မိုဘိုင္းဖုန္းမွာပါတဲ့ HDR mode ထက္ပိုေကာင္းတဲ့ HDR App နဲ႔ ဓာတ္ပံုေတြကို ႐ိုက္ကူးျခင္း

[ Zawgyi ]

မိုဘိုင္းဖုန္းန႔ ႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြကိုပဲျဖစ္ျဖစ္ HDR App ကို သံုးစြဲၿပီး ႐ိုက္ကူးျခင္းပဲျဖစ္ျဖစ္ အေကာင္းဆံုး HDR App ကိုေရြးခ်ယ္ႏိုင္ဖို႔က အထူးကိုအေရးႀကီး လွပါတယ္။ App ရဲ႕စြမ္းေဆာင္ရည္ေကာင္းတာနဲ႔ ဓာတ္ပံုရဲ႕ အရည္အေသြးက တက္လာေစႏိုင္မွာျဖစ္ၿပီး ဓာတ္ပံုတစ္ပံုကို ၾကည့္႐ႈသူတစ္ေယာက္အေနနဲ႔လည္း အႏုပညာအရသာတစ္ခုကို ရရွိႏိုင္မွာပဲ ျဖစ္ပါတယ္။ Smart ဖုန္းေတြမွာ ကင္မရာနဲ႔အတူ HDR စနစ္ေတြ ေပါင္းစပ္ထည့္သြင္း ထားတာေတြရွိသလို အခ်ိဳ႕ Smart ဖုန္းေတြမွာ HDR Function ေတြ မပါတတ္ပါဘူး။ ဒါေၾကာင့္ HDR စနစ္မပါတဲ့ ဖုန္းေတြေကာ ပါဝင္တဲ့ဖုန္းေတြအတြက္ပါ အသံုးျပဳႏိုင္တဲ့ HDR App ေတြ ေျမာက္ျမားစြာရွိတဲ့ အထဲကမွ အေကာင္းဆံုး ျဖစ္ႏိုင္ မယ့္ app ေတြ ေရြးခ်ယ္သံုးႏိုင္ေအာင္ စုစည္းေပးလိုက္ပါတယ္။

Pro HDR X Apps

ဒီ App ဟာ HDR App ေတြထဲမွာPopularအျဖစ္ဆံုး App တစ္ခုပဲ ျဖစ္ပါတယ္။ iOS အတြက္ ထုတ္လုပ္ထားတဲ့ App ျဖစ္ၿပီးဓာတ္ပံုရဲ႕ ႐ုပ္ထြက္ ပိုမိုျပတ္သားေတာက္ပမႈကို အထူးျပဳျပင္ ထုတ္လုပ္ေပးႏိုင္မွာ ျဖစ္ပါတယ္။

လုပ္ေဆာင္ခ်က္

App ရဲ႕ အလုပ္လုပ္ပံုက ႐ိုက္ကူးထားတဲ့ ဓာတ္ပံုရဲ႕ exposure ကို ျမႇင့္တင္ေပးႏိုင္သလို ဓာတ္ပံုကို Layer သံုးခုခြဲေပးၿပီး ဒီ Layer
ေတြေပၚမွာ ခ်ိန္ညိႇမႈေတြကို ျပဳလုပ္ေပးႏိုင္မွာျဖစ္ပါတယ္။ ဓာတ္ပံုရဲ႕အလင္းအေမွာင္ ႐ုပ္ထြက္ျပတ္ သားမႈေတြကလည္း ယခင္႐ိုက္ထားတဲ့ ဓာတ္ပံုနဲ႔ လံုးဝကြာျခားသြားမွာ ျဖစ္ပါတယ္။ ေနာက္ထပ္ ျပဳလုပ္ႏိုင္ဖို႔အတြက္ Filter ေပါင္းေျမာက္ျမားစြာ ထည့္သြင္းေပးထားပါတယ္။

သံုးသပ္ခ်က္

ဒီ App က ဘယ္ေလာက္ပဲအေကာင္းဆံုး HDR စနစ္ကိုဖန္တီးႏိုင္ တယ္လို႔ဆိုေပမယ့္ ကြန္ပ်ဴတာေတြမွာသံုးတဲ့ Software ေတြေလာက္ေတာ့ မစြမ္းႏိုင္ပါဘူး။

