မိုဘိုင္းဖုန္းကင္မရာေတြမွာ ဘယ္လိုပစၥည္းေတြ တပ္ဆင္ အသံုးျပဳမလဲ

မိုဘိုင္းဖုန္းေတြမွာ အခုဆိုရင္ ကင္မရာကပိုမိုၿပီး အဓိကက်တဲ့ ေနရာကို ေရာက္လာတာကို ေတြ႕ရပါတယ္။ အရင္က မိုဘိုင္းဖုန္းကို အင္တာနက္သံုး႐ံု၊ ဖုန္းေျပာ႐ံုေလာက္ သံုးၾကေပမယ့္ ေနာက္ပိုင္းမွာ ဖုန္းကုမၸဏီေတြကလည္း ကင္မရာေတြ ပိုေကာင္းေအာင္ ဖန္တီး လာၾကပါတယ္။ လူတိုင္းဟာ ကိုယ္တစ္ေနရာကုိ သြားၿပီဆိုတာနဲ႔ ကင္မရာထက္ မိုဘိုင္းဖုန္းကိုယူသြားေလ့ ရွိၾကပါတယ္။ ဒါေၾကာင့္ မိုဘိုင္းဖုန္းမွာပါတဲ့ ကင္မရာနဲ႔ပဲ ဓာတ္ပံုေတြကို မွတ္တမ္းတင္ၾကၿပီး အေကာင္းဆံုး ဓာတ္ပံုေတြထြက္ေအာင္ ဖန္တီး႐ိုက္ကူးၾကပါတယ္။
မိုဘိုင္းဖုန္းရဲ႕ ကင္မရာ အေကာင္းအဆိုးေပၚ မူတည္ၿပီး ကိုယ္႐ိုက္ကူးလိုက္တဲ့ ဓာတ္ပံုေတြကလည္း ေကာင္းမြန္သြားတတ္ၾကပါတယ္။ အဲဒါအျပင္ကိုမွ အခ်ိဳ႕မိုဘိုင္းဖုန္းနဲ႔ ဓာတ္ပံု႐ိုက္တဲ့ ဝါသနာအိုးေတြက DSLR ကင္မရာေတြမွလိုဘဲ မိုဘိုင္းဖုန္းကို Lens ေတြ တပ္ဆင္ၿပီး ႐ိုက္ကူးခ်င္ၾကပါတယ္။ အဲဒီအာသီသကို ျဖည့္ဆည္းေပးဖို႔ မိုဘိုင္းဖုန္းမွာ တပ္ဆင္သံုးႏိုင္တဲ့ Lens ေတြကို အၿပိဳင္အဆုိင္ ဖန္တီးၿပီး ေစ်းကြက္ထဲကို တင္ပို႔ၾကပါတယ္။ အဲဒီအထဲမွာ ေကာင္းတာေတြလည္း ရွိသလို စိတ္ေက်နပ္ေအာင္ သံုးစြဲလို႔ မေကာင္းတာေတြလည္း ရွိတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္မို႔ အခုေဆာင္းပါး Lens ေတြရဲ႕ အေၾကာင္းနဲ႔ ေကာင္းမြန္ၿပီး လူသံုးမ်ားတဲ့ မိုဘိုင္းဖုန္း Lens ေတြအေၾကာင္းကို ေရးသားသြားမွာ ျဖစ္ပါတယ္။

