယ္ဆိုုရင္ သံုးစြဲလို႔လည္း ရပါေသးတယ္။ တကယ္လို႔ ဖုန္းပ်က္စီးသြားတာေတြနဲ႔ ဖုန္းေပ်ာက္သြားတာေတြကို ေၾကာက္ေနစရာ မလိုေတာ့ပါဘူး။ ကိုယ့္ရဲ႕ဆံုးရႈံးမႈ ပမာဏကိုလည္း ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္ထပ္တစ္ခုက ကိုယ့္ဝယ္ထားတဲ့ ခပ္ေပါေပါ ေရလံုအိတ္နဲ႔လည္း ဖုန္းအေဟာင္းေလးကို အဆင္ေျပသလို ထည့္ၿပီးသံုးစြဲႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ မိုုးအႀကီးအက်ယ္ ရြာေလာက္ေတာ့မယ္လိုု႔ ထင္ထားၿပီး အျပင္ကိုုလည္း ေလွ်ာက္သြားဖိုု႔ရွိေနတယ္ဆိုုရင္ ဖုန္းအေဟာင္း တစ္လံုးကိုလည္း ရွာေဖြထားဖို႔မေမ့ပါနဲ႔။

ကိုယ့္ရဲ႕ Smart Phone ကို Multiple Device အျဖစ္မသံုးပါနဲ႔

Smart Phone တစ္လံုးမွာပါဝင္တဲ့ Feature ေတြဟာ အမ်ားအျပားရွိပါတယ္။ ကင္မရာသံုးႏိုင္မယ္၊ သီခ်င္းနားေထာင္ႏိုင္မယ္၊ အင္တာနက္သံုးႏိုင္မယ္ စတာအျပင္အျခား အမ်ားအျပား သံုးႏိုင္ပါေသးတယ္။ ဒါေပမဲ့ အဲဒါေတြကို မိုုးတြင္းမွာ သံုးစြဲေနမယ္ဆိုရင္ ဖုန္းပ်က္ဖို႔ နီးစပ္တာကို ေတြ႕ရပါတယ္။ စနစ္ေတြေၾကာင့္ ပ်က္တာမဟုတ္ဘဲ အဲဒီစနစ္ေတြကို သံုးစြဲဖို႔ အားထုတ္ေနတဲ့ အခ်ိန္မွာ ကိုယ့္ရဲ႕ ဖုန္းကို ေရဝင္သြားတာမ်ိဳးပဲျဖစ္ျဖစ၊္ တစ္စံုတစ္ေယာက္နဲ႔ တိုက္မိၿပီး လြတ္က်တာပဲျဖစ္ျဖစ္၊ လက္ကေခ်ာၿပီး ျပဳတ္က်တာပဲျဖစ္ျဖစ္ ျဖစ္သြားရင္ ဖုန္းပ်က္စီးႏိုင္တာေၾကာင့္ ကိုယ့္ရဲ႕ Smart Phone ကို သံုးမယ္ဆိုရင္ လံုၿခံဳစိတ္ခ်ရတဲ့ ေနရာမ်ိဳးမွာ ထားခဲ့ၿပီး အသံေခၚဆိုမႈ တစ္ခုတည္းအတြက္ပဲ သံုးစြဲသင့္ပါတယ္။ ဒါကလည္း ဒီဘက္ေခတ္ႀကီးမွာ ေတာ္ေတာ္ကို လုပ္ေဆာင္ဖို႔ခဲယဥ္းတဲ့ သတိေပးခ်က္ပဲ ျဖစ္ပါတယ္။

နားက်ပ္ျဖင့္ ဖုန္းေျပာဆိုျခင္း

ေစ်းမႀကီးတဲ့ earphone တစ္ခုကို ဆိုင္ကဝယ္ၿပီး ဒါမွမဟုတ္ အိမ္မွာရွိတယ္ဆိုရင္ မိုုးေရထဲမွာေလွ်ာက္သြားေနတဲ့အခ်ိန္ ယူသြားၿပီး ဖုန္းေျပာတဲ့အခါမွာ တပ္ဆင္သံုးစြဲႏုိင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖုန္းကို ထုတ္ၿပီး စကားေျပာေနခ်ိန္မွာ မိုုးေရေတြ စီးက်ၿပီး ဖုန္းထဲေရဝင္ႏိုင္ပါတယ္။ ေနာက္ၿပီး ေရလံုအိတ္နဲ႔ ဖုန္းေျပာတဲ့အခါမွာလည္း အသံကို သိပ္မၾကားရတဲ့ အခါမ်ိဳးလည္းရွိပါတယ္။

