မိုဘုိင္းဖုန္း MHL နည္းပညာ

[ Zawgyi ]

MHL ဆိုတာကေတာ့ မိုဘုိင္းဖုန္းေတြကို HD TV ေတြနဲ႔ ခ်ိတ္ဆက္အသုံးျပဳႏုိင္ေစတဲ့ နည္းပညာတစ္ခုပဲ ျဖစ္ပါတယ္။ အခုဆို ရင္ USB Type-C ႀကိဳးေတြမွာ ပါ MHL နည္းပညာ ေထာက္ပံ့ ပါ၀င္လာၿပီျဖစ္ပါတယ္။ MHL ရဲ႕ အရွည္ကေတာ့ Mobile High-Definition Link (MHL) ျဖစ္ၿပီး ဒီနည္းပညာက မိုဘုိင္းဖုန္းထဲက ဗီဒီယုိ၊ အသံ၊ ဓာတ္ပုံစတာေတြ ကို HD TV ေတြဆီကို ေပးပို႔ႏုိင္ဖို႔အတြက္ အဓိက ေထာက္ပံ့လုပ္ေဆာင္ေပးတာ ျဖစ္ပါတယ္။

အဲဒီလိုမ်ဳိး HD TV ေတြနဲ႔ ခ်ိတ္ဆက္ အသုံးျပဳႏုိင္ဖို႔ အတြက္ ၾကားခံေကဘယ္ႀကိဳး အသုံးျပဳရမွာျဖစ္ၿပီး ဖုန္းထဲက အသံ၊ ဗီဒီယုိ စတာေတြကို ၾကားခံ ေကဘယ္လ္ႀကိဳးေပၚကေန HD TV ဆီကို ေပးပို႔ႏုိင္ဖို႔အတြက္ MHL နည္းပညာက အဓိက လုပ္ေဆာင္ေပးတာဆိုရင္လည္း မမွားပါဘူး။

ဒီနည္းပညာကို မိုဘုိင္းဖုန္းေတြမွာသာမကဘဲ Tablet PC ေတြနဲ႔ တျခားေသာ Portable အီလက္ထရြန္းနစ္ ထုတ္ကုန္ေတြမွာပါ စံတစ္ခုအေနနဲ႔ သတ္မွတ္ထည့္သြင္း အသုံးျပဳလာၿပီ ျဖစ္ပါတယ္။ အခုဆိုရင္ Adapters, Automotive ဆက္စပ္ပစၥည္း၊ AV receivers, Blu-ray Disc Players, Cables, DTVs, Media Sticks, Monitors, Projectors စတာေတြအျပင္ TV ဆက္စပ္ပစၥည္းစတာေတြမွာ ပါ MHL နည္းပညာ ေထာက္ပံ့ပါ၀င္လာၿပီ ျဖစ္ပါတယ္။

MHL အဖြဲ႔အစည္းကို ၂ဝ၁ဝ ခုႏွစ္၊ ဧၿပီလမွာ Nokia, Samsung, Silicon Image, Sony နဲ႔ Toshiba စတဲ့ ကုမၸဏီေတြက ဖြဲ႔စည္းတည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ၂ဝ၁ဝ ခုႏွစ္၊ ဇြန္လမွာ MHL Version 1.0 ကို စတင္ျဖန္႔ခ်ိခဲ့ၿပီး ၂ဝ၁၁ ခုႏွစ္၊ ေမလမွာေတာ့ ေစ်းကြက္ထဲကို MHL စနစ္ ေထာက္ပံ့ပါ၀င္တဲ့ ထုတ္ကုန္ေတြကို စတင္ျဖန္႔ခ်ိခဲ့တာလည္းျဖစ္ပါတယ္။

MHL ေကဘယ္လ္ေတြက MicroUSB ေခါင္းတစ္ဖက္ HDMI ေခါင္းတစ္ဖက္စီပါ၀င္ၿပီး MHL ေကဘယ္လ္ႀကိဳး ေတြက 1080p အရည္အေသြးျမင့္ ဗီဒီယုိေတြနဲ႔ 7.1 Channel surround အသံထြက္စနစ္ေတြထိကို ေထာက္ပ့ံပို႔ေဆာင္ေပးႏုိင္ၿပီ ျဖစ္ပါ တယ္။ MHL 2.0 ကေတာ့ 1080p အရည္အေသြး ဗီဒီယုိကို 8 Channel Digital အသံအရည္အေသြးထိ ေထာက္ပံ့ႏုိင္တယ္လို႔ ဆိုပါတယ္။