Micro, Wide Angle Fish Eye နဲ႔ Telephoto

Camera အသံုးျပဳၾကတဲ့အခါမွာ Professional ကင္မရာ သမားတစ္ေယာက္ပဲျဖစ္ျဖစ္၊ ႐ုပ္ရွင္ကင္မရာ သမားတစ္ေယာက္ပဲျဖစ္ျဖစ္ သူတို႔ေတြက ႐ုပ္ပံုေကာင္းေကာင္းေတြ၊ ဖန္တီးမႈေကာင္းေကာင္းေတြ လုပ္ႏုိင္ဖို႔အတြက္ဆိုရင္ေတာ့ မရွိမျဖစ္ အေပၚက ေခါင္းစဥ္မွာ ေဖာ္ျပခဲ့တဲ့ Micro, Wide Angle, Fish Eye နဲ႔ Telephoto ေတြကို တစ္ေနရာမွာ မဟုတ္တစ္ေနရာမွာ လိုအပ္မွာပဲ ျဖစ္ပါတယ္။ အဲလိုပဲ အခုေနာက္ပိုင္းမွာဆိုရင္ မိုဘိုင္းဖုန္းကင္မရာ ႐ူးသြပ္သူေတြကသူတို႔ရဲ႕ ကင္မရာေတြကို အဆင့္ျမႇင့္တင္ဖို႔အတြက္ ကင္မရာမွာ Lens ထပ္ တပ္ဆင္တဲ့အခါ အဲလို Lens ေတြကိုပဲ ဝယ္ယူတပ္ဆင္ၾကပါတယ္။ တပ္ဆင္ၿပီး ႐ိုက္ကူးၾကတဲ့အခါမွာလည္း မ်ားျပားလွတဲ့ ဓာတ္ပံု idea ေတြမွာ အေထာက္အကူ ေကာင္းေကာင္းျဖစ္တာေၾကာင့္ သံုးစြဲသူေတြကလည္း မ်ားျပားၾကတာကို ေတြ႕ရပါတယ္။ ေအာက္မွာကေတာ့ ဘယ္ Lens က ဘယ္လို သံုးတယ္ဆိုတာကို ဆက္ေျပာျပသြားပါမယ္။

The Zoom (Telephoto)

Telephoto lens ဆိုတာကေတာ့ မိုဘိုင္းဖုန္းမွာ ပါဝင္တဲ့ ကင္မရာထက္ Focal Length ကို ပိုမိုရွည္လ်ားေအာင္ တပ္ဆင္ ႐ိုက္ကူးၾကေနရာမွာ သံုးပါတယ္။ ကင္မရာပါဝင္တဲ့ ျမင္ကြင္းက်ယ္ျပန္႔မႈေတြကို ေလွ်ာ့ ခ်ေပးၿပီး ကိုယ္႐ိုက္ခ်င္တဲ့ ဓာတ္ပံုတစ္ခု Subject တစ္ခုကို ေသခ်ာ Focus ထားခ်ိန္ရြယ္ ႐ိုက္ကူးတဲ့ေနရာမွာ ပိုမိုေကာင္းမြန္တာကို ေတြ႕ ရပါလိမ့္မယ္။ ဒီ Lens ေတြကို လူသိ မ်ားတာကေတာ့ Optical Zoom လို႔ လူသိမ်ားၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ Digital ကင္မရာေတြ ေတာ္ေတာ္မ်ားမ်ားမွာ Digital Zoom နဲ႔ Optical Zoom ဆိုတာရွိၿပီး Digital Zoom ဟာ pixel ေတြကို ခ်ဲ႕ယူၿပီး ပံုကိုဆြဲယူလိုက္တဲ့ ပံုစံအမ်ိဳးအစား ျဖစ္ပါတယ္။ Optical Zoom ကေတာ့ Lens ကို အဓိထား လုပ္ေဆာင္တဲ့ သေဘာျဖစ္ပါတယ္။

The Micro

Micro ဆိုတာကေတာ့ အနီးကပ္ကိုအႏုစိတ္ ႐ိုက္ကူးတဲ့ေနရာမွာ တပ္ဆင္အသံုးျပဳတဲ့ Lens အမ်ိဳးအစား ျဖစ္ပါတယ္။ အရင္က လက္ကိုင္အေသးစား Digital ကင္မရာေတြမွာ ပန္းပြင့္ပံုစံသေကၤတနဲ႔ ေဖာ္ျပထားတဲ့ Mode ကိုေျပာင္းလိုက္ရင္ Subject ေတြကို အနီးကပ္ ႐ိုက္ကူးတာေတြမွာ အေထာက္အပံ့ေပးတယ္ဆိုတဲ့ သေဘာမ်ိဳးကို ေတြ႕ရပါတယ္။ အဲလိုပဲ မိုဘိုင္းဖုန္းမွာ ဒီ Micro Lens ကို တပ္ဆင္႐ိုက္လုိက္မယ္ဆိုရင္ ကိုယ္႐ိုက္ခ်င္တဲ့ ေသးငယ္တဲ့ ပစၥည္းေလးေတြ၊ ေသးငယ္တဲ့ အင္းဆက္ေလးေတြ အပင္ေတြ၊ ပန္းပြင့္ေတြကို အနီးကပ္ဆြဲယူ ႐ိုက္ကူးႏိုင္တာကို ေတြ႕ရပါတယ္။

