မိုဘိုင်းအတွက် ဖြန့်ချိမယ့် Apex Legends ဂိမ်း

EA စီအီးအိုဖြစ်သူ အန်ဒရူးဝီဆင်က နာမည်ကျော် battle royale ဂိမ်း Apex Legends ကို မိုဘိုင်းအတွက် ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ ရင်းနှီးမြှုပ်နှံသူ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

Apex Legends ဂိမ်းကို Xbox, PC နဲ့ PlayStation တွေမှာ ဖြန့်ချိထားပါတယ်။ EA အနေနဲ့ တိုးတက်လာတဲ့ မိုဘိုင်းဂိမ်းကဏ္ဍ အတွင်း ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားတော့မှာပါ။ ဒီနှစ်အစောပိုင်းမှာ Apex Legends ကိုဖန်တီးတဲ့ Respawn Entertainment ဟာ Nintendo Switch အတွက် ထောက်ပံ့ဖို့ လုပ်ကိုင်နေတယ်လို့ EA က ပြောထားပါတယ်။ ဒါကြောင့် မကြာခင်မှာ Android နဲ့ iOS အတွက်လည်း ထောက်ပံ့ဖို့ ဆောင်ရွက်နိုင်လာပါတယ်။

မိုဘိုင်းအတွက် Fortnite နဲ့ PUBG Mobile အောင်မြင်မှုရရှိဖို့ EA က လုပ်ဆောင်ဖွယ်ရှိတယ်။

စိုးထက်
Ref: GSMArena