မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးသူမ်ား ဗဟိုဘဏ္သို႔ အစီရင္ခံစာမ်ားပံုမွန္တင္ျပ ရန္သတ္မွတ္ထား

[ Zawgyi ]

မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးသူအေနနဲ႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က သတ္မွတ္ထားတဲ့အတိုင္း အစီရင္ခံစာေတြကို ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္သို႔ ပုံမွန္တင္ျပရမွာ ျဖစ္ေၾကာင္းသိရပါတယ္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနနဲ႔ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ား ဆိုင္ရာ စည္းမ်ဥ္းနဲ႔ ျမန္မာ ႏိုင္ငံေတာ္ ဗဟိုဘဏ္မွ အခါ အားေလ်ာ္စြာ ထုတ္ျပန္ထားတဲ့ ၾကပ္မတ္ကြပ္ကဲျခင္းဆိုင္ရာ စည္းမ်ဥ္းေတြကို လိုက္နာဖို႔ ပ်က္ကြက္တဲ့ မိုဘိုင္းေငြေရး ေၾကးေရး ဝန္ေဆာင္မႈေပးသူကို လိုအပ္တဲ့ အေရးယူ ေဆာင္႐ြက္မႈေတြ ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ အ႒မ ပုံမွန္အစည္းအေဝး (၁၃) ရက္ ေျမာက္က်င္းပရာကေနသိရပါတယ္။ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း ကေမးခြန္းေတြကိုေျဖၾကားခဲ့ရာမွာ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါ တယ္။

မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးသူက မိမိနဲ႔ ဆက္သြယ္ေဆာင္႐ြက္ သူေတြထံမွ မိုဘိုင္း စာရင္းသို႔ ႀကိဳတင္ေပးသြင္းထား ေငြေတြနဲ႔ ညီမွ်တဲ့ ေငြပမာဏကို ဘဏ္တစ္ခုခု သို႔မဟုတ္ တစ္ခုထက္ ပိုတဲ့ ဘဏ္ေတြမွာ ယုံၾကည္အပ္ႏွံ ေငြစာရင္း ဖြင့္လွစ္ ထိန္းသိမ္းထားရွိရမွာ ျဖစ္ေၾကာင္း၊ အဲဒီ ေငြကို ေငြျဖစ္လြယ္ ေသာ ရပိုင္ခြင့္ေတြအျဖစ္ ထားရွိရမွာ ျဖစ္ၿပီး ရရွိလာတဲ့ အတိုး သို႔မဟုတ္ အက်ိဳးအျမတ္ တစ္စုံတစ္ရာကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သို႔ တစ္ႏွစ္လွ်င္တစ္ႀကိမ္ တင္ျပရမွာ ျဖစ္ေၾကာင္းသိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူအနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့အတိုင်း အစီရင်ခံစာတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပုံမှန်တင်ပြရမှာ ဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆိုင်ရာ စည်းမျဉ်းနဲ့ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ အခါ အားလျော်စွာ ထုတ်ပြန်ထားတဲ့ ကြပ်မတ်ကွပ်ကဲခြင်းဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်တဲ့ မိုဘိုင်းငွေရေး ကြေးရေး ဝန်ဆောင်မှုပေးသူကို လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး (၁၃) ရက် မြောက်ကျင်းပရာကနေသိရပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကမေးခွန်းတွေကိုဖြေကြားခဲ့ရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါ တယ်။

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူက မိမိနဲ့ ဆက်သွယ်ဆောင်ရွက် သူတွေထံမှ မိုဘိုင်း စာရင်းသို့ ကြိုတင်ပေးသွင်းထား ငွေတွေနဲ့ ညီမျှတဲ့ ငွေပမာဏကို ဘဏ်တစ်ခုခု သို့မဟုတ် တစ်ခုထက် ပိုတဲ့ ဘဏ်တွေမှာ ယုံကြည်အပ်နှံ ငွေစာရင်း ဖွင့်လှစ် ထိန်းသိမ်းထားရှိရမှာ ဖြစ်ကြောင်း၊ အဲဒီ ငွေကို ငွေဖြစ်လွယ် သော ရပိုင်ခွင့်တွေအဖြစ် ထားရှိရမှာ ဖြစ်ပြီး ရရှိလာတဲ့ အတိုး သို့မဟုတ် အကျိုးအမြတ် တစ်စုံတစ်ရာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တစ်နှစ်လျှင်တစ်ကြိမ် တင်ပြရမှာ ဖြစ်ကြောင်းသိရပါတယ်။

-ထွန်းထွန်း