ဒါေၾကာင့္ ေစ်းေပါတဲ့ ear phone ကို တပ္ဆင္ၿပီးသံုးစြဲတာကပိုၿပီး သင့္ေတာ္ေကာင္းမြန္ေစပါတယ္။

ဆန္အိုးထဲထည့္ၿပီး ေရစိုဖုန္းကို ျပဳျပင္မယ္

တကယ္လို႔ ကိုယ့္ရဲ႕ဖုန္းဟာ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ ေရစိုသြားမယ္ဆိုပါက လုပ္ေဆာင္ရမယ့္ နည္းလမ္းကေတာ့ ခ်က္ခ်င္းပဲ ပါဝါပိတ္ဖို႔ လိုအပ္ပါတယ္။ ၿပီးရင္ အဝတ္စတစ္ခုနဲ႔ ေရစိုတာေတြကို သုတ္လိုက္ၿပီး အိမ္မွာရွိတဲ့ ဆန္အိုးထဲမွာပဲျဖစ္ျဖစ္ ဆန္ေတြကို ခြက္တစ္ခုထဲထည့္ၿပီး ဖုန္းကို ဆန္ေတြထဲကိုထည့္ကာ ၅ နာရီခန္႔ ထားလိုက္မယ္ဆိုရင္ ဖုန္းထဲက ေရေငြ႕ေတြကို ဖယ္ရွားလုိက္ႏိုင္မွာပဲ ျဖစ္ပါတယ္။ ေရေငြ႕ေတြ ကုန္သြားေလာက္ၿပီလို႔ ထင္ရတဲ့အခ်ိန္မွာ ဖုနး္ကိုပံုမွန္အတိုင္း ျပန္ဖြင့္လိုက္လို႔ရပါၿပီ။

စိုေနတဲ့ ဖုန္းကို Dryer နဲ႔ အေျခာက္မခံပါနဲ႔

ကိုယ့္ရဲ႕ ဖုန္းဟာ မေတာ္တဆ ေရစုိသြားမယ္ဆိုရင္ မလုပ္ရမယ့္ အေရႀကီးတဲ့ အခ်က္က Dryer သံုးၿပီး အေျခာက္ မခံပါနဲ႔ ။ အေတာ္မ်ားမ်ားေသာ ဖုန္းသံုးစြဲသူေတြက ဖုန္းေရစိုသြားရင္ အလ်င္အျမန္ပဲ Dryer နဲ႔ မႈတ္ၾကပါတယ္။ ဒါဟာမွားယြင္းတဲ့ အယူအဆတစ္ခုပဲ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဖုန္းထဲမွာပါဝင္တဲ့ ေသးငယ္လွတဲ့ Component ေလးေတြ ပ်က္စီးသြားႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ အေကာင္းဆံုးကေတာ့ ဆန္အိုးထဲမွာ ထည့္ထားတာက အေကာင္းဆံုးပဲျဖစ္ပါတယ္။

-စည္သူ

[ Unicode ]

ယခုုအခါမှာ မိုုးရာသီအချိန်ကာလကို ရောက်လာပြီဖြစ်ပြီး ဖုုန်းတွေ ရေဝင်တတ်တဲ့ အလေ့အထကလည်း ဒီကာလတွေမှာ တော်တော်လေး အဖြစ်များတာ တွေရပါတယ်။ အချို့စမတ်ဖုုန်း ပိုုင်ရှင်တွေကတော့ ရေစိုုခံတဲ့ Smart phone တွေ ကိုုင်ဆောင်ထားတာကြောင့် သိပ်ဂရုစိုုက်စရာမရှိပေမယ့် အချို့ ဖုုန်းပိုုင်ရှင်တွေကတော့ ရေစိုုရင်ပျက်တတ်တဲ့ smart phone တွေကိုု ကိုုင်ဆောင်ထားကြပါတယ်။

