မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျှော့ပေးခြင်းကို အော်ပရေတာလေးခုစလုံးမှ ဆောက်ရွက်ပေးခဲ့

မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျှော့ပေးခြင်းကို မိုဘိုင်းအော်ပရေတာလေးခုလုံးမှ ဆောက်ရွက်ပေးခဲ့ပြီဖြစ်ပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ Covid 19 ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက် တွေကို အများပြည်သူမှကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့အတွက် အထောက်အကူပြုစေရေး၊ Work From Home ပြုလုပ် သူများအတွက် ဆက်သွယ်ရေးကိစ္စရပ်များ အဆင်ပြေစေရေး၊ အများပြည်သူများ သက်သာသောနှုန်းထားနဲ့ ဆက်သွယ်ပြောဆိုနိုင်ရေးတို့ကို ရည်ရွယ်၍ မိုဘိုင်းဝန်ဆောင်ခနှုန်းထားများအတွက် ထားရှိရမယ့် အနိမ့်ဆုံးနှုန်းထား သတ်မှတ်ချက်ကို ၂၇-၃-၂၀၂၀ မှ ၃၀-၆-၂၀၂၀ အထိ ဖြေလျှော့ပေးခဲ့ပြီး အော်ပရေတာတွေအနေနဲ့ ယခုကာလအတွင်း အများပြည်သူများ သက်သာသောနှုန်းထားဖြင့် သုံးစွဲနိုင်ရေးအတွက် ဝန်ဆောင်ခနှုန်းထားများ လျှော့ချဆောင်ရွက် ပေးရန် တိုက်တွန်းခဲ့ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အော်ပရေတာများထံ ဝန်ဆောင်ခနှုန်းထားများ လျှော့ချရန်တိုက်တွန်းခဲ့ပြီး နောက် မိုဘိုင်းဝန်ဆောင်ခနှုန်းထားများ လျော့ပေါ့ပေးခြင်းကို မိုဘိုင်းအော်ပရေတာများမှလည်း ဆောက်ရွက်ပေးခဲ့တယ်လို့ ထုန်ပြန်ချက်မှာ ဖော်ပြထားပါတယ်။