မိုဘိုင်းနည်းပညာကိုအသုံးပြုပြီး တောင်သူလယ်သမားများအတွက် အသိပညာဖြန့်ဝေပေး

အူရီဒူးမြန်မာနဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ကို တောင်သူလယ်သမားများအတွက် မိုဘိုင်းနည်းပညာကို အသုံးပြုပြီး အသိပညာဖြန့်ဝေပေးနိုင်ရန် လိုအပ်သည့် ‌အိုင်တီပစ္စည်းများကို ပံ့ပိုးပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ကွန်ပျူတာများ၊ လက်ပ်တော့များ၊ ပရိုဂျက်တာများ၊ တက်ဘလက်များ၊ ကင်မရာများ၊ ပရင်တာများ၊ အသံဖမ်းစက်များ၊ အားဖြည့်သွင်းအသုံးပြုနိုင်ပြီး သယ်ဆောင်နိုင်တဲ့ အသံချဲ့စက်အပါအဝင် အိုင်တီပစ္စည်း ၅၀ ခန့်ကို ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) ၏ လုပ်ငန်းစဉ်တစ်ရပ် အနေဖြင့် ပံ့ပိုးပေးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စက်ကိရိယာများကို တောင်သူလယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသူတွေက အသက်မွေးမှုနယ်ပယ် အသီးသီးမှာ အသုံးဝင်စေမယ့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အကြံပြုချက်တွေနဲ့ အချိန်နှင့်တစ်ပြေးညီ မိုးဇလသတင်းတွေကို ရရှိနိုင်ရန်အတွက် မိုဘိုင်းသုံး အက်ပလီကေးရှင်းနဲ့ ဒစ်ဂျစ်တယ်ချန်နယ်လ်များကို အသုံးပြုပြီး ဖန်တီးဖြန့်ဝေပေးရန် အတွက် အသုံးပြုမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««