နောက်ပြီး Smart Phone တွေရဲ့ စျေးနှုန်းကလည်း မနညး်တာကြောင့် တကယ်လို့များ ရေစိုပျက်စီးတာပဲဖြစ်ဖြစ်၊ ပျောက်သွားတာပဲဖြစ်ဖြစ်၊ ပြုတ်ကျပျက်စီး သွားတာပဲဖြစ်ဖြစ်၊ ဖြစ်သွားခဲ့ရင် ငွေကုန်ကြေးကျ ထပ်များနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ Smart Phone တစ်လုံး မပျက်စီးရလေအောင် ဘယ်လိုအချက်လေးတွေ သိထားသင့်ပြီး မိုုးရာသီမှာ ဘယ်လိုမျိုး အကာအကွယ်လေးတွေ ပြုလုပ်သွားသင့်တယ်ဆိုတာကို သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Ziplock ပါတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်သွားခြင်း ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ အိမ်မှာရှိတဲ့ အစားအသောက်တွေ ထည့်တာပဲဖြစ်ဖြစ်၊ စာရွက်စာတမ်းတွေ ထည့်တာဖြစ်ဖြစ် အသုံးပြုတဲ့ Ziplock အိတ်တွေကို ဆောင်ထားပြီး အပြင်ထွက်တိုုင်း ယူသွားသင့်ပါတယ်။ အနည်းဆုံးတော့ ဒီအိတ်တွေက ရေစိုမယ့်ဒဏ်ကို ကောင်းကောင်းကာကွယ် ပေးနိုင်တာကြောင့် ဟိုနားဒီနား အပြင်ထွက်တဲ့ အချိန်တွေမှာ တကယ်လိုု့ လိုုအပ်လာရင် အလွယ်တကူသုုံးနိုုင်ပါတယ်။ ဒါပေမဲ့ တကယ့်မိုုးအကြီးအကျယ် ရွာပြီဆိုရင်တော့ ဒီ Ziplock အိတ်လောက်နဲ့ သုံးစွဲလို့ အဆင်မပြေတော့ပါဘူး။ ရေပမာဏများလာရင် ရေငွေ့ရိုက်တာ တွေဖြစ်နိုင်လို့ ပိုလုံပြီး ပိုကောင်းတဲ့ အိတ်ကိုသုံးစွဲတာ သင့်တော်ပါလိမ့်မယ်။

Waterproof အိတ်တွေသုံးစွဲခြင်း

ဒါကတော့ လူတိုင်းသုံးစွဲနေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဖုန်းကိုအိတ်ထဲထည့်ပြီး လွယ်သွားတာပဲဖြစ်ဖြစ်၊ လည်ပင်းမှာ ဆွဲသွားတာပဲဖြစ်ဖြစ် လုပ်နိုင်တာကြောင့် သယ်ဆောင်ရလွယ်ကူပြီး ဖုန်းပျောက်တာတွေ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ waterproof အိတ်သုံးစွဲတဲ့ အခါမှာလည်း အရည်အသွေးကောင်းတဲ့ အိတ်ကိုသုံးစွဲမယ် ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်။ အချို့ Waterproof အိတ်တွေဟာ အဖြစ်သဘောမျိုးသာ ပြုလုပ်ထားတာကြောင့် တကယ့် တကယ်သုံုးရင် ရေငွေ့မလုံတာမျိုးတွေဖြစ်တတ်ပါတယ်။ အိတ်အတွင်း ငွေ့ရည်ဖွဲ့ပြီး ဖုန်းထဲ ရေဝင်သွားတတ်ပါတယ်။ ဒါကြောင့် အမျိုးအစားကောင်းတဲ့ ရေလုံအိတ်တွေကို ရှာဝယ်ဖို့အကြံပြု ချင်ပါတယ်။

