မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျှော့ပေးခြင်းကို မိုဘိုင်းအော်ပရေတာများမှ ဆောက်ရွက်ပေးခဲ့

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ Covid 19 ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူမှ ကျယ်ကျယ်ပြန့်ပြန့် ရရှိရန်အတွက် အထောက်အကူပြုစေရေး၊ Work From Home ပြုလုပ်သူများအတွက် ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေစေရေး၊ အများပြည်သူများ သက်သာသောနှုန်းထားနဲ့ ဆက်သွယ်ပြောဆိုနိုင်ရေးတို့ကို ရည်ရွယ်၍ မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ အတွက် ထားရှိရမည့် အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို ၂၇-၃-၂၀၂၀ မှ ၃၀-၆-၂၀၂၀ အထိ ဖြေလျှော့ပေးခဲ့ပြီး အော်ပရေတာတွေအနေနဲ့ ယခုကာလအတွင်း အများပြည်သူများ သက်သာသောနှုန်းထားဖြင့် သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခနှုန်းထားများ လျှော့ချဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အော်ပရေတာများထံ ဝန်ဆောင်ခနှုန်းထားများ လျှော့ချရန် တိုက်တွန်းခဲ့ပြီးနောက် မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျှော့ပေါ့ပေးခြင်းကို မိုဘိုင်းအော်ပရေတာများမှ ဆောက်ရွက်ပေးခဲ့တယ်လို့ ထုန်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-အောင်သူ