မိုဘိုင်းဆက်သွယ်ရေးတာဝါများနှင့် သင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် ထုတ်ဝေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး “မိုဘိုင်းဆက်သွယ်ရေးတာဝါများနှင့် သင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင်ကို ထုတ်ဝေလိုက်တယ်လို့ Posts and Telecommunications Department ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးတာဝါများမှ မိုဘိုင်းဆက်သွယ်ရေးတာဝါများရှိ ရေဒီယိုစက်ပစ္စည်းများ မှ ထုတ်လွှင့်နေတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေဟာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ သိရှိနိုင်ရန်အတွက် EMF တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းတာတွေ့ရှိတဲ့ရလဒ်တွေနဲ့ အများပြည်သူသို့ အသိပညာပေးခြင်းတွေကို အလေးထားဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

-အောင်သူ