လေမှုတ်ရာဘာဘောလုံးဖြင့် ရေစိုဒဏ်ကာကွယ်ခြင်း

ကလေးတွေကစားနေတဲ့ လေမှုတ်ရာဘာ ဘောလုံးတွေဟာ Smart Phone တွေကို ရေစိုဒဏ်မှ ကာကွယ်ပေးနိုင်တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအသုံးပြုရလဲ ဆိုတာကတော့ နည်းနည်းစိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ လေမှုတ်ရာဘာ ဘောလုံးထဲကို အတင်းထိုးထည့်တာ မဟုတ်ဘဲနဲ့ ရာဘာဘောလုံးကို လေအရင်မှုတ်ထည့်ပြီး လေကို အရမ်းတင်းအောင် မှုတ်စရာတော့ မလိုပါဘူး။ စမတ်ဖုန်းကို ဘောလုံးပေါ်ကနေ ဖိချရပါတယ်။ အဲလိုဖိချတဲ့အချိန်မှာ လက်တစ်ဖက်ကနေ လေကိုလျော့့လျော့ပေးလိုက်တဲ့ အချိန်မှာ နောက်ဆုံး ရာဘာဘောလုံး အခွံထဲကို စမတ်ဖုန်းကကွက်တိ ဝင်သွားပါလိမ့်မယ်။ အဲလိုအချိန်ကနေစပြီး ရာဘာဘောလုံး အခွံကဖုန်းရဲ့ ရေဝင်နိုင်တဲ့ အပေါက်တွေ အကုန်လုံးကို ကာကွယ်ပေးထားပြီး ဖြစ်တာကြောင့် ရေစိုဒဏ်ကိုကောင်း ကောင်းခံနိုင်သွားမှာ ဖြစ်ပါတယ်။

ဖုန်းအဟောင်းတစ်လုံးနဲ့ ပြောင်းသုံးခြင်း

ကိုယ့်ဟာအရင်က ရှိပြီးသားဖြစ်တဲ့ Keypad ဖုန်းအဟောင်း တစ်လုံးပဲဖြစ်ဖြစ်၊ သုံးစွဲလို့ရသေးတဲ့ ဖုန်းအဟောင်း တစ်လုံးပဲဖြစ်ဖြစ် ကိုုယ်ကမိုုးရေထဲ သွားလာတော့မယ်ဆိုုရင် သုံးစွဲလို့လည်း ရပါသေးတယ်။ တကယ်လို့ ဖုန်းပျက်စီးသွားတာတွေနဲ့ ဖုန်းပျောက်သွားတာတွေကို ကြောက်နေစရာ မလိုတော့ပါဘူး။ ကိုယ့်ရဲ့ဆုံးရှုံးမှု ပမာဏကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်တစ်ခုက ကိုယ့်ဝယ်ထားတဲ့ ခပ်ပေါပေါ ရေလုံအိတ်နဲ့လည်း ဖုန်းအဟောင်းလေးကို အဆင်ပြေသလို ထည့်ပြီးသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိုုးအကြီးအကျယ် ရွာလောက်တော့မယ်လိုု့ ထင်ထားပြီး အပြင်ကိုုလည်း လျှောက်သွားဖိုု့ရှိနေတယ်ဆိုုရင် ဖုန်းအဟောင်း တစ်လုံးကိုလည်း ရှာဖွေထားဖို့မမေ့ပါနဲ့။

ကိုယ့်ရဲ့ Smart Phone ကို Multiple Device အဖြစ်မသုံးပါနဲ့

Smart Phone တစ်လုံးမှာပါဝင်တဲ့ Feature တွေဟာ အများအပြားရှိပါတယ်။ ကင်မရာသုံးနိုင်မယ်၊ သီချင်းနားထောင်နိုင်မယ်၊ အင်တာနက်သုံးနိုင်မယ် စတာအပြင်အခြား အများအပြား သုံးနိုင်ပါသေးတယ်။ ဒါပေမဲ့ အဲဒါတွေကို မိုုးတွင်းမှာ သုံးစွဲနေမယ်ဆိုရင် ဖုန်းပျက်ဖို့ နီးစပ်တာကို တွေ့ရပါတယ်။ စနစ်တွေကြောင့် ပျက်တာမဟုတ်ဘဲ အဲဒီစနစ်တွေကို သုံးစွဲဖို့ အားထုတ်နေတဲ့ အချိန်မှာ ကိုယ့်ရဲ့ ဖုန်းကို ရေဝင်သွားတာမျိုးပဲဖြစ်ဖြစ၊် တစ်စုံတစ်ယောက်နဲ့ တိုက်မိပြီး လွတ်ကျတာပဲဖြစ်ဖြစ်၊ လက်ကချောပြီး ပြုတ်ကျတာပဲဖြစ်ဖြစ် ဖြစ်သွားရင် ဖုန်းပျက်စီးနိုင်တာကြောင့် ကိုယ့်ရဲ့ Smart Phone ကို သုံးမယ်ဆိုရင် လုံခြံုစိတ်ချရတဲ့ နေရာမျိုးမှာ ထားခဲ့ပြီး အသံခေါ်ဆိုမှု တစ်ခုတည်းအတွက်ပဲ သုံးစွဲသင့်ပါတယ်။ ဒါကလည်း ဒီဘက်ခေတ်ကြီးမှာ တော်တော်ကို လုပ်ဆောင်ဖို့ခဲယဉ်းတဲ့ သတိပေးချက်ပဲ ဖြစ်ပါတယ်။