HDR Camera

Android ဖုန္းေတြမွာ ထည့္သံုးႏိုင္တဲ့ HDR App ေတြထဲမွာေတာ့ HDR Camera App က အေကာင္းဆံုးလို႔ ဆိုႏိုင္ပါတယ္။ ဓာတ္ပံုေတြကို အေကာင္းဆံုး ႐ုပ္ထြက္ေတြ ဖန္တီးႏိုင္ေအာင္ ကူညီလုပ္ေဆာင္ေပးမွာ ျဖစ္သလို အသံုးျပဳရတာလည္း လြယ္ကူေစပါတယ္။

လုပ္ေဆာင္ခ်က္

HDR Camera App ဟာ ႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြကို အေကာင္းဆံုး အလန္းဆံုးျဖစ္ေအာင္ ကိုယ္လိုခ်င္တဲ့ ပံုစံေတြကို ေရြးခ်ယ္လိုက္တာနဲ႕ App က အလိုအေလ်ာက္ processing ျပဳလုပ္ခ်ိန္ညိႇ လုပ္ေဆာင္ေပးမွာ ျဖစ္ပါတယ္။ ဓာတ္ပံုေတြမွာ ႐ုပ္ထြက္ျပတ္သားမႈနဲ႔ အေသးစိတ္ေဖာ္ျပႏိုင္မႈေတြမွာ သိသာစြာ ကြာျခားသြားတာကို ျမင္ေတြ႕ရမွာပါ။

သံုးသပ္ခ်က္

HDR App ဟာဓာတ္ပံုေတြကို Edit လုပ္တဲ့အခါမွာ လိုအပ္ေနတဲ့ HDR လုပ္ေဆာင္ခ်က္အတြက္သာ သင့္ေတာ္ပါတယ္။

Vivid HDR

Vivid HDR Apps က iPhone နဲ႕ iPad ေတြမွာ ထည့္သြင္းအသံုးျပဳ တဲ့ေနရာမွာ အေကာင္းဆံုးေသာ HDR App ပဲျဖစ္ပါတယ္။ လြယ္ကူစြာသံုးႏိုင္ျခင္း၊ အေရာင္ထုတ္ေပးႏိုင္မႈ ေကာင္းမြန္ျခင္းနဲ႔ Professional နီးပါးေလာက္ကို ဖန္တီးသံုးစြဲႏိုင္ျခင္းတို႔ဟာ Vivid HDR ကို သံုးစြဲရျခင္း အတြက္ အားသာခ်က္ေတြ ျဖစ္လာပါတယ္။

လုပ္ေဆာင္ခ်က္

HDR App ေတြထဲမွာ အျမန္ဆံုးလုပ္ေဆာင္မႈေတြ လုပ္ေပးႏိုင္တဲ့ App တစ္ခုျဖစ္ၿပီး Exposure ကိုလည္း မတူညီတဲ့ အျမင္မ်ားစြာနဲ႔ ေရြးခ်ယ္ႏိုင္ပါမယ္။ ဓာတ္ပံုေတြကို ျပဳျပင္ရာမွာလည္း လြယ္ကူတဲ့နည္းလမ္းေတြ ပါဝင္ၿပီးနည္းပညာနဲ႔ ယဥ္ပါးမႈမရွိရင္ေတာင္မွပဲ ေကာင္း ေကာင္းသံုးစြဲႏိုင္ပါတယ္။ HDR နဲ႔ ပတ္သတ္တဲ့ Effect ေပါင္းေျမာက္ျမားစြာ ပါဝင္ၿပီးေရြးခ်ယ္ သံုးစြဲႏိုင္ပါတယ္။

သံုးသပ္ခ်က္

ဒီ App မွာပါတဲ့ အခ်ိဳ႕ေသာ လုပ္ေဆာင္ခ်က္ေတြက High Contrast ဓာတ္ပံုေတြကို ျဖစ္ေပၚေစတယ္ဆိုေပမယ့္ အျခားေသာ HDR Apps ေတြထက္ေတာ့ ပိုေကာင္းတာေတြ႕ရပါတယ္။

Simply HDR

Android ဖုန္းေတြနဲ႔ေကာ iPhone ေတြမွာပါ သံုးႏိုင္ေအာင္ ထုတ္ေပးထားတဲ့ HDR App တစ္ခုပဲျဖစ္ပါတယ္။ ဓာတ္ပံုေတြရဲ႕ ႐ုပ္ ထြက္ေတြကို လံုးဝေျပာင္းလဲသြားႏိုင္ေအာင္ ဖန္တီးေပးႏိုင္မယ့္ App တစ္ခုျဖစ္ၿပီး ေရြးခ်ယ္သံုးစြဲသင့္တဲ့ App တစ္ခုပဲ ျဖစ္ပါတယ္။

