မိုဘိုင်းပိုက်ဆံအိတ် အက်ပလီကေးရှင်း Citizens ကို စတင်မိတ်ဆက်

Capital Diamond Star Group (CDSG) အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Capital Connect မှ ကုန်သည်များ၊ ကိုယ်စားလှယ်ပေါင်းများစွာနဲ့ ကွန်ရက်ဆက်သွယ်ထားပြီး မြန်မာနိုင်ငံအနှံ့ ငွေပို့ငွေလွှဲခြင်း ငွေပေးချေခြင်းစတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန် ဒီဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ် အက်ပလီကေးရှင်း Citizens (MCB မှ ထောက်ပံ့ပေးထား) ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Citizens အနေနဲ့ ငွေသွင်းငွေထုတ်ပြုလုပ်ရန်အတွက် ဘဏ်သို့မသွားနိုင်သူများ၊ ဘဏ်စာရင်းမရှိသူများကို ပိုမိုသင့်တင့်တဲ့ ငွေလွှဲခနှုန်းထားနဲ့ ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်နေကြောင်း အချိန်မရွေး နေရာမရွေး ငွေပေးချေနိုင်တဲ့အတွက် အလုပ်များသူတွေအတွက်လည်း အချိန်ကုန်သက်သာစေကြောင်း၊ သုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်ခြင်းမှစ၍ လစဉ် ဘီလ်ပေးဆောင်ခြင်းများ၊ စျေးဝယ်စင်တာများတွင် QR Payment ဖြင့် ငွေရှင်းခြင်းများနဲ့ အွန်လိုင်စျေးဝယ်ခြင်းအတွက် ငွေရှင်းခြင်းမျာအးထိ Citizens app ကို အသုံးပြုပြီးလုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။

“ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ဆောင်ပုဒ် “ငွေကြေးကိစ္စ စိတ်ကြိုက်သုံး Citizens အကောင်းဆုံး” ဆိုတဲ့အတိုင်း Citizens ရဲ့အဓိကရည်ရွယ်ချက်က သုံးစွဲသူတွေကို အကန့်အသတ်မရှိတဲ့ လူနေမှုဘဝထဲက ဒစ်ဂျစ်တယ်ငွေပေးချေမှုပုံစံတွေနဲ့ ဝန်ဆောင်မှုပေးဖို့ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုတွေထဲမှာ မှတ်ပုံတင်ထားတဲ့ မိုဘိုင်းဖုန်းနံပါတ်ကိုင်ဆောင်သူ ဘယ်သူ့ကိုမဆို ငွေလွှဲပေးပို့ခြင်း၊ စျေးဝယ်ရာတွင် ငွေပေးချေခြင်း၊ ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) လစဥ်ဘီလ် ဆောင်ခြင်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကိုပိုမိုလွယ်ကူစေဖို့နဲ့ စိတ်ဝင်စားဖွယ်ရာ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု အစီအစဉ်တွေကိုလည်း လုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ Capital Connect Limited ရဲ့ CEO ဖြစ်သူ Mr. Wan Kup Yew က ပြောပါတယ်။

Citizens မှာအသုံးပြုသူတွေအတွက် စျေးကွက်အတွင်းရှိ‌ အခြားသော ငွေကြေးဝန်ဆောင်မှုတွေနဲ့ ယှဥ်ပါက အလွန် သင့်တင့်သော ငွေလွှဲနှုန်းထားတွေကို ချမှတ်ထားပြီး ရွေးချယ်စရာများ ပိုမိုပေးနိုင်ရန် ရည်ရွယ်ထားကြောင်း၊ အသုံးပြုသူများ ငွေပေးချေမှုတွင် အထူးလျှော့ဈေးများ၊ ချက်ချင်း ငွေသားပြန်ရမယ့် အစီအစဉ်များ၊ စုဆောင်းထားနိုင်သော ဆုမဲပွိုင့်ပေးခြင်းများ၊ ဆုလက်ဆောင်ပေးအပ်ခြင်းများ၊ ပွိုင့်နှင့်ပေးချေခြင်းများ စတဲ့ စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ဆုလာဘ် အစီအစဉ်တွေကို ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ၊ မိုဘိုင်းဖုန်းနံပါတ်နဲ့ မှတ်ပုံတင်တဲ့အခါ သုံးစွဲသူတွေဟာ Citizens ရဲ့ လုပ်ဆောင်ချက်တိုင်းကို အသုံးပြုခွင့်ရရှိမှာဖြစ်ကြောင်း၊ မှတ်ပုံတင်မိတ္တူ ၊selfie ဓာတ်ပုံနဲ့ လက်မှတ် ဖြင့် အကောင့်အဆင့်မြှင့်ကာ မိမိ Citizens အကောင့်နဲ့ ဘဏ်အကောင့်ချိတ်ဆက်မှုကို ပြုလုပ်နိုင်ပြီး၊ အသုံးပြုနိုင်မယ့် ငွေပမာဏ ပိုတိုးမြှင့်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။