မိုဘိုင္းဖုန္းအသံုးျပဳသူ အမ်ိဳးသမီးမ်ား လူမႈကြန္ရက္ Application ကို ပိုမိုအသံုးျပဳဟုဆို

[ Zawgyi ]

မိုဘိုင္းဖုန္းအသံုးျပဳသူ အမ်ိဳးသမီးေတြရဲ႕ စိတ္သေဘာထားကို ေကာက္ခံထားတဲ့ စစ္တမ္းအရ ျမန္မာအမ်ိဳးသမီး အမ်ားစုဟာ လူမႈကြန္ရက္အက္ပလီေကးရွင္းကို အမ်ားဆံုးအသံုးျပဳေၾကာင္း Telenor ရဲ႕ စစ္တမ္းေကာက္ခံခ်က္အရ သိရပါတယ္။

အဲဒီစစ္တမ္းကို ျမန္မာႏိုင္ငံအပါအဝင္ ထိုင္း၊ မေလးရွာ၊ စကၤာပူ၊ ဆီြဒင္နဲ႔ ေနာ္ေဝႏိုင္ငံ အစရွိ တဲ့ႏိုင္ငံေတြက အသက္ ၂၀ နဲ႔ ၄၀ ၾကားက အလုပ္လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးေပါင္း ၁,၃၀၀ ဆီက စစ္တမ္းေကာက္ယူခဲ့ျခင္းျဖစ္ေၾကာင္းထုတ္ျပန္ပါတယ္။

ျမန္မာအမ်ိဳးသမီးေတြအေနနဲ႔ မိုဘိုင္းဖုန္း ေပၚမွာ အမ်ားဆံုးလုပ္ေဆာင္တဲ့ အရာ ၃ ခုမွာ လူမႈကြန္ရက္အသံုးျပဳျခင္း၊ သတင္းဖတ္ရႈ႕ ျခင္းနဲ႔ ဖုန္းေခၚဆိုျခင္းတို႔ ျဖစ္ပါတယ္။ အမ်ိဳးသမီး ၅၀ ရာခိုင္ႏႈန္းကေန ၈၀ ရာခိုင္ ႏႈန္းခန္႔ဟာ လူမႈကြန္ရက္ Application ကိုသာ အမ်ားဆံုးအသံုးျပဳေၾကာင္း ေဖာ္ျပထားပါတယ္။

“ေယဘုယ်အားျဖင့္ အမ်ိဳးသမီးေတြရဲ႕ ေျဖၾကားခ်က္ကို ၾကည့္မယ္ဆိုရင္ မိုဘိုင္းဖုန္းေတြဟာ သူတို႔ရဲ႕ ကိုယ္ပိုင္လူေနမႈဘဝနဲ႔ လုပ္ငန္းခြင္ လူေနမႈဘဝေတြကို မွ်တေအာင္ ေနထိုင္တတ္ဖို႔ အ ေထာက္အကူျဖစ္ေစတဲ့ အရာေတြထဲက တစ္ခုျဖစ္တယ္လို႔ ေျဖၾကားခဲ့ၾကပါတယ္၊ မိုဘိုင္းဖုန္းေတြကို လုပ္ငန္းခြင္ေတြမွာ ထင္သလို စြဲစြဲၿမဲၿမဲ အသံုးျပဳေနၾကတာမ်ိဳး မဟုတ္ပါဘူး၊

အလုပ္လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ မိုဘိုင္း စက္ပစၥည္းေတြကို ေဖ်ာ္ေျဖေရးအတြက္၊ ေနာက္ၿပီး မိတ္ေဆြ၊ သူငယ္ခ်င္းေတြကို ဆက္သြယ္ႏိုင္ဖို႔နဲ႔ သူတို႔ရဲ႕ မြန္းက်ပ္တဲ့ ေန႔စဥ္လူေနမႈဘဝေတြကေန ခဏတာ စိတ္ထြက္ေပါက္တစ္ခုအျဖစ္ပဲ အသံုးျပဳေနၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္” လို႔ Telenor လုပ္ငန္းစု ထုတ္ကုန္စီမံခန္႔ခြဲေရးႏွင့္ သံုးစြဲသူမ်ားဆုိင္ရာ သုေတသနဌာနရဲ႕ တာဝန္ရွိသူ Erica Gibson က ေျပာၾကားခဲ့ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

မိုဘိုင်းဖုန်းအသုံးပြုသူ အမျိုးသမီးတွေရဲ့ စိတ်သဘောထားကို ကောက်ခံထားတဲ့ စစ်တမ်းအရ မြန်မာအမျိုးသမီး အများစုဟာ လူမှုကွန်ရက်အက်ပလီကေးရှင်းကို အများဆုံးအသုံးပြုကြောင်း Telenor ရဲ့ စစ်တမ်းကောက်ခံချက်အရ သိရပါတယ်။

အဲဒီစစ်တမ်းကို မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ မလေးရှာ၊ စင်္ကာပူ၊ ဆွီဒင်နဲ့ နော်ဝေနိုင်ငံ အစရှိ တဲ့နိုင်ငံတွေက အသက် ၂၀ နဲ့ ၄၀ ကြားက အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးပေါင်း ၁,၃၀၀ ဆီက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသမီးတွေအနေနဲ့ မိုဘိုင်းဖုန်း ပေါ်မှာ အများဆုံးလုပ်ဆောင်တဲ့ အရာ ၃ ခုမှာ လူမှုကွန်ရက်အသုံးပြုခြင်း၊ သတင်းဖတ်ရှု့ ခြင်းနဲ့ ဖုန်းခေါ်ဆိုခြင်းတို့ ဖြစ်ပါတယ်။ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင် နှုန်းခန့်ဟာ လူမှုကွန်ရက် Application ကိုသာ အများဆုံးအသုံးပြုကြောင်း ဖော်ပြထားပါတယ်။

“ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ ဖြေကြားချက်ကို ကြည့်မယ်ဆိုရင် မိုဘိုင်းဖုန်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လူနေမှုဘဝနဲ့ လုပ်ငန်းခွင် လူနေမှုဘဝတွေကို မျှတအောင် နေထိုင်တတ်ဖို့ အ ထောက်အကူဖြစ်စေတဲ့ အရာတွေထဲက တစ်ခုဖြစ်တယ်လို့ ဖြေကြားခဲ့ကြပါတယ်၊ မိုဘိုင်းဖုန်းတွေကို လုပ်ငန်းခွင်တွေမှာ ထင်သလို စွဲစွဲမြဲမြဲ အသုံးပြုနေကြတာမျိုး မဟုတ်ပါဘူး၊

အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ မိုဘိုင်း စက်ပစ္စည်းတွေကို ဖျော်ဖြေရေးအတွက်၊ နောက်ပြီး မိတ်ဆွေ၊ သူငယ်ချင်းတွေကို ဆက်သွယ်နိုင်ဖို့နဲ့ သူတို့ရဲ့ မွန်းကျပ်တဲ့ နေ့စဉ်လူနေမှုဘဝတွေကနေ ခဏတာ စိတ်ထွက်ပေါက်တစ်ခုအဖြစ်ပဲ အသုံးပြုနေကြတာကို မြင်တွေ့ခဲ့ရပါတယ်” လို့ Telenor လုပ်ငန်းစု ထုတ်ကုန်စီမံခန့်ခွဲရေးနှင့် သုံးစွဲသူများဆိုင်ရာ သုတေသနဌာနရဲ့ တာဝန်ရှိသူ Erica Gibson က ပြောကြားခဲ့ပါတယ်။