မိုဘိုင်း YouTube app ရဲ့ Dark mode ကို ဘယ်လို Enable လုပ်မလဲ

YouTube ရဲ့ dark mode ကို ဝက်ဘ်ဆိုက်၊ iPhone, iPad,Android ဖုန်းတွေမှာ အလွယ်တကူ Enable လုပ်ပြီး သုံးနိုင်ပါတယ်။ YouTube app ကို dark mode နဲ့သုံးတဲ့အခါမှာ ဗီဒီယိုတွေကြည့်ရှုရတာ ပိုမိုကောင်းမွန်သလို မျက်စိကို ဖုန်း screen အလင်းရောင် ထိခိုက်မှုကိုလည်း လျော့ချနိုင်စေမှာဖြစ်ပါတယ်။

အရင်ဆုံး iPhone/iPad တွေရဲ့ YouTube app မှာ dark mode ကို Enable လုပ်တဲ့နည်းလမ်းကို ဖော်ပြပေးပါမယ်။ မိမိဖုန်းထဲက YouTube app ကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း မိမိရဲ့ Profile ပုံနေရာကို တစ်ချက်နှိပ်လိုက်ပါ။

(မှတ်ချက်။ Dark mode ကို သုံးဖို့အတွက် မိမိအနေနဲ့ YouTube မှာ Acc ဝင်ထားရမှာဖြစ်ပါတယ်။)

မိမိရဲ့ YouTube Account စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ Account စနစ်ထဲက Settings ဆိုတဲ့စာသားကို ထိပ်နှိပ်လိုက်ပါ။

Settings စနစ်ထဲရောက်သွားပါမယ်။ Settings စနစ်ထဲက Dark theme ဆိုတဲ့စာသားဘေးနားက ခလုတ်လေးကို ဖွင့်ပေးလိုက်ရင်တော့ မိမိရဲ့ YouTube app က dark mode အနေနဲ့ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

အဲဒီလိုပဲ Android ဖုန်းမှာလည်း မိမိရဲ့ YouTube app ကို ဖွင့်ပြီး Profile ပုံနေရာကို နှိပ်ကာ Account စနစ်ထဲကို ဝင်လိုက်ပါ။ Account စနစ်ထဲ ရောက်ရင်တော့ Settings စနစ်ထဲကို ဝင်ပြီး Dark theme ကို ဝင်ပြီး ပြောင်းပေးရမှာဖြစ်ပါတယ်။

မိမိဖုန်းရဲ့ YouTube app က နောက်ဆုံးထွက်ဗားရှင်းမဟုတ်သေးလို့ရှိရင်တော့ မိမိအနေနဲ့ Settings စနစ်ထဲက General စနစ်ထဲမှာ Dark theme ကို ရှာပြီး Enable လုပ်ပေးရမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း