The Fish Eye

Fish Eye ဆိုတာက ငါးမ်က္လံုးဆိုၿပီး ဖတ္လိုက္တာနဲ႔ တန္းသိမွာပါ။ ငါးမ်က္လံုးေလးဟာ အျပင္ဘက္ကို စူထြက္ေနၿပီး သူတို႔မ်က္လံုးေပၚက မွန္ဘီလူးဟာ ခံုးေနတဲ့အတြက္ ပံုရိပ္ေတြက ေကြးေနတာကို ေတြ႕ၾကရပါမယ္။ ငါးကေတာ့ ဘယ္လိုအျမင္ ရွိမလဲမသိေပမယ့္ လူေတြေလ့လာထားတာေတာ့ ပတ္ဝန္းက်င္က ပံုရိပ္ေတြကခုံုးၿပီး ပတ္ဝန္း က်င္ရဲ႕ ေတာ္ေတာ္မ်ားမ်ားကို ျမင္ႏိုင္တာကို ေတြ႕ရပါတယ္။ အဲဒီ Fish Eye Lens ေတြကို DSLR ေတြမွာလည္း တပ္ဆင္သံုးစြဲၾကၿပီးထူး ျခားတဲ့အျမင္ျဖစ္ေအာင္ ႐ိုက္ကူးတဲ့အခါမွာအဲဒီ Lens ကို တပ္ဆင္ အသံုးျပဳၾကပါတယ္။ အဲလိုပဲ မိုဘိုင္းဖုန္းကင္မရာသမားေတြလည္း သူတို႔ စိတ္ဆႏၵေတြအတိုင္း လုပ္ႏုိင္ဖို႔အတြက္ကို Fish eye lens ေတြ လိုအပ္တာေၾကာင့္ ထုတ္လုပ္သူေတြကလည္း တပ္ဆင္သံုး စြဲလို႔ရေအာင္ ဖန္တီးေပးထားျခင္း ျဖစ္ပါတယ္။

Wide Angle Lens

Wide Angle Lens ဆိုတာကေတာ့ ျမင္ကြင္းက်ယ္ အေနအထားကိုရ ႏိုင္ဖို႔အတြက္ တပ္ဆင္အသံုးျပဳရတဲ့ Lens အမ်ိဳးအစားပဲ ျဖစ္ပါတယ္။ အခ်ိဳ႕ဖုန္းေတြမွာ တပ္ဆင္ထားတဲ့ မွန္ဘီလူးက Limit တစ္ခု အေနအထားမွာရွိတာေၾကာင့္ က်ယ္ျပန္႔တဲ့ ျမင္ကြင္းေတြကို ႐ိုက္ကူးဖုိ႔အတြက္ ေကာင္းေကာင္း အေထာက္အပံ့ မေပးထားပါဘူ။ ေနာက္ပိုင္း Flagship ဖုန္းေတြမွာေတာ့ ပိုေကာင္းတဲ့ ကင္မရာ ေတြေၾကာင့္ Wide View ပိုရေအာင္ Hardware နဲ႔ေရာ Software နဲ႔ေရာ ဖန္တီးထားၾကပါတယ္။ ဒါေပမဲ့ အခ်ိဳ႕ ပိုက္ဆံနည္းနည္းနဲ႔ သင့္တင့္တဲ့ ဖုန္းေတြကိုင္ေဆာင္တဲ့ သူေတြအတြက္ကေတာ့ ဒီလို Wide Angle Lens ဟာ လိုအပ္တာကို ေတြ႕ရပါတယ္။ ဒါကလည္း ဓာတ္ပံု ဝါသနာအိုး တစ္ေယာက္ျဖစ္မွ ဒီလို Wide Angle Lens လးေတြတပ္ၿပီး ႐ိုက္ကူးၾကမွာ ျဖစ္ပါတယ္။

႐ိုး႐ိုးမိုဘိုင္းဖုန္း အသံုးျပဳသူ တစ္ေယာက္အေနနဲ႔ကေတာ့ ေတာ္႐ံု Lens ေတြ ဝယ္တတ္ေလ့ မရွိပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ Wide Angle Lens အေၾကာင္းကို ဆက္ေျပာရရင္ Selfie ႐ိုက္တဲ့အခါ လူမ်ားမ်ားပါဖို႔အတြက္ အေရွ႕ဘက္ကင္မရာမွာ တပ္ဆင္႐ိုက္ၾကတယ္။ ေနာက္ၿပီး ႐ႈခင္းလွလွေတြကို ျမင္ကြင္းက်ယ္က်ယ္ရယူဖို႔ အေနာက္ဘက္ ကင္မရာမွာ Lens ကိုတပ္ဆင္ၿပီး ႐ိုက္ကူးၾကပါတယ္။