လုပ္ေဆာင္ခ်က္

႐ိုက္ကူးထားတဲ့ ဓာတ္ပံုေတြကို App ထဲကိုထည့္လိုက္တာနဲ႔ ဓာတ္ပံုေတြရဲ႕ Contrast ေတြ အလင္းအေမွာင္ေတြကို အလိုအေလ်ာက္ ခ်ိန္ညိႇေပးၿပီး HDR ဓာတ္ပံုေတြ ရရွိႏိုင္မွာျဖစ္ပါတယ္။ လိုခ်င္တဲ့ ဓာတ္ပံုပံုစံေတြ ရရွိေအာင္လည္း ခ်ိန္ညိႇသံုးစြဲႏိုင္တဲ့ Effect ေတြ မ်ားစြာ ပါဝင္ပါတယ္။

သံုးသပ္ခ်က္

အခ်ိဳ႕ေသာ ဓာတ္ပံုေတြကိုခ်ိန္ညိႇတဲ့ စနစ္ေတြေၾကာင့္ ထြက္ေပၚ လာတဲ့ ဓာတ္ပံု႐ုပ္ထြက္ဟာ အံ့ၾသစရာျဖစ္ရပါတယ္။ ဒါေပမဲ့ အခ်ိဳ႕ Contrast ေတြနဲ႔ Tools ေတြရဲ႕ Design သိပ္မေကာင္းတာ ေတြ႕ရပါတယ္။

Camera HDR Studio

Camera HDR Studio ဟာ HDR ဓာတ္ပံုေကာင္းေကာင္းေတြကို ရရွိႏိုင္ဖို႔အတြက္ HDR algorithm နည္းပညာကိုသံုးစြဲၿပီး HDR ဓာတ္ပံုအစစ္အမွန္ေတြကို ထုတ္ေပးမွာပဲ ျဖစ္ပါတယ္။ HDR camera App ဟာ သံုးစြဲရတာလြယ္ကူၿပီး အလိုအေလ်ာက္ ဓာတ္ပံုေတြကို ျပဳျပင္ေပးမွာ ျဖစ္ပါတယ္။

လုပ္ေဆာင္ခ်က္

App မွာ ပါဝင္တဲ့ လုပ္ေဆာင္မႈေတြက HDR Mode ၉ ခုနဲ႔ အထက္ပါဝင္ၿပီး Effect ေပါင္း ၅၀ နဲ႕ အႏုပညာေျမာက္တဲ့ Effect ေပါင္း ၁၂ ခုေလာက္ ပါဝင္တာကိုေတြ႕ရပါတယ္။ တစ္စကၠန္႔မွာဓာတ္ပံု ၃၀ ေလာက္ကို ျမန္ျမန္႐ိုက္ကူးႏိုင္တဲ့ Super fast speed နည္းပညာကိုလည္း ေပါင္းစပ္ထည့္ေပးထားပါတယ္။

သံုးသပ္ခ်က္

ဒီ App ဟာ Photo Filter ေတြမပါဝင္တဲ့ Stream Line App တစ္ခုျဖစ္ၿပီး တစ္ခါတစ္ရံမွာ processing လုပ္ေနရင္း app က crash ျဖစ္ၿပီး ပိတ္သြားတတ္ပါတယ္။

-စည္သူ

[ Unicode ]

မိုဘိုင်းဖုန်းန့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုပဲဖြစ်ဖြစ် HDR App ကို သုံးစွဲပြီး ရိုက်ကူးခြင်းပဲဖြစ်ဖြစ် အကောင်းဆုံး HDR App ကိုရွေးချယ်နိုင်ဖို့က အထူးကိုအရေးကြီး လှပါတယ်။ App ရဲ့စွမ်းဆောင်ရည်ကောင်းတာနဲ့ ဓာတ်ပုံရဲ့ အရည်အသွေးက တက်လာစေနိုင်မှာဖြစ်ပြီး ဓာတ်ပုံတစ်ပုံကို ကြည့်ရှုသူတစ်ယောက်အနေနဲ့လည်း အနုပညာအရသာတစ်ခုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ Smart ဖုန်းတွေမှာ ကင်မရာနဲ့အတူ HDR စနစ်တွေ ပေါင်းစပ်ထည့်သွင်း ထားတာတွေရှိသလို အချို့ Smart ဖုန်းတွေမှာ HDR Function တွေ မပါတတ်ပါဘူး။ ဒါကြောင့် HDR စနစ်မပါတဲ့ ဖုန်းတွေကော ပါဝင်တဲ့ဖုန်းတွေအတွက်ပါ အသုံးပြုနိုင်တဲ့ HDR App တွေ မြောက်မြားစွာရှိတဲ့ အထဲကမှ အကောင်းဆုံး ဖြစ်နိုင် မယ့် app တွေ ရွေးချယ်သုံးနိုင်အောင် စုစည်းပေးလိုက်ပါတယ်။

