
Facebook ဟာ desktop မှာ dark mode ကိုဖြန့်ချိပြီးနောက် မိုဘိုင်း app အတွက် dark mode ကို စမ်းသပ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။
တစ်ကမ္ဘာလုံးက Facebook သုံးစွဲသူ ရာခိုင်နှုန်းအနည်းငယ်အပေါ်မှာပဲ dark mode ကိုစမ်းသပ်နေပါတယ်။ ပြီးခဲ့တဲ့လက desktop အတွက် dark mode ဟာ အလင်းအားနည်းတဲ့ ပတ်ဝန်းကျင်အတွင်း အလင်းစူးကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။ Facebook မိုဘိုင်း သုံးစွဲသူတွေ ဘယ်တော့ dark mode ရမလဲဆိုတာ အတိအကျမသေးပါဘူး။
So I have dark mode on Facebook now. 😍 #darkmode #facebook #iOS14 pic.twitter.com/AuC5uYoMJ2
— 🐍🏀💜💛 (@NotFridayCraig) June 26, 2020
Facecbook က Instagram, WhatsApp အပြင် Facebook Messenger အတွက် မိုဘိုင်း dark mode ကိုဖြန့်ထားပါတယ်။ Twitter ကလည်း Android နဲ့ iOS မှာ dark mode ကိုထောက်ပံ့ထားပါတယ်။ ဒါ့အပြင် ဒီနှစ် အစောပိုင်းမှာ Google app dark mode ထွက်ရှိထားပါတယ်။
စိုးထက်
Ref: TheVerge