၂ဝ၁၅ ခုႏွစ္၊ ဇန္န၀ါရီလမွာေတာ့ 32-pin ပါ၀င္တဲ့ SuperMHL connector ကို မိတ္ဆက္ခဲ့ၿပီး ဗီဒီယုိ၊ အခ်က္ အလက္ေတြအျပင္ ဘက္ထရီအားသြင္းျခင္းအတြက္ပါ ေထာက္ပံ့ေပးႏုိင္ၿပီ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

MHL ဆိုတာကတော့ မိုဘိုင်းဖုန်းတွေကို HD TV တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်စေတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ အခုဆို ရင် USB Type-C ကြိုးတွေမှာ ပါ MHL နည်းပညာ ထောက်ပံ့ ပါ၀င်လာပြီဖြစ်ပါတယ်။ MHL ရဲ့ အရှည်ကတော့ Mobile High-Definition Link (MHL) ဖြစ်ပြီး ဒီနည်းပညာက မိုဘိုင်းဖုန်းထဲက ဗီဒီယို၊ အသံ၊ ဓာတ်ပုံစတာတွေ ကို HD TV တွေဆီကို ပေးပို့နိုင်ဖို့အတွက် အဓိက ထောက်ပံ့လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

အဲဒီလိုမျိုး HD TV တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ဖို့ အတွက် ကြားခံကေဘယ်ကြိုး အသုံးပြုရမှာဖြစ်ပြီး ဖုန်းထဲက အသံ၊ ဗီဒီယို စတာတွေကို ကြားခံ ကေဘယ်လ်ကြိုးပေါ်ကနေ HD TV ဆီကို ပေးပို့နိုင်ဖို့အတွက် MHL နည်းပညာက အဓိက လုပ်ဆောင်ပေးတာဆိုရင်လည်း မမှားပါဘူး။

ဒီနည်းပညာကို မိုဘိုင်းဖုန်းတွေမှာသာမကဘဲ Tablet PC တွေနဲ့ တခြားသော Portable အီလက်ထရွန်းနစ် ထုတ်ကုန်တွေမှာပါ စံတစ်ခုအနေနဲ့ သတ်မှတ်ထည့်သွင်း အသုံးပြုလာပြီ ဖြစ်ပါတယ်။ အခုဆိုရင် Adapters, Automotive ဆက်စပ်ပစ္စည်း၊ AV receivers, Blu-ray Disc Players, Cables, DTVs, Media Sticks, Monitors, Projectors စတာတွေအပြင် TV ဆက်စပ်ပစ္စည်းစတာတွေမှာ ပါ MHL နည်းပညာ ထောက်ပံ့ပါ၀င်လာပြီ ဖြစ်ပါတယ်။

MHL အဖွဲ့အစည်းကို ၂ဝ၁ဝ ခုနှစ်၊ ဧပြီလမှာ Nokia, Samsung, Silicon Image, Sony နဲ့ Toshiba စတဲ့ ကုမ္ပဏီတွေက ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂ဝ၁ဝ ခုနှစ်၊ ဇွန်လမှာ MHL Version 1.0 ကို စတင်ဖြန့်ချိခဲ့ပြီး ၂ဝ၁၁ ခုနှစ်၊ မေလမှာတော့ စျေးကွက်ထဲကို MHL စနစ် ထောက်ပံ့ပါ၀င်တဲ့ ထုတ်ကုန်တွေကို စတင်ဖြန့်ချိခဲ့တာလည်းဖြစ်ပါတယ်။

MHL ကေဘယ်လ်တွေက MicroUSB ခေါင်းတစ်ဖက် HDMI ခေါင်းတစ်ဖက်စီပါ၀င်ပြီး MHL ကေဘယ်လ်ကြိုး တွေက 1080p အရည်အသွေးမြင့် ဗီဒီယိုတွေနဲ့ 7.1 Channel surround အသံထွက်စနစ်တွေထိကို ထောက်ပ့ံပို့ဆောင်ပေးနိုင်ပြီ ဖြစ်ပါ တယ်။ MHL 2.0 ကတော့ 1080p အရည်အသွေး ဗီဒီယိုကို 8 Channel Digital အသံအရည်အသွေးထိ ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလမှာတော့ 32-pin ပါ၀င်တဲ့ SuperMHL connector ကို မိတ်ဆက်ခဲ့ပြီး ဗီဒီယို၊ အချက် အလက်တွေအပြင် ဘက်ထရီအားသွင်းခြင်းအတွက်ပါ ထောက်ပံ့ပေးနိုင်ပြီ ဖြစ်ပါတယ်။