မိုဘိုင်းဖုန်းနှင့် ရှမ်းဘာသာ စကားသင်ယူနိုင်ရန် စီစဉ်

10524806_10202409514420277_160750923_n.jpg

မိုဘိုင်းဖုန်းများမှတစ်ဆင့် တိုင်းရင်းသားဘာသာစကား တစ်ခုဖြစ်သည့် ရှမ်းဘာသာစကားကို သင်ယူနိုင်စေရန် အက်ပလီကေးရှင်းတစ်ခု ထုတ်လုပ်ပေးသွားမည်ဟု သိရသည်။

အက်ပလီကေးရှင်းကို Google Play ၌ Tai Learnner အမည်ဖြင့်အခမဲ့ တင်ဆက်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်၌စမ်းသပ်ဆဲ အဆင့်သာရှိသည့်အတွက် ဇူလိုင် တတိယအပတ်မှ တင်ဆက်ပေးနိုင်မည်ဟု သိရသည်။