Pro HDR X Apps

ဒီ App ဟာ HDR App တွေထဲမှာPopularအဖြစ်ဆုံး App တစ်ခုပဲ ဖြစ်ပါတယ်။ iOS အတွက် ထုတ်လုပ်ထားတဲ့ App ဖြစ်ပြီးဓာတ်ပုံရဲ့ ရုပ်ထွက် ပိုမိုပြတ်သားတောက်ပမှုကို အထူးပြုပြင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

App ရဲ့ အလုပ်လုပ်ပုံက ရိုက်ကူးထားတဲ့ ဓာတ်ပုံရဲ့ exposure ကို မြှင့်တင်ပေးနိုင်သလို ဓာတ်ပုံကို Layer သုံးခုခွဲပေးပြီး ဒီ Layer
တွေပေါ်မှာ ချိန်ညှိမှုတွေကို ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံရဲ့အလင်းအမှောင် ရုပ်ထွက်ပြတ် သားမှုတွေကလည်း ယခင်ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ လုံးဝကွာခြားသွားမှာ ဖြစ်ပါတယ်။ နောက်ထပ် ပြုလုပ်နိုင်ဖို့အတွက် Filter ပေါင်းမြောက်မြားစွာ ထည့်သွင်းပေးထားပါတယ်။

သုံးသပ်ချက်

ဒီ App က ဘယ်လောက်ပဲအကောင်းဆုံး HDR စနစ်ကိုဖန်တီးနိုင် တယ်လို့ဆိုပေမယ့် ကွန်ပျူတာတွေမှာသုံးတဲ့ Software တွေလောက်တော့ မစွမ်းနိုင်ပါဘူး။

HDR Camera

Android ဖုန်းတွေမှာ ထည့်သုံးနိုင်တဲ့ HDR App တွေထဲမှာတော့ HDR Camera App က အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဓာတ်ပုံတွေကို အကောင်းဆုံး ရုပ်ထွက်တွေ ဖန်တီးနိုင်အောင် ကူညီလုပ်ဆောင်ပေးမှာ ဖြစ်သလို အသုံးပြုရတာလည်း လွယ်ကူစေပါတယ်။

လုပ်ဆောင်ချက်

HDR Camera App ဟာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အကောင်းဆုံး အလန်းဆုံးဖြစ်အောင် ကိုယ်လိုချင်တဲ့ ပုံစံတွေကို ရွေးချယ်လိုက်တာနဲ့ App က အလိုအလျောက် processing ပြုလုပ်ချိန်ညှိ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာ ရုပ်ထွက်ပြတ်သားမှုနဲ့ အသေးစိတ်ဖော်ပြနိုင်မှုတွေမှာ သိသာစွာ ကွာခြားသွားတာကို မြင်တွေ့ရမှာပါ။

သုံးသပ်ချက်

HDR App ဟာဓာတ်ပုံတွေကို Edit လုပ်တဲ့အခါမှာ လိုအပ်နေတဲ့ HDR လုပ်ဆောင်ချက်အတွက်သာ သင့်တော်ပါတယ်။

Vivid HDR

Vivid HDR Apps က iPhone နဲ့ iPad တွေမှာ ထည့်သွင်းအသုံးပြု တဲ့နေရာမှာ အကောင်းဆုံးသော HDR App ပဲဖြစ်ပါတယ်။ လွယ်ကူစွာသုံးနိုင်ခြင်း၊ အရောင်ထုတ်ပေးနိုင်မှု ကောင်းမွန်ခြင်းနဲ့ Professional နီးပါးလောက်ကို ဖန်တီးသုံးစွဲနိုင်ခြင်းတို့ဟာ Vivid HDR ကို သုံးစွဲရခြင်း အတွက် အားသာချက်တွေ ဖြစ်လာပါတယ်။