ေသးငယ္ၿပီး လိုုသလိုုျပင္ႏိုုင္တဲ့ Tripod

ဒီ Tripod ငယ္ကေတာ့ ေသးငယ္ၿပီး ေနရာမ်ိဳးစံုုမွာ ထားႏိုုင္ေအာင္ ဖန္တီးထားတဲ့ Tripod အမ်ိဳးအစားတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဖုုန္းနဲ႔ ဓာတ္ပံုု႐ိုက္ကူးတဲ့ အခါမွာ Selfie ႐ိုက္ကူးတာပဲျဖစ္ျဖစ္ Landscape ေတြ ႐ိုက္ကူးတာပဲျဖစ္ျဖစ္ ျပန္႔ျပဴးတဲ့ေနရာမွာ ထားႏိုုင္သလိုု သစ္ပင္လိုုေနရာ။ တိုုင္ေတြမွာပါ တပ္ဆင္ႏိုုင္ေအာင္ ဖန္တီးထားပါတယ္။ ဒါေၾကာင့္ ဒီ Tripod ဟာ သယ္ယူရလြယ္ကူၿပီး အလြန္အသံုုးဝင္တဲ့ Tripod အမ်ိဳးအစားပဲ ျဖစ္ပါတယ္။

Full-Size Camera Tripod

DSLR ကင္မရာေတြမွာ သံုုးစြဲတဲ့ Tripod ပဲျဖစ္ပါတယ္။ Mobile ဖုုန္းနဲ႔ အသံုုးျပဳႏိုုင္ေအာင္ ျပင္ဆင္ၿပီးလည္း သံုုးစြဲႏိုုင္ပါတယ္။ နဂိုုရွိၿပီးသား Digital ကင္မရာေတြမွာ သံုုးစြဲတဲ့ Tripod ကိုုပဲ ျပင္ဆင္ၿပီးသံုုးစြဲႏိုုင္ပါတယ္။ Tripod မွာပါဝင္တဲ့ စကူေနရာမွာ Selfie Stick ေတြမွာ ပါဝင္တဲ့ဖုုန္းကိုု ညႇပ္တဲ့ကလစ္ကိုု တပ္ဆင္ၿပီး မိုုဘိုုင္းဖုုန္းနဲ႔ ဓာတ္ပံုု႐ိုက္ကူးႏိုုင္မွာ ျဖစ္ပါတယ္။ Landscape ႐ိုက္ကူးတာပဲျဖစ္ျဖစ္၊ အိမ္မွာအေပ်ာ္ ႐ိုက္ကူးတာပဲျဖစ္ျဖစ္ အလြန္အသံုုးဝင္တဲ့ tripod အမ်ိဳးအစားပဲ ျဖစ္ပါတယ္။ ဓာတ္ပံုုသမား ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲဒီ Tripod ကိုု သံုုးစြဲၾကတာ မ်ားပါတယ္။

-စည္သူ

[ Unicode ]