နားကျပ်ဖြင့် ဖုန်းပြောဆိုခြင်း

စျေးမကြီးတဲ့ earphone တစ်ခုကို ဆိုင်ကဝယ်ပြီး ဒါမှမဟုတ် အိမ်မှာရှိတယ်ဆိုရင် မိုုးရေထဲမှာလျှောက်သွားနေတဲ့အချိန် ယူသွားပြီး ဖုန်းပြောတဲ့အခါမှာ တပ်ဆင်သုံးစွဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းကို ထုတ်ပြီး စကားပြောနေချိန်မှာ မိုုးရေတွေ စီးကျပြီး ဖုန်းထဲရေဝင်နိုင်ပါတယ်။ နောက်ပြီး ရေလုံအိတ်နဲ့ ဖုန်းပြောတဲ့အခါမှာလည်း အသံကို သိပ်မကြားရတဲ့ အခါမျိုးလည်းရှိပါတယ်။

ဒါကြောင့် စျေးပေါတဲ့ ear phone ကို တပ်ဆင်ပြီးသုံးစွဲတာကပိုပြီး သင့်တော်ကောင်းမွန်စေပါတယ်။

ဆန်အိုးထဲထည့်ပြီး ရေစိုဖုန်းကို ပြုပြင်မယ်

တကယ်လို့ ကိုယ့်ရဲ့ဖုန်းဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရေစိုသွားမယ်ဆိုပါက လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ ချက်ချင်းပဲ ပါဝါပိတ်ဖို့ လိုအပ်ပါတယ်။ ပြီးရင် အဝတ်စတစ်ခုနဲ့ ရေစိုတာတွေကို သုတ်လိုက်ပြီး အိမ်မှာရှိတဲ့ ဆန်အိုးထဲမှာပဲဖြစ်ဖြစ် ဆန်တွေကို ခွက်တစ်ခုထဲထည့်ပြီး ဖုန်းကို ဆန်တွေထဲကိုထည့်ကာ ၅ နာရီခန့် ထားလိုက်မယ်ဆိုရင် ဖုန်းထဲက ရေငွေ့တွေကို ဖယ်ရှားလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ ရေငွေ့တွေ ကုန်သွားလောက်ပြီလို့ ထင်ရတဲ့အချိန်မှာ ဖုနး်ကိုပုံမှန်အတိုင်း ပြန်ဖွင့်လိုက်လို့ရပါပြီ။

စိုနေတဲ့ ဖုန်းကို Dryer နဲ့ အခြောက်မခံပါနဲ့

ကိုယ့်ရဲ့ ဖုန်းဟာ မတော်တဆ ရေစိုသွားမယ်ဆိုရင် မလုပ်ရမယ့် အရေကြီးတဲ့ အချက်က Dryer သုံးပြီး အခြောက် မခံပါနဲ့ ။ အတော်များများသော ဖုန်းသုံးစွဲသူတွေက ဖုန်းရေစိုသွားရင် အလျင်အမြန်ပဲ Dryer နဲ့ မှုတ်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့ အယူအဆတစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းထဲမှာပါဝင်တဲ့ သေးငယ်လှတဲ့ Component လေးတွေ ပျက်စီးသွားနိုင်တာကြောင့် ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဆန်အိုးထဲမှာ ထည့်ထားတာက အကောင်းဆုံးပဲဖြစ်ပါတယ်။

-စည်သူ