လုပ်ဆောင်ချက်

HDR App တွေထဲမှာ အမြန်ဆုံးလုပ်ဆောင်မှုတွေ လုပ်ပေးနိုင်တဲ့ App တစ်ခုဖြစ်ပြီး Exposure ကိုလည်း မတူညီတဲ့ အမြင်များစွာနဲ့ ရွေးချယ်နိုင်ပါမယ်။ ဓာတ်ပုံတွေကို ပြုပြင်ရာမှာလည်း လွယ်ကူတဲ့နည်းလမ်းတွေ ပါဝင်ပြီးနည်းပညာနဲ့ ယဉ်ပါးမှုမရှိရင်တောင်မှပဲ ကောင်း ကောင်းသုံးစွဲနိုင်ပါတယ်။ HDR နဲ့ ပတ်သတ်တဲ့ Effect ပေါင်းမြောက်မြားစွာ ပါဝင်ပြီးရွေးချယ် သုံးစွဲနိုင်ပါတယ်။

သုံးသပ်ချက်

ဒီ App မှာပါတဲ့ အချို့သော လုပ်ဆောင်ချက်တွေက High Contrast ဓာတ်ပုံတွေကို ဖြစ်ပေါ်စေတယ်ဆိုပေမယ့် အခြားသော HDR Apps တွေထက်တော့ ပိုကောင်းတာတွေ့ရပါတယ်။

Simply HDR

Android ဖုန်းတွေနဲ့ကော iPhone တွေမှာပါ သုံးနိုင်အောင် ထုတ်ပေးထားတဲ့ HDR App တစ်ခုပဲဖြစ်ပါတယ်။ ဓာတ်ပုံတွေရဲ့ ရုပ် ထွက်တွေကို လုံးဝပြောင်းလဲသွားနိုင်အောင် ဖန်တီးပေးနိုင်မယ့် App တစ်ခုဖြစ်ပြီး ရွေးချယ်သုံးစွဲသင့်တဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို App ထဲကိုထည့်လိုက်တာနဲ့ ဓာတ်ပုံတွေရဲ့ Contrast တွေ အလင်းအမှောင်တွေကို အလိုအလျောက် ချိန်ညှိပေးပြီး HDR ဓာတ်ပုံတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ လိုချင်တဲ့ ဓာတ်ပုံပုံစံတွေ ရရှိအောင်လည်း ချိန်ညှိသုံးစွဲနိုင်တဲ့ Effect တွေ များစွာ ပါဝင်ပါတယ်။

သုံးသပ်ချက်

အချို့သော ဓာတ်ပုံတွေကိုချိန်ညှိတဲ့ စနစ်တွေကြောင့် ထွက်ပေါ် လာတဲ့ ဓာတ်ပုံရုပ်ထွက်ဟာ အံ့သြစရာဖြစ်ရပါတယ်။ ဒါပေမဲ့ အချို့ Contrast တွေနဲ့ Tools တွေရဲ့ Design သိပ်မကောင်းတာ တွေ့ရပါတယ်။

Camera HDR Studio

Camera HDR Studio ဟာ HDR ဓာတ်ပုံကောင်းကောင်းတွေကို ရရှိနိုင်ဖို့အတွက် HDR algorithm နည်းပညာကိုသုံးစွဲပြီး HDR ဓာတ်ပုံအစစ်အမှန်တွေကို ထုတ်ပေးမှာပဲ ဖြစ်ပါတယ်။ HDR camera App ဟာ သုံးစွဲရတာလွယ်ကူပြီး အလိုအလျောက် ဓာတ်ပုံတွေကို ပြုပြင်ပေးမှာ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

App မှာ ပါဝင်တဲ့ လုပ်ဆောင်မှုတွေက HDR Mode ၉ ခုနဲ့ အထက်ပါဝင်ပြီး Effect ပေါင်း ၅၀ နဲ့ အနုပညာမြောက်တဲ့ Effect ပေါင်း ၁၂ ခုလောက် ပါဝင်တာကိုတွေ့ရပါတယ်။ တစ်စက္ကန့်မှာဓာတ်ပုံ ၃၀ လောက်ကို မြန်မြန်ရိုက်ကူးနိုင်တဲ့ Super fast speed နည်းပညာကိုလည်း ပေါင်းစပ်ထည့်ပေးထားပါတယ်။

သုံးသပ်ချက်

ဒီ App ဟာ Photo Filter တွေမပါဝင်တဲ့ Stream Line App တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံမှာ processing လုပ်နေရင်း app က crash ဖြစ်ပြီး ပိတ်သွားတတ်ပါတယ်။

-စည်သူ