မိုဘိုင်းဖုန်းတွေမှာ အခုဆိုရင် ကင်မရာကပိုမိုပြီး အဓိကကျတဲ့ နေရာကို ရောက်လာတာကို တွေ့ရပါတယ်။ အရင်က မိုဘိုင်းဖုန်းကို အင်တာနက်သုံးရုံ၊ ဖုန်းပြောရုံလောက် သုံးကြပေမယ့် နောက်ပိုင်းမှာ ဖုန်းကုမ္ပဏီတွေကလည်း ကင်မရာတွေ ပိုကောင်းအောင် ဖန်တီး လာကြပါတယ်။ လူတိုင်းဟာ ကိုယ်တစ်နေရာကို သွားပြီဆိုတာနဲ့ ကင်မရာထက် မိုဘိုင်းဖုန်းကိုယူသွားလေ့ ရှိကြပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းမှာပါတဲ့ ကင်မရာနဲ့ပဲ ဓာတ်ပုံတွေကို မှတ်တမ်းတင်ကြပြီး အကောင်းဆုံး ဓာတ်ပုံတွေထွက်အောင် ဖန်တီးရိုက်ကူးကြပါတယ်။
မိုဘိုင်းဖုန်းရဲ့ ကင်မရာ အကောင်းအဆိုးပေါ် မူတည်ပြီး ကိုယ်ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကလည်း ကောင်းမွန်သွားတတ်ကြပါတယ်။ အဲဒါအပြင်ကိုမှ အချို့မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ ဝါသနာအိုးတွေက DSLR ကင်မရာတွေမှလိုဘဲ မိုဘိုင်းဖုန်းကို Lens တွေ တပ်ဆင်ပြီး ရိုက်ကူးချင်ကြပါတယ်။ အဲဒီအာသီသကို ဖြည့်ဆည်းပေးဖို့ မိုဘိုင်းဖုန်းမှာ တပ်ဆင်သုံးနိုင်တဲ့ Lens တွေကို အပြိုင်အဆိုင် ဖန်တီးပြီး စျေးကွက်ထဲကို တင်ပို့ကြပါတယ်။ အဲဒီအထဲမှာ ကောင်းတာတွေလည်း ရှိသလို စိတ်ကျေနပ်အောင် သုံးစွဲလို့ မကောင်းတာတွေလည်း ရှိတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ အခုဆောင်းပါး Lens တွေရဲ့ အကြောင်းနဲ့ ကောင်းမွန်ပြီး လူသုံးများတဲ့ မိုဘိုင်းဖုန်း Lens တွေအကြောင်းကို ရေးသားသွားမှာ ဖြစ်ပါတယ်။

Micro, Wide Angle Fish Eye နဲ့ Telephoto

Camera အသုံးပြုကြတဲ့အခါမှာ Professional ကင်မရာ သမားတစ်ယောက်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကင်မရာ သမားတစ်ယောက်ပဲဖြစ်ဖြစ် သူတို့တွေက ရုပ်ပုံကောင်းကောင်းတွေ၊ ဖန်တီးမှုကောင်းကောင်းတွေ လုပ်နိုင်ဖို့အတွက်ဆိုရင်တော့ မရှိမဖြစ် အပေါ်က ခေါင်းစဉ်မှာ ဖော်ပြခဲ့တဲ့ Micro, Wide Angle, Fish Eye နဲ့ Telephoto တွေကို တစ်နေရာမှာ မဟုတ်တစ်နေရာမှာ လိုအပ်မှာပဲ ဖြစ်ပါတယ်။ အဲလိုပဲ အခုနောက်ပိုင်းမှာဆိုရင် မိုဘိုင်းဖုန်းကင်မရာ ရူးသွပ်သူတွေကသူတို့ရဲ့ ကင်မရာတွေကို အဆင့်မြှင့်တင်ဖို့အတွက် ကင်မရာမှာ Lens ထပ် တပ်ဆင်တဲ့အခါ အဲလို Lens တွေကိုပဲ ဝယ်ယူတပ်ဆင်ကြပါတယ်။ တပ်ဆင်ပြီး ရိုက်ကူးကြတဲ့အခါမှာလည်း များပြားလှတဲ့ ဓာတ်ပုံ idea တွေမှာ အထောက်အကူ ကောင်းကောင်းဖြစ်တာကြောင့် သုံးစွဲသူတွေကလည်း များပြားကြတာကို တွေ့ရပါတယ်။ အောက်မှာကတော့ ဘယ် Lens က ဘယ်လို သုံးတယ်ဆိုတာကို ဆက်ပြောပြသွားပါမယ်။

The Zoom (Telephoto)

Telephoto lens ဆိုတာကတော့ မိုဘိုင်းဖုန်းမှာ ပါဝင်တဲ့ ကင်မရာထက် Focal Length ကို ပိုမိုရှည်လျားအောင် တပ်ဆင် ရိုက်ကူးကြနေရာမှာ သုံးပါတယ်။ ကင်မရာပါဝင်တဲ့ မြင်ကွင်းကျယ်ပြန့်မှုတွေကို လျှော့ ချပေးပြီး ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံတစ်ခု Subject တစ်ခုကို သေချာ Focus ထားချိန်ရွယ် ရိုက်ကူးတဲ့နေရာမှာ ပိုမိုကောင်းမွန်တာကို တွေ့ ရပါလိမ့်မယ်။ ဒီ Lens တွေကို လူသိ များတာကတော့ Optical Zoom လို့ လူသိများကြပါတယ်။ ဘာလို့လဲဆိုတော့ Digital ကင်မရာတွေ တော်တော်များများမှာ Digital Zoom နဲ့ Optical Zoom ဆိုတာရှိပြီး Digital Zoom ဟာ pixel တွေကို ချဲ့ယူပြီး ပုံကိုဆွဲယူလိုက်တဲ့ ပုံစံအမျိုးအစား ဖြစ်ပါတယ်။ Optical Zoom ကတော့ Lens ကို အဓိထား လုပ်ဆောင်တဲ့ သဘောဖြစ်ပါတယ်။

