မိုဘိုင္းဝက္ဘ္ဆိုက္ကုိ ျပန္လည္ျပင္ဆင္လိုက္တဲ့ Yahoo Mail

[ Zawgyi ]

အခမဲ့ အီးေမးလ္ဝန္ေဆာင္မႈျဖစ္တဲ့ Yahoo Mail ကို လက္ရိွမွာ Verizon က ပုိင္ဆိုင္ထားၿပီး ကမ႓ာတစ္ဝန္းမွာရိွတဲ့ သုံးစြဲသူ ၂၂၇ သန္းေက်ာ္က အီးေမးလ္ေပါင္း ၂၆ ဘီလ်ံကို ေန႔စဥ္လက္ခံရရွိေနပါတယ္။

ဒီကေန႔မွာေတာ့ မိုဘိုင္း app ရဲ႕ အလားတူ feature ေတြပါဝင္တဲ့ မိုဘိုင္းဝက္ဘ္ဆုိက္ဗားရွင္းသစ္ကို Yahoo Mail က လႊင့္တင္ခဲ့ပါတယ္။

Mail မုိဘုိင္းဝက္ဘ္ဆုိက္ကုိ ျပန္လည္ျပင္ဆင္မႈဟာ ကမၻာတစ္ဝန္းက ဖုန္းသုံးစြဲသူေတြကုိ အေကာင္းဆုံး အေတြ႕အႀကဳံေတြ ရရွိေစမယ္လို႔ Yahoo ကေျပာခဲ့ပါတယ္။

Yahoo Mail မိုဘိုင္းဝက္ဘ္ဆိုက္မွာ swipe လုပ္ၿပီး အီးေမးလ္ေတြ ဖ်က္ပစ္တာ ဒါမွမဟုတ္ mark as read ျပဳလုပ္တာအျပင္ feature တခ်ိဳ႕လည္း ပါဝင္လာပါတယ္။ ဒါ့အျပင္ folder ေတြစုစည္းေပးထားတဲ့ sidebar menu, အီးေမးလ္လိပ္စာေတြ ရွာေဖြဖို႔ auto-suggest, infinite scrolling inbox နဲ႔ အီးေမးလ္ေတြအေပၚ ျမန္ဆန္တဲ့ လုပ္ေဆာင္ခ်က္ေတြ ျပဳလုပ္ဖုိ႔ toolbar တစ္ခုလည္းပါဝင္လာပါတယ္။

မုိဘုိင္းဝက္ဘ္ဆိုက္ဗားရွင္းမွာ ေနာက္ခံကုိ အလင္းနဲ႔ အေမွာင္ အေရာင္ေတြ ေျပာင္းလဲႏိုင္တဲ့ option ေတြလည္း ပါဝင္ပါတယ္။

Yahoo Mail ဟာ မိုဘိုင္းဝက္ဘ္ဆိုက္သစ္နဲ႔အတူ ေပါ့ပါးတဲ့ Android ဗားရွင္းအသုံးျပဳၿပီး ေဈးႏႈန္းသက္သာတဲ့ စမတ္ဖုန္းေတြျဖစ္တဲ့ Android Go ထုတ္ကုန္ေတြအတြက္ app ကိုလည္း ျဖန္႔ခ်ိလိုက္ပါတယ္။

Yahoo Mail ရဲ႕ Android Go ဗားရွင္းမွာ သမား႐ိုးက် Yahoo Mail Android app တည္ေဆာက္မႈကိုပဲ အသုံးျပဳထားၿပီး အဓိက feature အမ်ားစုပါဝင္လာပါတယ္။ ဒါေပမဲ့ RAM အသုံးျပဳမႈကို 50MB ေအာက္အထိ ေလွ်ာ႔ခ်ထားပါတယ္။

စိုးထက္
Ref: AndroidAuthority

[ Unicode ]

အခမဲ့ အီးမေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Yahoo Mail ကို လက်ရှိမှာ Verizon က ပိုင်ဆိုင်ထားပြီး ကမ႓ာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူ ၂၂၇ သန်းကျော်က အီးမေးလ်ပေါင်း ၂၆ ဘီလျံကို နေ့စဉ်လက်ခံရရှိနေပါတယ်။

ဒီကနေ့မှာတော့ မိုဘိုင်း app ရဲ့ အလားတူ feature တွေပါဝင်တဲ့ မိုဘိုင်းဝက်ဘ်ဆိုက်ဗားရှင်းသစ်ကို Yahoo Mail က လွှင့်တင်ခဲ့ပါတယ်။

Mail မိုဘိုင်းဝက်ဘ်ဆိုက်ကို ပြန်လည်ပြင်ဆင်မှုဟာ ကမ္ဘာတစ်ဝန်းက ဖုန်းသုံးစွဲသူတွေကို အကောင်းဆုံး အတွေ့အကြုံတွေ ရရှိစေမယ်လို့ Yahoo ကပြောခဲ့ပါတယ်။

Yahoo Mail မိုဘိုင်းဝက်ဘ်ဆိုက်မှာ swipe လုပ်ပြီး အီးမေးလ်တွေ ဖျက်ပစ်တာ ဒါမှမဟုတ် mark as read ပြုလုပ်တာအပြင် feature တချို့လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် folder တွေစုစည်းပေးထားတဲ့ sidebar menu, အီးမေးလ်လိပ်စာတွေ ရှာဖွေဖို့ auto-suggest, infinite scrolling inbox နဲ့ အီးမေးလ်တွေအပေါ် မြန်ဆန်တဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ဖို့ toolbar တစ်ခုလည်းပါဝင်လာပါတယ်။

မိုဘိုင်းဝက်ဘ်ဆိုက်ဗားရှင်းမှာ နောက်ခံကို အလင်းနဲ့ အမှောင် အရောင်တွေ ပြောင်းလဲနိုင်တဲ့ option တွေလည်း ပါဝင်ပါတယ်။

Yahoo Mail ဟာ မိုဘိုင်းဝက်ဘ်ဆိုက်သစ်နဲ့အတူ ပေါ့ပါးတဲ့ Android ဗားရှင်းအသုံးပြုပြီး ဈေးနှုန်းသက်သာတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Android Go ထုတ်ကုန်တွေအတွက် app ကိုလည်း ဖြန့်ချိလိုက်ပါတယ်။

Yahoo Mail ရဲ့ Android Go ဗားရှင်းမှာ သမားရိုးကျ Yahoo Mail Android app တည်ဆောက်မှုကိုပဲ အသုံးပြုထားပြီး အဓိက feature အများစုပါဝင်လာပါတယ်။ ဒါပေမဲ့ RAM အသုံးပြုမှုကို 50MB အောက်အထိ လျှော့ချထားပါတယ်။

စိုးထက်
Ref: AndroidAuthority