The Micro

Micro ဆိုတာကတော့ အနီးကပ်ကိုအနုစိတ် ရိုက်ကူးတဲ့နေရာမှာ တပ်ဆင်အသုံးပြုတဲ့ Lens အမျိုးအစား ဖြစ်ပါတယ်။ အရင်က လက်ကိုင်အသေးစား Digital ကင်မရာတွေမှာ ပန်းပွင့်ပုံစံသင်္ကေတနဲ့ ဖော်ပြထားတဲ့ Mode ကိုပြောင်းလိုက်ရင် Subject တွေကို အနီးကပ် ရိုက်ကူးတာတွေမှာ အထောက်အပံ့ပေးတယ်ဆိုတဲ့ သဘောမျိုးကို တွေ့ရပါတယ်။ အဲလိုပဲ မိုဘိုင်းဖုန်းမှာ ဒီ Micro Lens ကို တပ်ဆင်ရိုက်လိုက်မယ်ဆိုရင် ကိုယ်ရိုက်ချင်တဲ့ သေးငယ်တဲ့ ပစ္စည်းလေးတွေ၊ သေးငယ်တဲ့ အင်းဆက်လေးတွေ အပင်တွေ၊ ပန်းပွင့်တွေကို အနီးကပ်ဆွဲယူ ရိုက်ကူးနိုင်တာကို တွေ့ရပါတယ်။

The Fish Eye

Fish Eye ဆိုတာက ငါးမျက်လုံးဆိုပြီး ဖတ်လိုက်တာနဲ့ တန်းသိမှာပါ။ ငါးမျက်လုံးလေးဟာ အပြင်ဘက်ကို စူထွက်နေပြီး သူတို့မျက်လုံးပေါ်က မှန်ဘီလူးဟာ ခုံးနေတဲ့အတွက် ပုံရိပ်တွေက ကွေးနေတာကို တွေ့ကြရပါမယ်။ ငါးကတော့ ဘယ်လိုအမြင် ရှိမလဲမသိပေမယ့် လူတွေလေ့လာထားတာတော့ ပတ်ဝန်းကျင်က ပုံရိပ်တွေကခုုံးပြီး ပတ်ဝန်း ကျင်ရဲ့ တော်တော်များများကို မြင်နိုင်တာကို တွေ့ရပါတယ်။ အဲဒီ Fish Eye Lens တွေကို DSLR တွေမှာလည်း တပ်ဆင်သုံးစွဲကြပြီးထူး ခြားတဲ့အမြင်ဖြစ်အောင် ရိုက်ကူးတဲ့အခါမှာအဲဒီ Lens ကို တပ်ဆင် အသုံးပြုကြပါတယ်။ အဲလိုပဲ မိုဘိုင်းဖုန်းကင်မရာသမားတွေလည်း သူတို့ စိတ်ဆန္ဒတွေအတိုင်း လုပ်နိုင်ဖို့အတွက်ကို Fish eye lens တွေ လိုအပ်တာကြောင့် ထုတ်လုပ်သူတွေကလည်း တပ်ဆင်သုံး စွဲလို့ရအောင် ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။

Wide Angle Lens

Wide Angle Lens ဆိုတာကတော့ မြင်ကွင်းကျယ် အနေအထားကိုရ နိုင်ဖို့အတွက် တပ်ဆင်အသုံးပြုရတဲ့ Lens အမျိုးအစားပဲ ဖြစ်ပါတယ်။ အချို့ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ မှန်ဘီလူးက Limit တစ်ခု အနေအထားမှာရှိတာကြောင့် ကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ရိုက်ကူးဖို့အတွက် ကောင်းကောင်း အထောက်အပံ့ မပေးထားပါဘူ။ နောက်ပိုင်း Flagship ဖုန်းတွေမှာတော့ ပိုကောင်းတဲ့ ကင်မရာ တွေကြောင့် Wide View ပိုရအောင် Hardware နဲ့ရော Software နဲ့ရော ဖန်တီးထားကြပါတယ်။ ဒါပေမဲ့ အချို့ ပိုက်ဆံနည်းနည်းနဲ့ သင့်တင့်တဲ့ ဖုန်းတွေကိုင်ဆောင်တဲ့ သူတွေအတွက်ကတော့ ဒီလို Wide Angle Lens ဟာ လိုအပ်တာကို တွေ့ရပါတယ်။ ဒါကလည်း ဓာတ်ပုံ ဝါသနာအိုး တစ်ယောက်ဖြစ်မှ ဒီလို Wide Angle Lens လးတွေတပ်ပြီး ရိုက်ကူးကြမှာ ဖြစ်ပါတယ်။

ရိုးရိုးမိုဘိုင်းဖုန်း အသုံးပြုသူ တစ်ယောက်အနေနဲ့ကတော့ တော်ရုံ Lens တွေ ဝယ်တတ်လေ့ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Wide Angle Lens အကြောင်းကို ဆက်ပြောရရင် Selfie ရိုက်တဲ့အခါ လူများများပါဖို့အတွက် အရှေ့ဘက်ကင်မရာမှာ တပ်ဆင်ရိုက်ကြတယ်။ နောက်ပြီး ရှုခင်းလှလှတွေကို မြင်ကွင်းကျယ်ကျယ်ရယူဖို့ အနောက်ဘက် ကင်မရာမှာ Lens ကိုတပ်ဆင်ပြီး ရိုက်ကူးကြပါတယ်။

သေးငယ်ပြီး လိုုသလိုုပြင်နိုုင်တဲ့ Tripod

ဒီ Tripod ငယ်ကတော့ သေးငယ်ပြီး နေရာမျိုးစုံုမှာ ထားနိုုင်အောင် ဖန်တီးထားတဲ့ Tripod အမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖုုန်းနဲ့ ဓာတ်ပုံုရိုက်ကူးတဲ့ အခါမှာ Selfie ရိုက်ကူးတာပဲဖြစ်ဖြစ် Landscape တွေ ရိုက်ကူးတာပဲဖြစ်ဖြစ် ပြန့်ပြူးတဲ့နေရာမှာ ထားနိုုင်သလိုု သစ်ပင်လိုုနေရာ။ တိုုင်တွေမှာပါ တပ်ဆင်နိုုင်အောင် ဖန်တီးထားပါတယ်။ ဒါကြောင့် ဒီ Tripod ဟာ သယ်ယူရလွယ်ကူပြီး အလွန်အသုံုးဝင်တဲ့ Tripod အမျိုးအစားပဲ ဖြစ်ပါတယ်။

Full-Size Camera Tripod

DSLR ကင်မရာတွေမှာ သုံုးစွဲတဲ့ Tripod ပဲဖြစ်ပါတယ်။ Mobile ဖုုန်းနဲ့ အသုံုးပြုနိုုင်အောင် ပြင်ဆင်ပြီးလည်း သုံုးစွဲနိုုင်ပါတယ်။ နဂိုုရှိပြီးသား Digital ကင်မရာတွေမှာ သုံုးစွဲတဲ့ Tripod ကိုုပဲ ပြင်ဆင်ပြီးသုံုးစွဲနိုုင်ပါတယ်။ Tripod မှာပါဝင်တဲ့ စကူနေရာမှာ Selfie Stick တွေမှာ ပါဝင်တဲ့ဖုုန်းကိုု ညှပ်တဲ့ကလစ်ကိုု တပ်ဆင်ပြီး မိုုဘိုုင်းဖုုန်းနဲ့ ဓာတ်ပုံုရိုက်ကူးနိုုင်မှာ ဖြစ်ပါတယ်။ Landscape ရိုက်ကူးတာပဲဖြစ်ဖြစ်၊ အိမ်မှာအပျော် ရိုက်ကူးတာပဲဖြစ်ဖြစ် အလွန်အသုံုးဝင်တဲ့ tripod အမျိုးအစားပဲ ဖြစ်ပါတယ်။ ဓာတ်ပုံုသမား တော်တော်များများကတော့ အဲဒီ Tripod ကိုု သုံုးစွဲကြတာ များပါတယ်။

-စည်သူ